အချစ်ရေးနဲ့ ပတ်သက်ရင်သူများ မျက်မုန်းကျိုးမှာကြောက်တယ်မထက်(Pop-Soul)

0
237

မထက် ဆိုတာကတော့ မြန်မာ နိုင်ငံရဲ့နာမည်ကျော်မိတ်ကပ် Artist တစ်ဦးလည်းဖြစ်သလို Celebrity တစ်ဦးလို့ဆိုရင်လည်း မှားမယ် မ ထင်ပါဘူး။ သူက သဘောကောင်းတယ်။ စိတ်ထားနူးညံ့တယ်။ လူတစ် ဖက်သားကိုကူညီတတ်တယ်။ မထက်က အချစ်ရေးနဲ့ ပတ်သက်လို့ရှိရင် တော့ သိုသိုသိပ်သိပ်လေးနေတတ်တယ်။ သိပ်ကို လျှို့ဝှက်နိုင်သူလေး ပေါ့။ သူ့မှာလည်း အကြောင်းရင်းရှိပါတယ်။ အချစ်ရေးနဲ့ ပတ်သက်ရင် ဘာကြောင့် သိပ်ပြောလေ့မရှိတာလဲဆိုတာကို မထက်က …

“မထက်က အချစ်ရေးနဲ့ ပတ်သက်ရင် သိပ်ပြောလေ့မရှိဘူး။ မထက်က အချစ်ရေးနဲ့ ပတ်သက်ရင် သူများမျက်မုန်းကျိုးမှာ ကြောက် တာ။ မထက်လည်း ချစ်တတ်တဲ့လူတန်းစားပဲလေ။ မထက်လည်း လူသားတစ်ယောက်အနေနဲ့ ချစ်တတ်တာပေါ့။ ဒါပေမဲ့ ကိုယ့်ရဲ့ အချစ် ဆိုလို့ရှိရင် Sex ကိစ္စတွေ၊ ပြီးလို့ရှိရင် ငွေရေး ကြေးရေး အပေးအယူ ကိစ္စတွေနဲ့ ပတ်သက်ပြီးတော့ ပုံစံတစ်မျိုးနဲ့ မြင်ကြတယ်။ နောက်ပြီးတော့ ရွံစရာ ကောင်းတဲ့ အလေ့အထတစ်ခုအနေနဲ့ မိန်းမလျာတစ်ယောက်ရဲ့ အချစ်ကို မြင်ကြတယ်ပေါ့နော်။ အဲဒီအတွက် မထက်အချစ်ရေးဆိုရင် သိပ်ပြော လေ့မရှိပါဘူး။ သူများအမြင်ကတ် အထင်သေးစရာမျိုးတွေ ဖြစ်နိုင်တာကို ရှောင်ကြဉ်တဲ့သဘောလည်းပါတာပေါ့” လို့ ပြောပြပါတယ်။ မထက် ခံယူထားတဲ့ အချစ်ဆိုတဲ့အရာက …

“အချစ်ကို ဘယ်လိုအဓိပ္ပာယ် ဖွင့်မလဲဆိုတော့ မထက်အနေနဲ့က တော့ အချစ်တစ်ခုကို တည်ဆောက်တယ်ဆိုတာ တစ်ယောက်နဲ့ တစ် ယောက်ရင်ခုန်သံချင်းနီးစပ်ပြီးတော့ တစ်ယောက်နဲ့တစ်ယောက်နားလည် မှုတွေနဲ့ ဖေးမကူညီရင်းနဲ့ ဘဝကို လျှောက်လှမ်းရတဲ့အချစ်မျိုးကို ပို ကြိုက်တယ်။ အဲဒီလိုအချစ်မျိုးက မထက်အတွက် ပိုပြီးပြည့်စုံတယ်လို့ ထင်ပါတယ်”လို့ သူက ဆိုပါတယ်။ လတ်တလောမှာတော့ မထက်က စင်ကာပူနိုင်ငံမှာ မိတ်ကပ်နဲ့ ပတ် သက်တဲ့သင်တန်းကို တက်ရောက်နေပါ တယ်။ မြန်မာနိုင်ငံမှာဆိုရင်လည်း မထက်က တစ်နှစ်တစ်ခါ သင်တန်းဖွင့်လှစ်ပြီး အခုဆို မထက်ရဲ့ တပည့်တွေတောင် Professional အဖြစ် ရပ်တည်နေကြပါပြီ။ တပည့်တွေက မထက်ကို ချစ်သလို မထက်ကလည်း တပည့်တွေကို ချစ်တယ်။

“အရှင်းဆုံးပြောရရင် ဓာတ်ပုံ တစ်ပုံတင်ရင်တောင် ကိုယ့် တပည့်တွေ အများစုက Likeလုပ်ပေးကြ၊ ချစ်ပေးကြတယ်။ အဲဒီ အတွက်ကြောင့် အစ်မအမြဲတမ်းပြောတယ်။ ကိုယ့်ကို ဘယ်သူ မှမချစ်ရင်တောင် ကိုယ့်တပည့်တွေ ကိုယ့်ကို ချစ်ကြ တယ် ဆိုပြီး ပီတိဖြစ်ရတယ်” လို့ မထက်က ပြောပြခဲ့ပါတယ်။

မျိုးမောင်


LEAVE A REPLY

Please enter your comment!
Please enter your name here