Friday, December 20, 2024

တရုတ် ကုမ္ပဏီများဖြစ်သည့် SEAOP နှင့်...

တရုတ်နိုင်ငံမှ ကုမ္ပဏီများဖြစ်သည့် အရှေ့တောင်အာရှရေနံပိုက်လိုင်းကုမ္ပဏီ(SEAOP)နှင့် အရှေ့တောင်အာရှ သဘာဝဓာတ်ငွေ့ပိုက်လိုင်းကုမ္ပဏီ(SEAGP)တို့သည် မြန်မာနိုင်ငံ၌ ပရဟိတနှင့်လူမှုဖူလုံရေးလုပ်ငန်းပေါင်း(၄၉၃)ခု လုပ်ဆောင်ခဲ့ကြောင်း သိရသည်။ ပြီးခဲ့သည့် ဒီဇင်ဘာ ၁၇ ရက်က ရန်ကုန်မြို့၌ပြု...

ပြန်ပေးမှု ၊ လုယ-က်မှုများကြောင့် မန္တလေးတွင်...

ပြန်ပေးဆွဲမှု၊ လုယ-က်မှုများ ဖြစ်ပေါ်ထားသည့် မန္တလေးမြို့တွင် ညဦးပိုင်းကစပြီး လူငယ်များ အပြင်မထွက်ကြရန် လူငယ်များအချင်းချင်း သတိပေးမှုများရှိလာနေကြောင်း သိရသည်။ "ကြားတယ်၊ အိမ်ကလည်း စိုးရိမ်နေတယ်။ မနေ့ကဆို...

ဗန်းမော် စစ်ရှောင်ကြိုမည့်ယာဉ်များ စင်းခန်းရွာတွင်သာ စောင့်ဆိုင်း၍...

ဗန်းမော်မြို့ စစ်ရှောင်ကြိုမည့်ယာဉ်များ ယနေ့ ဒီဇင်ဘာ (၂၀)ရက်မှ စတင်၍ ဗန်းမော်-ရွေကူအကြားရှိ စင်းခန်းရွာတွင် သာစောင့်ဆိုင်း၍ မန္တလေးမြို့သို့ ခေါ်ဆောင်ပေးသွားမည်ဟု ဒေသတွင်း စစ်ရှောင်အရေးဆောင်ရွက်နေသည့်...

ဆီးရီးယားတွင် အမေရိကန် တပ်ဖွဲ့ဝင် ၂၀၀၀...

လက်ရှိတွင် အမေရိကန် စစ်မှုထမ်း ၂၀၀၀ ခန့် ဆီးရီးယားတွင် ရောက်ရှိတပ်ဖြန့်ထားကြောင်း ပင်တဂွန် ပြောရေးဆိုခွင့်ရှိသူ ပက်ထရစ်ရိုင်ဒါက သတင်းထောက်များအား ပြောကြားခဲ့သည်။ ယခင်ကမူ...
HomeCelebrities' Newsစွယ်စုံရမင်းသားဖြစ်တဲ့ စိုးသူကိုအားကျသူပြေတီဦး

စွယ်စုံရမင်းသားဖြစ်တဲ့ စိုးသူကိုအားကျသူပြေတီဦး

သရုပ်ဆောင်ပြေတီဦးက သူ ငယ်ငယ်ကတည်းက အားပေးခဲ့ရတဲ့ မင်းသားတစ်ဦးဖြစ်တဲ့ စိုးသူနဲ့ ရိုက် ကူးရမှာဖြစ်တဲ့အတွက် ဝမ်းသာပျော် ရွှင်နေပါတယ်။ စိုးသူရဲ့ဇာတ်ကား တွေကိုလည်း အများကြီး ကြည့်ခဲ့ဖူး သူပါ။ ငယ်စဉ်က အားပေးခဲ့ရတဲ့ စိုး သူရဲ့ဇာတ်ကားတွေနဲ့ ပတ်သက်ပြီး ပြေတီဦးက …

“ကျွန်တော်တို့က ငယ်ငယ်တုန်း က မင်းသားဖြစ်ချင်လိုက်တာဆိုပြီး ၃ တန်း၊ ၄ တန်းအရွယ်မှာ မရှိခဲ့ဖူး သေးဘူး။ ဒါပေမဲ့ အဲဒီခေတ် အဲဒီ ကာလမှာဆိုရင် စနေ၊ တနင်္ဂနွေ ကျောင်းပိတ်ရက်ဆိုရင် တီဗီကနေ ရုပ်ရှင်တွေလာတယ်။ ဖျော်ဖြေမှုဆို တာ ဒါပဲရှိတာကိုး။ အဲဒါကို အမြဲ စောင့်ကြည့်ရတယ်။ ကိုစိုးသူရဲ့ဇာတ် ကားဆိုရင် အများကြီး ကြည့်ဖူးတယ်။ နာမည်တွေကတော့ ဒိုး ဇာတ်ကားတို့ ဆိုရင် မှတ်မိတာပေါ့။ မျက်ဝန်းထဲမှာ မိုးရွာပြီ ညိုတို့ စသဖြင့် နာမည်နဲ့ တိတိကျကျသာမသိတာ ကြည့်ဖူးတာ တွေက အများကြီးပဲ။ ကျွန်တော်က ငယ်ငယ်ကတည်းက ရုပ်ရှင်ကြည့်ရင် ခံစားတာသိပ်လွယ်တယ်။ ရုပ်ရှင် ထဲမှာ စိတ်မကောင်းစရာ ရှိပြီဆိုရင် အပြင်မှာ အလိုလိုမျက်ရည်က ထိန်း လို့ကိုမရဘူး။ ခံစားချက်တော့ တအား လွယ်တယ်”လို့ငယ်စဉ်က အကြောင်း တွေကို ပြန်ပြောပြပါ တယ်။

စိုးသူက သရုပ်ဆောင်မှာလည်း အောင်မြင်သလို ရုပ်ရည်ကလည်း ချောမောသူဖြစ်ပြီး အဆိုပိုင်းမှာ လည်း အောင်မြင်တဲ့ စွယ်စုံရမင်း သားဖြစ်တဲ့အတွက် အားကျမိတယ် လို့ ပြေတီဦးက ဆိုပါတယ်။ အခုလို စွယ်စုံရမင်းသားတစ်ဦးနဲ့ ရိုက်ကူး ရမှာဖြစ်တဲ့အတွက် သူ့ဆီက ပညာ တွေ ရမယ်လို့ ယုံကြည်ကြောင်းကို လည်း ပြေတီဦးက …

“ယူတတ်လို့ရှိရင် ပညာတွေက ရတာပါပဲ။ ဘယ်အပိုင်းလေးကို ဘယ်လိုသင်ယူမယ်ထက်စာရင် သူ ဘာကို ဘယ်လိုလုပ်သလဲ။ ကျွန် တော်ကတော့ ကိုစိုးသူမှမဟုတ်ဘူး။ ရှိသမျှ လူတွေဆီက အကုန်လုံးသင်ယူ တယ်။ ကိုယ်တိုင်သင်တာမဟုတ်ဘူးဆိုရင်တောင် လိုက်ကြည့်တယ်။ သူ က စိတ်နေစိတ်ထား ဘယ်လိုရှိလဲ၊ ဇာတ်တစ်ဇာတ်ကို သူဘယ်လိုလက်ခံ လဲ၊ ဒီဇာတ်တစ်ဇာတ်ကို ချဉ်းကပ်တဲ့ အခါမှာ သူဘယ်လိုချဉ်းကပ်လဲ၊ အိုက်တင်မုဒ်ကို သူဘယ်လိုမွေးသလဲ ဆိုတာ ကြည့်တာပေါ့။ အနုပညာမှာမှ မဟုတ်ဘူး။ တခြားလူမှုရေးကိစ္စတွေ မှာပါ သူဘယ်လိုတွေ ကြုံရင် ဘယ် တွေ ဆုံးဖြတ်သလဲ စသဖြင့် လူတွေ အကုန်လုံးကို အတုယူတယ်။ လူတွေ ရဲ့ကောင်းချက်၊ ဆိုးချက်တွေကို မြင် အောင် လိုက်ကြည့်တယ်။ ကောင်း တာတွေကို ရအောင် သိမ်းထားပြီး တော့ လိုက်လေ့လာတယ်။ ကိုစိုးသူ ဆီကလည်း သင်ယူစရာတွေ အများ ကြီးရမှာပါ” လို့ ပြောပါတယ်။

ခိုင်ဝေလွင်၊

ဓာတ်ပုံ- မင်းမင်းထွန်း

Ads Space Available


Continue reading

တရုတ် ကုမ္ပဏီများဖြစ်သည့် SEAOP နှင့် SEAGP တို့မှ မြန်မာနိုင်ငံ၌ ပရဟိတနှင့်လူမှုဖူလုံရေးလုပ်ငန်းပေါင်း(၄၉၃)ခုလုပ်ဆောင်ခဲ့

တရုတ်နိုင်ငံမှ ကုမ္ပဏီများဖြစ်သည့် အရှေ့တောင်အာရှရေနံပိုက်လိုင်းကုမ္ပဏီ(SEAOP)နှင့် အရှေ့တောင်အာရှ သဘာဝဓာတ်ငွေ့ပိုက်လိုင်းကုမ္ပဏီ(SEAGP)တို့သည် မြန်မာနိုင်ငံ၌ ပရဟိတနှင့်လူမှုဖူလုံရေးလုပ်ငန်းပေါင်း(၄၉၃)ခု လုပ်ဆောင်ခဲ့ကြောင်း သိရသည်။ ပြီးခဲ့သည့် ဒီဇင်ဘာ ၁၇ ရက်က ရန်ကုန်မြို့၌ပြု လုပ်ခဲ့သည့် “တရုတ်-မြန်မာ ရေနံနှင့်သဘာဝ ဓာတ်ငွေ့ပိုက်လိုင်းစီမံကိန်း ၂၀၂၄ ESG အစီရင်ခံစာ”မိတ်ဆက်ပွဲတွင်ဖော်ပြခဲ့သည့် အစီရင်ခံစာအရ သိရသည်။ အစီရင်ခံစာအရ ယင်း ကုမ္ပဏီများသည် မြန်မာနိုင်ငံပညာရေးကဏ္ဍတွင် ကလေးငယ်များ၏ ပညာသင်ကြားမှုတိုးတက်ကောင်းမွန်လာစေရန် အခြေခံပညာအထက်တန်းနှင့် မူလတန်းကျောင်းများ၌ စာသင်ကျောင်းဆောင်(၁၆၃)ဆောင်၊ စာကြည့်တိုက်၊ ခန်းမ၊ လမ်းတို့နှင့်ပတ်သက်သည့် အဆောက်အဦ(၂၈)ခုနှင့် သင်ထောက်ကူပစ္စည်းများကို လှူဒါန်းပေးခဲ့ကြကြောင်း သိရသည်။ ထို့ပြင် ကျန်းမာရေးကဏ္ဍ၌ ဆေးရုံနှင့်ဆေးကုသရေးစင်တာစီမံကိန်း(၃၅)ခု၊...

ပြန်ပေးမှု ၊ လုယ-က်မှုများကြောင့် မန္တလေးတွင် ညဦးပိုင်း အပြင်မထွက်ဖို့ လူငယ်များအချင်းချင်း သတိပေးမှုများရှိလာနေ

ပြန်ပေးဆွဲမှု၊ လုယ-က်မှုများ ဖြစ်ပေါ်ထားသည့် မန္တလေးမြို့တွင် ညဦးပိုင်းကစပြီး လူငယ်များ အပြင်မထွက်ကြရန် လူငယ်များအချင်းချင်း သတိပေးမှုများရှိလာနေကြောင်း သိရသည်။ "ကြားတယ်၊ အိမ်ကလည်း စိုးရိမ်နေတယ်။ မနေ့ကဆို သိပ္ပံလမ်းမကြီးပေါ်မှာတောင် ပြန်တဲ့လူ သိပ်မရှိတော့ဘူး၊ သတိထားသွားလာနေကြရတယ်"ဟု မန္တလေးမြို့ခံလူငယ်တစ်ဦးက ပေါ်ပြူလာနယူးကို ပြောသည်။ မန္တလေးမြို့ပေါ်၌ အခုရက်ပိုင်း လူပျောက်မှုများအပြင် ခိုးမှု၊ လုယ-က်မှု၊ ဓ-ားပြတိုက်မှုများလည်း ဆက်တိုက်ဖြစ်ပွားနေသည့်အတွက် မြို့ခံများသည်လည်း စိုးရိမ်ပူပန်နေကြကြောင်း အထက်ပါဒေသခံကပင် ဆိုသည်။ အဆိုပါ အဖြစ်အပျက်များကြောင့် အချို့သော ဆိုင်များ၊ အရောင်းဆိုင်များသည်လည်း (၆)နာရီခွဲမတိုင်ခင် ရုံးစောဆင်းပေးနေပြီး အိမ်ကိုသာစောစောပြန်ကြရန် တိုက်တွန်းမှုများလည်း ပြုလုပ်နေသည်ဟုလည်း...

ဗန်းမော် စစ်ရှောင်ကြိုမည့်ယာဉ်များ စင်းခန်းရွာတွင်သာ စောင့်ဆိုင်း၍ ကြိုသွားမည်ဟု စစ်ရှောင်ကယ်ဆယ်ရေးအဖွဲ့ အသိပေး

ဗန်းမော်မြို့ စစ်ရှောင်ကြိုမည့်ယာဉ်များ ယနေ့ ဒီဇင်ဘာ (၂၀)ရက်မှ စတင်၍ ဗန်းမော်-ရွေကူအကြားရှိ စင်းခန်းရွာတွင် သာစောင့်ဆိုင်း၍ မန္တလေးမြို့သို့ ခေါ်ဆောင်ပေးသွားမည်ဟု ဒေသတွင်း စစ်ရှောင်အရေးဆောင်ရွက်နေသည့် အဖွဲ့ထံက သိရသည်။ အဆိုပါ စင်းခန်းကျေးရွာသည် ဗန်းမော် ရွှေကူနယ်ကြား ဧရာဝတီမြစ်ကြောင်းပေါ်တွင် တည်ရှိပြီး ထိုနေရာသည် ဗန်းမောက်၊ မံစီဘက်သို့ ရေကြောင်းလမ်း အသုံးပြုရာ၌ အရေးပါသည့် နေရာတစ်ခုလည်းဖြစ်ကြောင်း သိရသည်။ ဗန်းမော်မြို့ တိုက်ပွဲများကြောင့် စစ်ရှောင်ကူညီကယ်ဆယ်ရေးအဖွဲ့အ‌နေဖြင့် မြို့တွင်းသို့ ဝင်ရောက်ကယ်ထုတ်ရန် အခက်အခဲအချို့ရှိနေပြီး အချို့သော နာမကျန်းသူများမှအပ စင်းခန်းကျေးရွာတွင် သွားရောက်စောင့်ဆိုင်းကြရန် အသိပေးထားခြင်းဖြစ်သည်။ ယမန်နေ့ ဒီဇင်ဘာ...

Ads Space Available

Boost your brand’s visibility with prime ad space on our website—reach your audience effectively and drive results! Call Us at: 09-420209071