ဇာတ်လမ်းအရရော၊ ကာရိုက်တာအရရော ရင်ခုန်ရမယ့် ဇာတ်ကားမျိုးရိုက်ကူးချင်တယ် ကျော်ကျော်ဗို

0
321

သရုပ်ဆောင်ကျော်ကျော်ဗိုကတော့ လတ်တလောမှာ မြန်မာနဲ့ထိုင်းပေါင်းစပ်ရိုက်ကူးမယ့် Lady Boy ဆိုတဲ့ ရုပ်ရှင်ဇာတ်ကားကြီး ရိုက်ကူးဖို့အတွက် ပြင်ဆင်မှုတွေ ပြုလုပ်နေတယ်လို့ သိရပါတယ်။ ဇာတ်ကားရိုက်ကူးမှုတွေနည်းပါးပြီး Lady Boy ဆိုတဲ့ ရုပ်ရှင်ဇာတ်ကားကြီး မှာပြန်လည်ပါဝင်ရိုက်ကူးဖြစ်တဲ့အပေါ် ကျော်ကျော်ဗိုက

“ကျွန်တော်တို့ ကိုဘိုစန်းနဲ့ ဒီဇာတ်ကားလေးမှာ ပါဝင်ရိုက်ကူးဖို့ ပြောထားတာကြာပြီ။ ကိုဘိုစန်းက ပထမဇာတ်ကားလေး ရိုက်ကူးနေ ရင်းနဲ့ နောက်တစ်ကားဘာရိုက်ကူးကြမလဲ ထိုင်ပြောနေရင်းနဲ့ ဒီဇာတ်ကားလေး အစတည်လာတယ်။ Pre Production တွေ ခဏခဏ လုပ်တယ်။ အခုရိုက်ကူးနေတဲ့အဆင့်ကိုရောက်သွားပြီ။ ဒီဇာတ်ကားလေး ရိုက်ကူးဖို့ လက်ခံဖြစ်တာ ကလည်း ကိုယ်ကိုယ်တိုင် ပါဝင် ပတ်သက်ထားတဲ့ ဇာတ်ကား ဖြစ်နေတယ်။ပြီးတော့ ဒီထဲက ကာရိုက်တာတွေကလည်း ရင်ခုန်ဖို့ကောင်းတယ်။ ရိုက်ကူးမှု ပုံစံကလည်း နိုင်ငံတကာနဲ့ ချိတ်ဆက်ပြီး ရိုက်ကူးရမယ်။ ဆန်းသစ်တဲ့ ပုံစံလေးတွေ ဖန်တီး ထားတာဖြစ်တဲ့အတွက် ရိုက်ကူးဖြစ်တာပါ။ ဒီဇာတ်ကားထဲမှာ ကိုကြံ့ရဲ့ ကာရိုက်တာက ထိုင်းမှာ အခြေချ ထားတယ်။ ထိုင်းမှာနေတယ်။ ဝင်ငွေကောင်းတဲ့ အလုပ်တစ်ခုကိုလုပ် တယ်။ အဲဒီမှာပဲ ရည်းစားရှိတယ်။ ပြင်ဆင်မှုက အဓိကကတော့ ဒိုင်ယာလော့ခ်ပေါ့။ Script ထဲမှာကိုကြံ့က ထိုင်းလိုပြောဆိုရမှာတွေ များတယ်။ ပြီးတော့ အကတိုက်ရမယ်။ ဟိုမှာကိုကြံ့က Dancer တစ်ယောက်အ နေနဲ့ အသက်မွေးဝမ်းကျောင်းရမယ့် သူတစ်ယောက်အနေနဲ့ သရုပ်ဆောင်ရမှာပါ။ ဒီဇာတ်ကားလေးကလည်း အစကတည်းကထိုင်းတွေကို Management ပေးဖို့ကို ကိုဘိုစန်း တို့လည်း စီစဉ်ပေးတယ်။ ထိုင်းမှာ သွားရောက်ရိုက်ကူးမယ်ဆိုရင် တရားဝင် ရိုက်ကူးချင်တာလေ။ ဟိုဘက်ကိုတရားဝင် ပေးလိုက်တဲ့အတွက် သူတို့ ရဲ့ Management အောက်မှာ ကိုကြံ့တို့ အလုပ်လုပ်ရမှာပေါ့။ အဲဒီလိုမျိုးလေး ပုံစံလေးတွေရှိတယ်။ ကိုကြံ့ကတော့ဇာတ်လမ်းအရရော၊ ကိုယ်ပါဝင်သရုပ်ဆောင်ရမယ့် ကာရိုက် တာရော ရင်ခုန်ရမယ့် ဇာတ်ကားမျိုးကို ရိုက် ကူးချင်တယ်။ ကိုယ်ကြိုက်မှပဲ ပရိသတ်ကို ပြချင်တယ်”လို့ ပြောပါတယ်။

သဲစုလှိုင်


LEAVE A REPLY

Please enter your comment!
Please enter your name here