လီကွမ်ဆူနဲ့ ယူဂျယ်ဆော့တို့ မြန်မာနိုင်ငံကို လာရောက်မယ်ဆိုလို့ လေဆိပ်မှာ လာစောင့်ပေမယ့် မျှော်လင့်ချက်မပြည့်ခဲ့ရတဲ့ ပရိသတ်များ

0
263

ကမ္ဘာကျော် ဖျော်ဖြေရေးအစီ အစဉ်တစ်ခုဖြစ်တဲ့ ကိုရီးယားနိုင်ငံRunning Man အစီအစဉ်က ယူ ဂျယ်ဆော့နဲ့ လီကွမ်ဆူတို့ မန္တလေး မြို့မှာ SBSရဲ့ Variety Show အသစ်တစ်ခု ရိုက်ကူးဖို့အတွက် လာ ရောက်ရိုက်ကူးကြရာမှာ ရန်ကုန်လေ ဆိပ်မှာ တစ်ထောက်နားပြီး မန္တလေး ကို လေယာဉ်နဲ့ ဆက်သွားမယ်ဆိုတဲ့ သတင်း လူမှုကွန်ရက်မှာ ပျံ့နှံ့သွား ပြီးနောက် ရန်ကုန်အပြည်ပြည်ဆိုင် ရာလေဆိပ်မှာRunning Man ပရိ သတ်များစွာ လာရောက်ကြိုဆိုနေ ကြတာကို တွေ့ရပါတယ်။ စက်တင် ဘာလ ၇ ရက်နေ့ မနက် ၁ဝ နာရီ ခွဲလောက်ကတည်းကRunning Man ပရိသတ်များစွာ စောင့်ဆိုင်း နေခဲ့ကြရာ ည ၁၂ နာရီအချိန် လောက်ထိ စောင့်ဆိုင်းနေခဲ့ကြပါ တယ်။


Running Man ကို ကြိုက်နှစ် သက်ပြီး လာရောက်စောင့်ဆိုင်းနေ သူ ပရိသတ်တစ်ဦးကလည်း “ညီမ မနက်က အတန်းထဲရောက်တော့မှFacebook ကြည့်ရင်းနဲ့ Page က Status တင်ထားတာတွေ့လို့ တ အားအံ့သြသွားတာ။ တအားစိတ်လှုပ် ရှားပြီး ပျော်လွန်းလို့ ခုနက ငိုတောင် ငိုနေတယ်။

Running Man အပိုင်း (၁) ကတည်းက စပြီးအားပေးလာ တာ။ တွေ့ရရင် လက်ဆောင်တွေပေး ဖို့ စီစဉ်ထားတာ။ အခုက အမြန်လာ လိုက်ရတော့ ဘာမှမပါလာဘူး။ လွယ်အိတ်ထဲက ယပ်တောင်ထုတ်ပြီး စာရေးပြီး ပေးလိုက်မလို့။Running Man တွေ အမြဲတမ်းအားပေးနေပါ တယ်။ သူတို့အဖွဲ့ကြီး အမြဲတမ်းရှိ နေစေချင်တယ်”လို့လည်း ပြောပြခဲ့ ပါတယ်။ လာရောက်စောင့်ဆိုင်းနေ တဲ့ ပရိသတ်များစွာထဲမှ ယူဂျယ် ဆော့နဲ့တူတဲ့သူတစ်ဦးကလည်းRunning Man အဖွဲ့ဝင်တွေကို လာရောက်စောင့်ဆိုင်းနေပြီး ပရိ သတ်တွေကလည်း သူနဲ့အတူတူ အမှတ်တရ ဓာတ်ပုံများစွာရိုက်ကူးခဲ့ ကြပါတယ်။ အဆိုပါပရိသတ်က လည်း

“ယူဂျယ်ဆော့နဲ့တူတယ်လို့ ဟိုးအရင် လေး၊ ငါး၊ ခြောက်နှစ်က တည်းက ပြောကြတယ်။ တူတယ်လို့ ပြောကြတဲ့အတွက်လည်း ပျော်ပါ တယ်။ အရင်တုန်းကတည်းကRunning Man အဖွဲ့ဝင် ၇ ယောက် တည်းရှိကတည်းက ဆုန်းဂျီဟိုကို သဘောကျတာ။ အခုထိပါပဲ။Running Man တစ်ဖွဲ့လုံး မြန်မာ နိုင်ငံကို လာစေချင်ပါတယ်။ တကယ် လာကြည့်ပါ။ ငြိမ်းချမ်းပြီးတော့ ပျော် စရာကောင်းတဲ့ နေရာတွေ အများ ကြီးရှိပါတယ်”လို့လည်း ပြောပြခဲ့ပါ တယ်။

 

ခိုင်ဝါဝင်း


LEAVE A REPLY

Please enter your comment!
Please enter your name here