သီချင်းခွေရောင်းရငွေတွေကို အလှူအတန်း ပြုလုပ်မယ့် စကြဝဠာ ဧကရီဗို

0
254


အနုပညာလောကမှာ အနုပညာရှင်တိုင်းလိုလို ပရဟိတအလုပ်တွေ လုပ်ကိုင်ကြသလို အနုပညာရှင်တစ်ဦးဖြစ်တဲ့ အဆိုတော် စကြဝဠာ ဧကရီဗိုကလည်း ပရဟိတအလုပ်တွေ လုပ်ကိုင်နေသူတစ်ဦးဖြစ်ပါတယ်။ စက်တင်ဘာ ၂ ရက်နေ့ က အင်းစိန် ပန်းခြံမှာ စကြဝဠာ ဧကရီဗိုက ပရိသတ်များနဲ့ ရင်းရင်းနှီးနှီးတွေ့ဆုံပြီး သီချင်းခွေများကို ရောင်းချခဲ့ပါ တယ်။ ရောင်းချလို့ ရသမျှငွေကြေးတွေကိုလည်း အလှူအတန်းတွေ ပြုလုပ်သွားမယ်လို့ ဆိုပါတယ်။

အလှူအတန်းတွေ အမြဲပြုလုပ်နေတာနဲ့ပတ်သက်ပြီး စကြဝဠာဧကရီဗိုက “အစ်မက ပုံမှန်ဆို အမြဲတမ်းအလှူ အတန်းတွေ လုပ်ဖြစ်တယ်။ ကိုယ်ကလည်း တေးစီးရီးခွေထုတ်ထားတော့ အစ်မ ပရိသတ်တွေ၊ ဂီတချစ်ခင်အားပေးမှုတွေ ကို ကျေးဇူးတင်တဲ့အနေနဲ့ သူတို့ ဝယ်ထားတဲ့ ပိုက်ဆံတွေလည်း ပါ စေချင်လို့ အခွေရောင်းပြီး လှူဒါန်းတဲ့ပွဲလေးလုပ် ဖြစ်တာပါ။ အစ်မ အခွေတွေ ရောင်းပြီး လှူလို့ရတဲ့ ပိုက်ဆံတွေကို မိဘမဲ့ကျောင်းတွေကို လှူဖြစ်တယ်။ ဒီမိဘမဲ့ကလေး တွေက တအားသနားဖို့ကောင်းတယ်။ ဘယ်သူတွေ ဘယ်လောက်ကောင်းကောင်း မိဘလောက် မကောင်းနိုင်ဘူးလေ။ မိဘ မရှိဘူးဆိုကတည်းက တအားသနားဖို့ ကောင်းနေပြီ”လို့လည်း ပြောပြခဲ့ပါတယ်။

ခိုင်ဝါဝင်း


LEAVE A REPLY

Please enter your comment!
Please enter your name here