ချူဆီရုပ်ရှင်ဇာတ်ကားကြီးမှာ အကောင်းဆုံးဖြစ်အောင်ကြိုးစားထားတယ်ဆိုတဲ့ မယ်လိုဒီ

0
355

သရုပ်ဆောင်မယ်လိုဒီကတော့ သူပါဝင်သရုပ်ဆောင်ထားတဲ့ ချူဆီရုပ်ရှင်ဇာတ် ကားကြီး ရုံတင်ပြသတော့မှာဖြစ်တဲ့အတွက် ရင်ခုန်နေတယ်လို့သိရပါတယ်။ ချူဆီဇာတ် ကားကြီးမှာ ပါဝင်သရုပ်ဆောင်ဖြစ်ပုံကို မယ်လိုဒီက

“ဒီချူဆီရုပ်ရှင်ဇာတ်ကား ထဲမှာပါဝင်သရုပ်ဆောင်ဖြစ်ခဲ့တယ်။ အဓိကကတော့ ကိုမင်းဦးပါပဲ။ အစ်ကို ပြောတဲ့အတိုင်း အကောင်းဆုံးကြိုးစားသရုပ်ဆောင်ခဲ့တာပါ။ အဲဒီလောက် ပါပဲ။ ကိုယ့်စိတ်ကူးအတိုင်း ဟိုလိုလုပ်လိုက်မယ်။ ဒီလိုလုပ်လိုက်မယ်ဆိုတဲ့ စိတ်ကူးမျိုးမှာ အရင်ကတည်းက မရှိဘူး။ ဆရာတွေပြောတဲ့အတိုင်းပဲ သရုပ်ဆောင်ခဲ့တာဆိုတော့ အခုလည်းအဲဒီလိုပဲ။ ကိုမင်းဦးပြောတဲ့ အတိုင်းပဲ ကိုယ်က ဆံပင်ရော၊ အင်္ကျီဒီဇိုင်းရော အကောင်းဆုံးဖြစ် အောင်လုပ်ခဲ့တယ်။ မျိုးရဲ့မိတ်ကပ် ဆရာကလည်း ဝိုင်းဝန်းပံ့ပိုးပေးခဲ့ တယ်။ အကောင်းဆုံးကြိုးစားထားခဲ့တဲ့အတွက် အကောင်းဆုံးဖြစ်မှာပါ” လို့ ပြောပါတယ်။

အနုပညာလုပ်ငန်းတွေလည်း အကောင်းဆုံးဖြစ်အောင် လုပ်ကိုင် နေတဲ့အတွက် ပရိသတ်တွေရဲ့အချစ်ကိုရရှိထားသလို မိသားစုနဲ့ပတ်သက် ပြီး သူ့ရဲ့သားလေးကို ချစ်ခင်နေတဲ့သူတွေများနေတဲ့အပေါ်ကိုလည်း

“သား ကိုတော့ အစ်မဖေ့စ်ဘွတ်ခ်မှာ Live လွှင့်တဲ့အခါတိုင်း သူကအမြဲတမ်းပါ တယ်။ ပြီးလို့ရှိရင် ပရိသတ်ကိုမျိုးဆုတောင်းပေးသလိုပဲ သက်ရှည်ကျန်းမာ စိတ်ချမ်းသာ ကောင်းကျိုးလိုရာ ဆန္ဒပြည့်စုံပါစေလို့ သူကအမြဲဆုတောင်း ပေးတတ်တယ်”လို့ မယ်လိုဒီက ပြောပြခဲ့ပါတယ်။

သဲစုလှိုင်


LEAVE A REPLY

Please enter your comment!
Please enter your name here