သားဦးရတနာလေး အကြောင်းအကယ်ဒမီမြင့်မြတ်ပြောပြ

0
160

အနုပညာလောကမှာ ကာရိုက် တာပေါင်းစုံ၊ အိုက်တင်မျိုးစုံကို ပီပြင် အောင် သရုပ်ဆောင်နိုင်ပြီး ပရိသတ် ကြီးရဲ့ အချစ်တွေကိုသာမက အနုပ ညာရှင်အချင်းချင်းရဲ့ အချစ်တွေကို ပါ ရရှိထားသူကတော့ သရုပ်ဆောင် မြင့်မြတ်ပဲ ဖြစ်ပါတယ်။ မကြာသေး ခင်ကမှလည်း ပူပူနွေးနွေးသားဦးရ တနာလေးကို ပိုင်ဆိုင်ထားတယ်။ အနုပညာအလုပ်တွေလည်း ဆက် တိုက်လုပ်ကိုင်နေဆဲဆိုတော့ မိသား စုနဲ့ အနုပညာအလုပ်ကို အချိန် ဘယ်လိုတွေမျှပေးဖြစ်လဲ၊ သားလေး အပေါ်ကိုရော ဘယ်လိုရည်မှန်းချက် တွေ ထားလဲဆိုတာကို မြင့်မြတ်က…

“ကလေးနဲ့ပတ်သက်ပြီး ထွေ ထွေထူးထူးတော့ ကျွန်တော်လုပ်ပေး စရာ မလိုဘူး။ အဓိကကတော့ မိန်း မပေါ့။ သူပဲဦးစီးပြီး လုပ်ပေးနေတာ။ အလုပ်က သတ်သတ်၊ ကလေးက တော့ ကလေးသတ်သတ်။ ရည်မှန်း ချက်ကတော့ သူ့အပေါ်ပဲ မူတည် တာပေါ့။ သူဘာဖြစ်ချင်လဲ၊ သူဘာ လုပ်ချင်လဲ ကျွန်တော်တို့က အ ကောင်းဆုံး ပံ့ပိုးဖြစ်မှာပါ”လို့ မြင့် မြတ်က ပြောပါတယ်။

မြင့်မြတ်က သူငယ်ချင်းတွေ၊ မိတ်ဆွေတွေကိုလည်း အလွန်ချစ် တတ်၊ ခင်တတ်သူတစ်ယောက် ဖြစ် ပါတယ်။ ‘လူကြမ်းတစ်ယောက်ရဲ့ ဒိုင်ယာရီ’ ရုပ်ရှင်ဇာတ်ကား လက် မှတ်ထိုးပွဲမှာလည်း ပရိသတ်တွေနဲ့ ရင်းရင်းနှီးနှီးတွေ့ဆုံခဲ့ပါသေးတယ်။ အဆိုပါရုပ်ရှင်ဇာတ်ကားနဲ့ ပတ်သက် ပြီးလည်း….

“ဒီဇာတ်ကားက တအား ကောင်းပါတယ်။ အခုနောက်ပိုင်း အက်ရှင်ဇာတ်ကားတွေ ခေတ်စား တဲ့ အချိန်မှာ ဒီဇာတ်ကားကလည်း တအားကောင်းတဲ့ အက်ရှင်ဇာတ် ကားကောင်းတစ်ကားပါ။ ယုန်လေး နဲ့က အပြင်မှာလည်း တအားရင်းနှီး တယ်။ ညီအစ်ကိုတွေလိုလည်း ဖြစ် နေတယ်။ အဲဒါကြောင့်မို့ ဒီဇာတ် ကားမှာ ကျွန်တော်မပါပေမယ့်လည်း လာပြီးတော့ ဝန်းရံတာပါ။ ကျွန်တော် တို့က ဇာတ်ကားရိုက်ကူးမှ မဟုတ်ဘူး လေ။ ဇာတ်ကားမရိုက်ကူးလည်း အပြင်မှာ တွဲနေ၊ တွေ့နေကြတာဆို တော့ အမှတ်တရတွေမှ အများကြီး ပါ။ ယုန်လေး ဒီဇာတ်ကားကနေစပြီး နောက်ဇာတ်ကားတွေလည်း တောက် လျှောက်အကုန်လုံး အောင်မြင်ပါ စေ” လို့လည်းမြင့်မြတ်ကပြောပါ တယ်။

သူက အခု လတ်တလောမှာ တော့ ဒါရိုက်တာဝင်းထွန်းထွန်း ရိုက် ကူးတဲ့’သစ္စာနန်းတော်’ ဆိုတဲ့ ရုပ်ရှင် ဇာတ်ကားကြီးမှာ ရွှေမှုံရတီ၊ စိုးမြတ် သူဇာတို့နဲ့အတူ လုပ်ငန်းရှင်သူဌေး သား တစ်ယောက်နေရာကနေ ပါဝင် သရုပ်ဆောင်နေတယ်လို့လည်း ပြော ပြခဲ့ပါတယ်။

ခိုင်ဝါဝင်း


LEAVE A REPLY

Please enter your comment!
Please enter your name here