စတုတ္ထမြောက် ရုပ်ရှင်ဇာတ်ကားကြီးအတွက် ရင်ခုန်နေတဲ့ ကျော်ထက်အောင်

0
193

သရုပ်ဆောင်ကျော်ထက်အောင်ကတော့ လတ်တလောမှာ သူ့ရဲ့စတုတÄမြောက်ရုပ်ရှင်ဇာတ်ကားကြီးဖြစ်တဲ့ ချူဆီရုပ်ရှင်ဇာတ်ကားကြီး ရုံတင်ပြသတော့မယ်လို့သိရပါတယ်။ ကျော်ထက်အောင် ရိုက်ကူးထားတဲ့ ရုပ်ရှင်ဇာတ်ကားကြီးတွေဖြစ်တဲ့ ‘သူငယ်’၊ ‘နေခြည်မှာရွှေရည်လောင်း’၊ ‘ကာဗွန်ဒိုင် အောက်ဆိုဒ်(CO2)’၊ ‘ချူဆီ’ဆိုပြီး သူသရုပ်ဆောင်ထားတဲ့ရုပ်ရှင်ဇာတ်ကားတွေဟာ အောင်မြင်မှုတွေ ရရှိနေပါတယ်။ ကိုယ်တိုင်ပါသရုပ်ဆောင်ထားတဲ့ ဇာတ်ကားလေးတွေ လူကြိုက်များတဲ့အပေါ် ဘယ် လိုစိတ်ခံစားချက်တွေဖြစ်လဲလို့ မေးကြည့်တဲ့အခါမှာတော့ ကျော်ထက်အောင်က….

“သူငယ်ဆိုတဲ့ ရုပ်ရှင်ဇာတ်ကားကို စတည်ကတည်းက ကျွန်တော့်ကိုမိတ်ဆက်တဲ့ကားပေါ့နော်။ သူငယ်ဆိုတဲ့ ကားက ဒီလိုမျိုး စီနီယာမြိုင်မြိုင်ဆိုင်ဆိုင်နဲ့ တက်လာတာပေါ့နော်။ အဲဒီလိုမျိုး စီနီယာမြိုင်မြိုင်ဆိုင်ဆိုင်နဲ့ ဇာတ်ကားတွေ တော်တော်များလာတယ်။ ကျွန်တော့်အနေနဲ့ ကျွန်တော့်ကိုအားပေးတဲ့ ပရိသတ်တွေလည်းများလာတယ်။ ကျွန်တော်အပြင် ထွက်ရိုက်တဲ့ဇာတ်ကား နေခြည်မှာ ရွှေရည်လောင်းဆိုရင် တအားကောင်းပါတယ်။ ကျွန်တော်တစ်ယောက်တည်း ဦးဆောင်ပြီး ရိုက်ကူးခဲ့တဲ့ကားပေါ့နော်။ ပြီးလို့ရှိရင်CO2 ဆိုလည်း ပရိသတ်အသိအမှတ် ပြုလက်ခံတဲ့ဇာတ်ကားဖြစ်တဲ့အတွက် တအားလည်း ပီတိဖြစ်မိပါတယ်။ အခုရုံတင်ပြသမယ့် ချူဆီရုပ်ရှင်ဇာတ်ကားလည်း ဒီလိုပါပဲ စီနီယာတွေအများကြီးနဲ့ပေါ့။ ဒီကားထဲမှာလည်း ကိုယ်လုပ်ရမယ့် အိုက်တင်ပိုင်းတွေကို အကောင်းဆုံးဖြစ်အောင်လုပ်ထားတယ်။ ပြီးတော့ ဒီကားက ဒါရိုက်တာကိုမင်းဦးကို ပွဲထုတ်တဲ့ဇာတ်ကားလည်းဖြစ်နေပါတယ်။ နောက်တစ်ခု က မမယ်လိုဒီပေါ့။ အစ်မပြန်ပြီးတော့မှ ရုပ်ရှင်ပြန်လည်ရိုက်ကူးတဲ့ဇာတ်ကားဖြစ်ပါတယ်။ အဲဒီအတွက် ဒီဇာတ်ကား လေးဟာ အကုန်လုံးအတွက် စိန်ခေါ်မှုဖြစ်ပါတယ်။ အောင်ခေတ်မင်းရုပ်ရှင်ထုတ်လုပ်ရေးရဲ့ ဒုတိယ မြောက်ဇာတ်ကား။ ကျွန်တော့်ရဲ့ စတုတ္တမြောက်ရုံတင်မယ့်ဇာတ်ကား။ အဲဒီအတွက်ကြောင့် အားလုံး က ရင်ခုန်စရာအပြည့်နဲ့ဇာတ်ကားပါ။ အဲဒီအတွက်လည်း ရင်တွေတအား ခုန်နေပါတယ်”လို့ ပြော ပါတယ်။

သဲစုလှိုင်


LEAVE A REPLY

Please enter your comment!
Please enter your name here