တရားဥပဒေ စိုးမိုးရေးကို ဦးစားပေးမယ့် နေရယ် လရယ် အမှန် တရားရယ် -၂ အကြောင်းအကယ်ဒမီဆွေဇင်ထိုက်ပြောပြ

0
140

အပိုင်း ၁ မှာကတည်းက အောင်မြင်ခဲ့တဲ့ ‘နေရယ် လရယ် အမှန် တရားရယ်’ ရုပ်သံစီးရီးအပိုင်း-၂ ကို လာမယ့် စက်တင်ဘာလ ၅ ရက်နေ့ မှာ MRTV ရုပ်သံလိုင်းမှာ စတင်ပြသတော့ မယ်လို့ ဒေါ်ဆွေဇင်ထိုက်က ပြောပါတယ်။

“Season 1 တုန်းကတော့ ကျွန်မတို့က ၂ဝ၁၅ ခုနှစ် ရွေးကောက် ပွဲကို ရည်မှန်းပြီးတော့ ရွေးကောက်ပွဲပညာပေးအနေနဲ့ ၁ဝ ပိုင်း လွှင့်ခဲ့ ပါတယ်။ အခုတစ်ခေါက်ကတော့ တရားဥပဒေစိုးမိုးရေးကို ဦးစားပေးရ မယ်ဆိုပြီးတော့ လူအများသိအောင်လို့ ကျွန်မတို့ မြေယာမှုအကြောင်း ပါမယ်။ သက်ငယ်မုဒိန်း အကြောင်းပါတယ်။ လူကုန်ကူးမှုအကြောင်းပါ တယ်။ Issue 5 ခုပါပါတယ်။ နောက် Season 3 ကိုလည်း စိတ်ကူးနေ တာပေါ့နော်။ Season 3 ကိုတော့ ကျွန်မ အဂတိလိုက်စားခြင်းဆိုတဲ့ Direction ကို ပြောမယ်လို့ စိတ်ကူးနေပါတယ်” လို့ သူကဆိုပါတယ်။

‘နေရယ် လရယ် အမှန်တရားရယ်’ ရုပ်သံစီးရီးရဲ့ အပိုင်း ၂ ပိုင်း စလုံးကို ဒါရိုက်တာ အောင်ကိုလတ်က တာဝန်ယူရိုက်ကူးထားတာ ဖြစ်ပြီး Art Director ကတော့ ဒေါ်ဆွေဇင်ထိုက်ပဲဖြစ်ပါတယ်။ အခုလာမယ့် ဒုတိယအပိုင်းက ဘယ်လိုထိမိတဲ့ အကြောင်းအရာ တွေနဲ့ ပရိသတ်ပြည်သူတွေရဲ့ လက်တွေ့ဘဝတွေကို ထင်ဟပ် စေမလဲလို့ဆိုတော့ –

“ပထမ Season 1တုန်းကတော့ လန်ဒန်က ရှေ့နေကြီးတစ်ယောက်နဲ့ ဇာတ်ညွှန်းရေးဆရာ တစ် ယောက် သူတို့ ၂ယောက်ကနေ ပြီးတော့ ရေးတဲ့ဇာတ်လမ်း ပေါ့။ အဲဒီဇာတ်လမ်းကိုမှ ကျွန်မတို့က Dialog တွေ ထည့်တဲ့အလုပ်ပဲ လုပ်တာပေါ့နော်။ အခု Season 2 မှာတော့ ဇာတ်ညွှန်းရေးဆရာနဲ့ ရှေ့နေကြီးက Idea ပဲပေးတာပေါ့နော်။ ကျွန်မတို့က ဒီမှာအခြေအနေတွေကို ထည့်တယ်။ Yangon Film School ကကလေးတွေနဲ့ သူတို့ရဲ့ Supervisor အောက်မှာ Team အလိုက် ဇာတ် ညွှန်းရေးတတ်ဖို့ နည်းလမ်းတစ်ခုကို လုပ်ပါတယ်။ အဲဒီက နေထွက်လာတဲ့ ဇာတ်ညွှန်းကိုပဲ ကျွန်မတို့ ရိုက်ကူးတာဖြစ်ပါ တယ်။ ဒါကြောင့်မို့လို့ အခု Season 2ရဲ့ ဇာတ်ညွှန်းဟာ ပိုပြီးတော့ မြန်မာဆန်တယ်လို့ ပြောရမှာပါ” လို့ ဒေါ်ဆွေဇင် ထိုက်ကပြောပြခဲ့ပါတယ်။

မျိုးမောင်၊

ဓာတ်ပုံ-အောင်ဇော်မင်း


LEAVE A REPLY

Please enter your comment!
Please enter your name here