ပိုပိုက ‘ချစ်ဖူးခဲ့သမျှ’၊ ‘အလွမ်း သီချင်းကြိုက်တဲ့ ရေဒီယို’၊ ‘Master piece’ ၃ ခွေစလုံး Audio CD ရော၊ Music Video ပါ ထွက်ပြီးပြီ။ ဒါ တောင် ‘သင်္ကြန်ဆုတောင်း’ ဆိုတဲ့ စီးရီးခွေနဲ့ဆိုရင် ၄ ခွေရှိပြီ။ အောင် မြင်မှုတွေရပြီးပြီ။ သို့သော် သူ မကျေ နပ်သေးပါဘူး။ အမြဲတမ်း လေ့လာ သင်ယူမှုတွေလုပ်နေတယ်။ ‘Master piece’MV မထွက်ခင် ရှေ့ တစ်လ လောက်က ထိုင်းနိုင်ငံ၊ ဘန်ကောက် မှာ Music သင်တန်းသွားတက်သေး တယ်။ ပိုပို့ရဲ့ အတွေ့အကြုံက…
“ဒါက ရေရှည်တက်ရမှာလေ။ Course တစ်ခုတည်းလောက်နဲ့တော့ ဘာမှထူးခြားသွားတာမရှိဘူး။ ဒါပေ မဲ့ ဗဟုသုတရတယ်ပေါ့နော်။ Vocal နဲ့ ပတ်သက်ရင်လည်း ကိုယ့်အသံကို ဘယ်လောက်အထိ ရောက်အောင် ဆိုနိုင်လဲဆိုတာ သင်ပေးတယ်။ Record ဖမ်းပြီးတော့ ကိုယ့်အိမ်မှာ ပြန်ကျင့်လို့ရအောင်လုပ်ထားတယ်။ Piano ကတော့ သီချင်းတွေ တီးလို့ ရအောင် သင်လိုက်တာပေါ့နော်။ ကိုယ်ကြိုးစားရင် ကြိုးစားသလိုတော့ ဖြစ်တာပေါ့။အိမ်မှာကလည်း Piano ဆရာမနဲ့လည်း အမြဲတမ်းသင်နေ တော့ နောက်တစ်ခေါက်ကတော့ တက်ဖို့ အစီအစဉ်မရှိတော့ဘူး။ ဒီ တစ်ခေါက်မှာလည်း ဗဟုသုတတွေ၊ အတွေ့အကြုံတွေရတာပေါ့နော်” လို့ ပိုပိုက ပြောပါတယ်။
အနာဂတ် ရည်မှန်းချက်က Music ပိုင်းဆိုင်ရာ တအားတိုးတက် တဲ့ အင်္ဂလန်တို့၊ အမေရိကတို့မှာ ဂီတကျောင်းတက်ဖို့ မဟုတ်လားလို့ ဆိုတော့…
“ပိုက်ဆံစုရပါဦးမယ်။ အချိန် တွေကြာဦးမှာပါ။ ဒါပေမဲ့ နိုင်ငံခြား မှာ အနုပညာနဲ့ ပတ်သက်တဲ့ကျောင်း တွေ သွားတက်ချင်ပါသေးတယ်။ အခွင့်အရေးရှိမှပါ” လို့ ပိုပိုက ပြော ပါတယ်။ ‘Masterpiece’ Music Video ထွက်ရှိခြင်းနဲ့ ရန်ကုန်၊ မန္တ လေး၊ မုံရွာတို့မှာ ဖြတ်သန်းမယ့် စက် တင်ဘာနေ့စွဲတွေအတွက်ကိုကော ဘာများပြောချင်လဲလို့ ဆိုတော့ …
“Masterpiece အခွေကို ပိုပို တော်တော်ကြိုးကြိုးစားစားလုပ်ထားပါတယ်။ တအားကြိုးစားထားတဲ့ သီချင်း ၁၆ ပုဒ်ကို အားပေးဖို့ အနူး အညွတ်ပြောချင်ပါတယ်။ ၂ဝဝဝ ကျပ်နဲ့ ဝယ်ပြီး ဒီအခွေဟာ တအား ကြည့်လို့ ကောင်းတယ်။ တန်တဲ့ အခွေဖြစ်မယ်လို့ ပိုပိုယုံကြည်တယ်။ ပိုပိုလည်း အာမခံပါတယ်။ ပိုပို့ကို လည်း ဒီ့ထက်မကချစ်ပေး၊ ဝန်းရံ ပေးကြပါဦးလို့ ပြောချင်ပါတယ်ရှင်” လို့ ပိုပိုက ပြောပြခဲ့ပါတယ်။
မျိုးမောင်
ဓာတ်ပုံ-အောင်ဇော်မင်း