Miss Myanmar World 2018 Winnerဟန်တီကထူးချွန် ကျောင်းသားများ ပညာသင်စရိတ် ထောက်ပံ့

0
180

Miss Myanmar World 2018 Winner ဟန်တီက ထူးချွန် ကျောင်းသားများ ပညာသင်စရိတ် ထောက်ပံ့ တဲ့ အစီအစဉ် Education is important project ကို စက်တင်ဘာလ ၄ ရက်နေ့ နံနက် ၁ဝ နာရီက မန္တလေးမြို့ KMC ကိုယ်ပိုင် အထက်တန်း ကျောင်းမှာ ပြုလုပ်ခဲ့ပါတယ်။

ဟန်တီရဲ့ Education is important project အတွက် အဓိကကူညီပံ့ပိုး တာကတော့ ဟန်တီရဲ့ဘိုးဘွားများတည်ထောင်ထားတဲ့အေးမြစိုးဖောင် ဒေးရှင်းကဖြစ်ပါတယ်။ ဒီဖောင်ဒေး ရှင်းက လွန်ခဲ့ တဲ့ ၇နှစ်လောက်က တည်းက ချို့တဲ့ ပြီးပညာတော် တဲ့ကျောင်းသူ ကျောင်းသားများကို နှစ်စဉ်ပညာသင်စရိတ်ထောက်ပံ့လှူဒါန်းခဲ့တာဖြစ်ပါတယ်။

” Education is important project အနေနဲ့ ချို့တဲ့ပြီး ပညာတော်တဲ့ ကျောင်းသား ကျောင်းသူတွေကို ပညာသင်စရိတ် ထောက်ပံ့ပေး တာပါ။ဒီ project မှာ ပညာရေးအတွက် ထူးချွန်တဲ့ ကျောင်းသားကျောင်း သူတွေကို ဆက်လက်ထောက်ပံ့ပေးသွားမှာဖြစ်ပြီး လူသားတွေကို အကျိုးပြုနိုင်တဲ့ ပရဟိတအလုပ်တွေကို ထိထိရောက်ရောက် လုပ်ဆောင်သွားပါမယ်” ဟု ဟန်တီက ပြောပါတယ်။

ဒီအစီအစဉ်မှာ ၊ဆေးတက္က သိုလ၊် နည်းပညာတက္ကသိုလ်နဲ့ ပညာ ရေးတက္ကသိုလ်စတဲ့ တက္ကသိုလ် ကျောင်းများက ချို့တဲ့ပြီး ပညာတော်တဲ့ ထူးချွန်ကျောင်း သား ကျောင်းသူ ၄၆ဦး ကို ပညာသင်စ ရိတ်ထောက်ပံ့ပေးခဲ့တာ ဖြစ်ပါတယ်။

ဟန်တီ့အနေနဲ့ ထူးချွန်ကျောင်းသား ကျောင်းသူတွေကို တက္ကသိုလ်တစ်ခု ချင်းအလိုက်၂ဝ၁၈-၂ဝ၁၉ပညာ သင်နှစ် အတွက် ပညာ သင်ဆုထောက်ပံ့တာနဲ့ အားပေးစကားပြောတာတွေ ပြုလုပ်ခဲ့ပါတယ်။


LEAVE A REPLY

Please enter your comment!
Please enter your name here