ဖြိုးပြည့်စုံပြောတဲ့သီချင်းတစ်ပုဒ်ပေါက်ဖို့ဆိုရင်

0
91


ဖြိုးပြည့်စုံဆိုတာ ပေါက်သီချင်းတွေ တော်တော်များများပိုင်ဆိုင်ထား တယ်။ အသံကောင်းတယ်။ သီချင်းအေးအေးလေးတွေနဲ့ ပရိသတ်ရင်ကို သိမ်းပိုက်ထားသူ။ အခုဆိုရင် အောင်ထက်နဲ့ ‘ကြယ်’ ဆိုတဲ့ တေးစီးရီးထွက် ရှိလိုက်ပြန်ပြီ။ ဆိုတော့ ဖြိုးပြည့်စုံကို မေးဖြစ်တာက သီချင်းတစ်ပုဒ်ပေါက် ဖို့ဆိုရင် ဘာတွေလို အပ်မလဲဆိုတာကိုပါ။ တစ်ခါတလေကျတော့ မိမိ သေသေချာချာဖန်တီးထားပေမယ့် ပရိသတ်ကြိုက်ချင်မှ ကြိုက်သလို ပုံမှန် လေးဆိုလိုက်တဲ့ သီချင်းကလည်း ပရိသတ်ဆီမှာ ပေါက်ချင်ရင် ပေါက်နေ တတ်တာမျိုး ရှိပါတယ်။ သူ့အမြင်က –

“ကျွန်တော်ထင်တာကတော့လေ Percentage တော်တော်များများ ကတော့ စန်းပေါ်မူတည်မယ်ထင်တယ်။ ကျွန်တော်တို့ ၅ လွှာပါ ရတယ်ဆို ရင် ဥပမာ-ရေးတဲ့သူ၊ ဆိုတဲ့သူ၊ တီးတဲ့သူ၊ ဖန်တီးထုတ်လုပ်တဲ့သူ၊ နောက် ဆုံး ဒီဟာကို အလှအပနဲ့ ပြင်ဆင်ပေးတဲ့ Mixing & Mastering အထိ ဒီလူတွေ အားလုံးရဲ့ ဒီအပေါ်မှာထားတဲ့စိတ်နဲ့ စန်းပေါ့ နော်။ အဲဒါ နံပါတ် တစ်အရေးကြီးတယ်။ သူတို့အားလုံးရဲ့ စန်းကိုက်နေပြီ ဆိုရင် ဒီသီချင်းလေး က ပရိသတ်ရင်ထဲရောက်ဖို့အတွက် အခွင့်အရေး များနေပြီ။ နောက်တစ်ခါ ကျတော့ ကျွန်တော် ခံယူထားတာက အောင်မြင် မှုတစ်ခုပဲဖြစ်ဖြစ်၊ ကျရှုံးမှု တစ်ခုပဲဖြစ်ဖြစ် မျှခြေတစ်ခုရှိတယ်။ အဲဒါကတော့ ဘာလဲဆိုတော့ ကံ၊ စိတ်၊ ဥတု၊ အာဟာရ ဒီလေးခုပေါ့နော်။ ကျွန်တော်တို့ ဒီလေးခုကို လုပ်ချင်စိတ်ပြင်းပြနေတာ သေချာသလား။ ဒီအတွက် နောက်ကလိုက် နေတဲ့ Supporting ကံတရားရှိသလား။ ပြီးတော့ ကျွန်တော်တို့ပေးချင် တာက ကျွန်တော်တို့ဆိုနိုင်တဲ့အရာ။ ဥပမာ- ကျွန်တော်ဆိုရင် ရော့ခ် မြူးဇစ်ကို မရဘူး။ ရော့ခ်မှာမှ Metal ဆို အော်လို့မရဘူး။ ကျွန်တော် က အဲဒီလိုင်းကြီးကို ရွေးချယ်ပြီး မတော်တဲ့အင်္ကျီကြီးစွပ်ပြီး အော်ပြ နေမယ်ဆိုရင် ဒါကို ဥတုလို့ သုံးသပ်တယ်။ အခြေအနေ မမျှဘူး။ ကိုယ်ပေးချင်တာနဲ့ ပရိသတ်လိုချင်တာနဲ့က မကိုက်ဘူး။ အဲဒီလို မဟုတ်ဘဲနဲ့ ကျွန်တော်တို့ ပေးချင်တာနဲ့ ပရိသတ်လိုချင်တာနဲ့ မျှနေ ပြီလား။ နောက်ဆုံးကကျတော့ အာဟာရပေါ့နော်။ ဒီအပေါ်မှာ ထားတဲ့ ဝမ်းစာပေါ့။ ဝမ်းစာ ဆိုတာကတော့ မသေသရွေ့ဖြည့်နေရ မှာလေ။ ဆိုတော့ အခုချိန်ထိဖြည့်ထားတဲ့ ဝမ်းစာအပေါ်မှာ ကိုယ့် ကိုယ်ကိုယ် လုံပြီးတော့ ကျွန်တော်တို့ပေးတာ မှန်တယ်၊ ဒီလေးခု မျှတယ်ဆိုလို့ရှိရင် အောင်မြင်မှုတစ်ခုဖြစ်လာမယ်လို့ ကျွန်တော် ထင်ပါတယ်” လို့ ဖြိုးပြည့်စုံက ပြောပြခဲ့ပါတယ်။

မျိုးမောင်


LEAVE A REPLY

Please enter your comment!
Please enter your name here