Billboards “Hot 100” နံပါတ် ၂ နေရာယူခဲ့တဲ့ BTS

0
87

BTS အဖွဲ့ဟာ ဟောလိဝုဒ်ရက် (ပ်)ပါမလေး Nicki Minaj နဲ့အတူ တွဲဖက်သီချင်းပြုလုပ်ခဲ့ပါတယ်။ Nicki နဲ့တွဲဖက်သီဆိုခဲ့တဲ့ “IDOL” သီချင်းဟာ Billboard Hot 100 မှာ နံပါတ် ၂ နေရာကို စက်တင်ဘာ ပထမပတ်မှာ ရောက်ရှိခဲ့ပါတယ်။

ဇွန်လတုန်းက BTS ရဲ့ “Fake Love” သီချင်းက နံပါတ် ၁ဝ နေရာကို ရောက်ရှိခဲ့ပြီး အခု IDOL သီချင်းက Billboard မှာ Top Ten ဝင်ခဲ့တဲ့ ၄ ပုဒ်မြောက်သီချင်းပါ။

Billboard မှာ ပါဝင်ခဲ့တဲ့ BTS သီချင်းတွေကတော့ “DNA” “MIC Drop” နဲံ့ “IDOL” တို့ဖြစ်ပါတယ်။

IDOL သီချင်းက BTS ရဲ့ Love Yourself Answer အယ်လ်ဘမ်ထဲက သီချင်းအသစ်တစ်ပုဒ်လို့လည်း သိရပါတယ်။