ကြယ်ပွင့်ပြမေးခွန်း

0
244

(၁)
ကျွန်တော် မောင်စောဘရန် ငြိမ်းဘဝဟာ ‘တွဲဖက်မစားသင့်သော အစာ’လို ဖြစ်နေတဲ့ဘဝပါခင်ဗျ။
ဘာကြောင့် တွဲဖက်မစားသင့် တဲ့အစာမျိုးဖြစ်နေရလဲဆိုရင် ကျွန် တော်ဟာ (၁) ကျောင်းပညာသိပ် မတတ်သော၊ ကားစပယ်ယာတစ် ယောက်ဖြစ်ခြင်း၊ (၂) အတော်အသင့် အောင်မြင်ထင်ရှားသော ‘စာရေး ဆရာ’တစ်ယောက်ဖြစ်ခြင်းတို့ ကြောင့် တွဲဖက်မစားသင့်သော ဘဝနှစ်မျိုးဖြင့် လောကကို ခပ်တည် တည်ဖြတ်သန်းနေသူတစ်ဦးသာဖြစ် ပါတယ်။

ကားစပယ်ယာတစ်ယောက်ဖြစ် ခဲ့တဲ့အတွက် ကျွန်တော်ဟာ သစ် သားဘတ်စကားလို့ခေါ်တဲ့ ချက်ပ လက်ကားတွေပေါ်မှာ နေပါတယ်။ နေတာမှ အနှစ် ၄ဝ ကျော်ကြာ အောင် နေခဲ့တာပါ။ စပယ်ယာ စာ ရေး ဆရာဆိုရင် မမှားပါဘူး။ ဘဝ တစ်လျှောက်လုံးမှာလည်း စပယ်ယာ အထင်သေးတဲ့လူတွေနဲ့ စာရေးဆရာ ကို အထင်ကြီးတဲ့လူတွေကြားမှာ အ ထင်သေးခံလိုက်၊ ထင်ရှားခံလိုက်နဲ့ မှိန်ချည် လင်းချည်နဲ့ပေါ့လေ။

စာပေဟောပြောပွဲရာသီဆိုရင် အငြိမ်။ ကားလိုင်းက ခွင့်ယူပြီး တစ် ပြည်လုံးပတ်ကာ စာရေးဆရာလုပ် တော့တာ။ နေရာမရွေး၊ ဒေသမရွေး ဟောခဲ့ ပြောခဲ့တာတွေ မနည်းပါဘူး။ ရေးသူဖတ်သူ ဆွေးနွေးပွဲတွေ ဘာ တွေလည်း ‘ချ’တာပဲ။ ကိုယ်က အ တန်းပညာနည်းပေမယ့်၊ စာဖတ်အား မနည်းဘူးလေ။ ဟောပြောပွဲအပြန် ဆိုရင် လက်ဆောင်အဖြစ် ဒေသ ထွက်ကုန်ပစ္စည်းတွေ သီးနှံတွေဆို တာ မနိုင်အောင်ရတတ်ပြီး၊ ဟော ပြောခ (Óဏ်ပူဇော်ခ)ကို သောင်း ကြီးပိုင်း (ယခုတော့ သိန်းချီပြီး) ပိုက် ပြီး ခပ်ခန့်ခန့်ပြန်လာရတာချည်းပါပဲ။

ကျွန်တော့်ဘဝအတွက် စာရေး ဆရာအတွေ့အကြုံဆိုတာတွေက စ ပယ်ယာဘဝနဲ့ ရတာများတော့အချိန် တန်ရင် ကျွန်တော် ဘတ်စကားပေါ် ပြန်ရောက်သွားပြီး လှုပ်ရှားတော့ တာပဲ။ ဟောပြောပွဲနဲ့ နယ်ကိုရောက် တိုင်း ကျွန်တော်ကားစပယ်ယာတစ် ယောက်ဖြစ်တဲ့အကြောင်း ပြောရင် မယုံတဲ့သူ အတော်များပါတယ်။ ဒါ တော့ ကျွန်တော်လည်း မတတ်နိုင် ဘူး။ ဒီတော့ စပယ်ယာတစ်ယောက် အနေနဲ့ ကျွန်တော်အများဆုံး ပြော ဖြစ်တာက
”ရှေ့မှတ်တိုင်ပါတယ် ဆရာ … ရှေ့မှတ်တိုင် …”

(၂)
”အခု ဟောပြောမယ့် ယာဉ် စည်းကမ်း လမ်းစည်းကမ်း ပညာပေး ဟောပြောပွဲက ပြောလိုက်တာတွေကို မောင်ရင်တို့ သေချာမှတ်သားနာယူ ကြစေလိုတယ်”

ကားသင်းဥက္ကဋ္ဌကြီးနဲ့ သက်ဆိုင် ရာဆရာကြီးတွေရဲ့ အမှာစကားပြီး တဲ့နောက်မှာ လက်မောင်းမှာ ၃ ရစ် ကပ်ချုပ်ထားတဲ့ ယာဉ်ထိန်းဆရာရဲ့ ပညာပေးဟောပြောပွဲမှ စပါတော့ တယ်။ ရုံးပေါ်မှာ လူအပြည့်။ နေက လည်း ပူလိုက်တာ။ ပန်ကာလည်း မရှိ။ ပညာပေးမည့်ဆရာကလည်း ယူနီဖောင်းအသစ်ကြီးနဲ့ဆိုတော့ ချွေးတွေ တလုံးလုံးပေါ့။ ဆရာသူ ဟောပြောမယ့် ယာဉ်စည်းကမ်းလမ်း စည်းကမ်းမစမီ ဒီလိုလူအများရှေ့ ဟောပြောဖို့က မလွယ်တဲ့အကြောင်း၊ တချို့ဆို ဟောပြောနေတုန်း ဒူးတွေ တုန်ကြောင်း၊ သူကတော့ အတွေ့ အကြုံအများကြီးရှိပြီး၊ ပြောရတာ အဆင်ပြေကြောင်းတွေ စြ<ွကားတော့ တာ။ ဒီလိုကြွားတော့ ကားသမားတွေ က တစ်ပြည်လုံးပတ်ပြီး စာပေတွေ ပြောနေတဲ့ ကျွန်တော့်ကို လှမ်းကြည့် ပြီး ပြုံးကြတယ်။ ကားသမားဆိုတာ မော်တော်ပီကယ်ကို ကြံဖန်ချဉ်တဲ့လူ တွေချည်းပဲလေ။
ခါတိုင်း အခြားအစည်းအဝေး တွေဆိုရင် ကားသမားတွေကနောက် ဆုံးနေရာ ထိုင်ကြတယ်။ ဝေးလေ ကောင်းလေပေါ့။ ဒါပေမဲ့ အခုလို ယာဉ်ထိန်းတွေနဲ့ ပွဲဆိုရင် ရှေ့ဆုံး နေရာဦးကြတယ်။ အဓိပ္ပာယ်က မော် တ်ာပီကယ်နဲ့ မျက်နှာတန်းမိရင် မနည်းဘူးဆိုတဲ့သဘော။ ကား သမားတွေအနေနဲ့က မော်တော်ပီ ကယ်ဟောပြောနေတုန်း မျက်နှာချင်း ဆုံမိရင် ပြုံးပြခွင့်ရကြမယ်လေ။

ဟောပြောသူကလည်း ယာဉ် စည်းကမ်း လမ်းစည်းကမ်းတွေကို သေသေချာချာ ရှင်းပြပေးတဲ့အပြင် ဗဟုသုတအလို့ငှာ …’ဥမင်လိုဏ် ခေါင်းအတွင်း ကားမောင်းတဲ့အခါ လိုက်နာရမယ့်စည်းကမ်းကိုပါ အပို ပညာပေးအဖြစ် ဖြည့်စွက်ဟောပြော ပြီး နိဂုံးချုပ်ပါတယ်။ ပြီးတဲ့အခါ သူ ဟောပြောတာတွေထဲက မရှင်းတာ ရှိရင် မေးဖို့ ဖွင့်ပေးပါတယ်။ ဒီအခါ မေးခွန်းမေးဖို့ ဒရိုင်ဘာဘောကြီး လှ ဖေ ထပါတယ်။ ဘောကြီးလှဖေဆို တာ စကားအကတ်ပြောတဲ့နေရာမှာ နာမည်ကြီးသူမို့ ကျွန်တော်က ‘မော် တော်ပီကယ်တော့ ဒုက္ခရောက်တော့ မယ်’လို့ တွေးနေမိတုန်းမှာပဲ၊ ဘော ကြီးအခုလို မေးလိုက်တယ်။

”ဆရာ …
ဥမင်လိုဏ်ခေါင်းထဲမှာ …
မော်တော်ပီကယ် ရှိသလား ခင် ဗျ”

စောဘရန်ငြိမ်း


LEAVE A REPLY

Please enter your comment!
Please enter your name here