Sweet 8 Smart Fashion Collection ရဲ့ မျက်နှာသစ်မော်ဒယ်လ် (Angel) ရွေးချယ်မယ့်အကြောင်း ရှင်းလင်းပွဲ

0
146

Sweet 8 Smart Fashion Collection မှ ကျင်းပပြုလုပ်မည့် Fashion Show အတွက် မျက်နှာသစ် မော်ဒယ်လ် (Angel) ရွေးချယ်မည့် အစီအစဉ်များနဲ့ပတ် သက်ပြီး မိတ်ဆက်ရှင်းလင်းပွဲကို သြဂုတ်လ ၃၁ ရက်နေ့က Novotel Hotel မှာ ကျင်းပပြုလုပ်ခဲ့ပါတယ်။

အဆိုပါပွဲ ကျင်းပ ဖြစ်ပုံနှင့်ပတ်သက်ပြီး ဒီဇိုင်နာ မင်းသက်စံက

“၂ဝ၁၉ နှစ်စပိုင်းမှာ ကျွန်တော့် Solo Fashion Show ရှိပါတယ်။ အဲဒီအတွက် ဝတ်စုံတွေကို အချိန်ပေးချုပ်ချင်တာကြောင့် ပင်တိုင်မော်ဒယ်လ် (Angel) ကို ရှာဖွေတာဖြစ်ပါတယ်။ ကျွန်တော်တို့ ရွေးချယ်မယ့် ပင်တိုင်မော်ဒယ်လ်ကို အစအဆုံး ကျွန်တော်တို့ တာဝန်ယူပေး သွားမှာပါ။ တစ်နိုင်ငံလုံးက လျှောက်လာတဲ့ လျှောက်လွှာရှင်တွေကို ကျွန်တော်တို့ဆီမှာရှိတဲ့ ဘုတ်အဖွဲ့ကနေ အယောက် ၂ဝ ရွေးမှာဖြစ်တယ်။ ဒီ အယောက် ၂ဝ ထဲကမှ အဆင့်ဆင့်ပြန်လည်ရွေးထုတ်သွားမှာဖြစ်တယ်။ အနိုင်ရရှိ သူကို ကျွန်တော်တို့ဘက်က ထိုက်ထိုက်တန်တန်လည်း ဆုချီးမြှင့်သွားမှာပါ”လို့ လည်း ပြောပြခဲ့ပါတယ်။

ပင်တိုင်မော်ဒယ်လ်ရွေးချယ်ရာ တွင် အရပ် ၅ ပေ ၇ လက်မ၊ အသက် ၁၈ နှစ်မှ ၂၅ နှစ်အတွင်း ရှိရမည်ဖြစ်ပြီး အသားအရောင် နှင့် လူမျိုးကို ကန့်သတ်ထားခြင်း မရှိပါလို့ကြောင်း သိရပါတယ်။

ခိုင်ဝါဝင်း


LEAVE A REPLY

Please enter your comment!
Please enter your name here