Masquerade ဇာတ်လမ်းတွဲမှာ အဓိက ဇာတ်ဆောင်တွေအဖြစ် ပါဝင်မယ့် Yoo Jin Goo နဲLee Se Young

0
131

tvN ရဲ့ ဇာတ်လမ်းတွဲသစ် Masquerade ဇာတ်ကားမှာ မင်းသား Yoo Jin Goo က ဘုရင်နှင့် လူရွှင်တော် ကာ ရိုက်တာ ၂ မျိုးဖြင့် ပါဝင်သရုပ်ဆောင် မှာ ဖြစ်ပြီး မင်းသမီး Lee Se Young က တော့ မင်းသမီး တစ် ပါး အဖြစ်ပါဝင်မှာပါ။

ဇာတ်လမ်းတွဲအရ ဘုရင်ဟာ ရန်သူတွေရဲ့ လိုက်လံသတ်ဖြတ်မှု ကြောင့် အမြဲကြောက်ရွံ့နေရပြီး မိသားစုဝင်တွေခွဲခွာကာ အဝေးတစ် နေရာမှာ အစောင့်အရှောက်တွေနဲ့ နေနေကြရပါတယ်။

တစ်နေ့မှာတော့ သူဟာ သူ့ရဲ့ ဝါသနာအစစ်ကို ရှာဖွေတွေ့ရှိပြီး လူ ရွှင်တော်အဖြစ် စတင်လုပ်ကိုင်ခဲ့ကာ မင်းသမီးနဲ့ ချစ်ကျွမ်းဝင်ခဲ့ပါတယ်။မင်းသား Yoo Jin Goo နဲ့ မင်းသမီး Lee Se Youngတို့ ပါဝင်တဲ့ Masquerade ဇာတ်လမ်းတွဲကို ၂ဝ၁၉ နှစ်ဦးပိုင်းမှာ ပြသသွားမယ်လို့ သိရပါတယ်။


LEAVE A REPLY

Please enter your comment!
Please enter your name here