2018 Asia Artist Awardsမှာအစီအစဉ်တင်ဆက်သူများ အဖြစ်ပါဝင်မယ့် Leeteuk နဲ့Lee Sung Kyung

0
142

Asia Artist Awards (AAA) ပွဲကို နှစ်စဉ်နှစ်တိုင်း ကိုရီး ယား စီးပွားရေးသတင်းစာတိုက် Money Today မှာစီစဉ်ကျင်းပပြီး StarNews နဲ့ MNT တို့မှာ ၂ဝ၁၆ ခုနှစ်မှာ ပြသခဲ့ ပါတယ်။

နှစ်စဉ် တိုင်းရုပ်ရှင်ပိုင်းနဲ့ ဂီတပိုင်း တို့မှာ ထူးချွန်သူများကို ဆု ချီးမြှင့်လေ့ရှိပါတယ်။ ၂ဝ၁၆ ခုနှစ်တုန်းက ဆိုးလ်ရှိ Kyung Hee University ရဲ့ ခန်းမဆောင်မှာကျင်းပ ခဲ့ပြီး အာရှရဲ့ရုပ်သံလိုင်းတော်တော် များ များမှာတိုက်ရိုက်ပြသခဲ့ပါတယ်။

၂ဝ၁၈ ခုနှစ်မှာ Namdong Gymnasium မှာကျင်းပ မှာဖြစ်ပြီး မင်းသား Leeteuk နဲ့ မင်းသမီး Lee Sung Kyung တို့က တင် ဆက်သူများအဖြစ် ပါဝင်မှာပါ။

၂ဝ၁၆ ခုနှစ် မှ ၂ဝ၁၈ ခုနှစ်အထိ ၃ နှစ်စလုံး မင်းသား Leeteuk ဟာ Asia Artist Awards မှာ အမျိုးသားအစီအစဉ်တင်ဆက်သူအဖြစ်ပါဝင်ခဲ့တယ်လို့ သိရပါတယ်။

နိုဝင်ဘာ ၂၈ ရက်မှာ တိုက်ရိုက် ထုတ်လွှင့်ပြသမယ့် Asia Artist Awards ကို စောင့်ကြည့်ဖို့ မမေ့နဲ့နော်။


LEAVE A REPLY

Please enter your comment!
Please enter your name here