စွယ်စုံရမင်းသားဖြစ်တဲ့ စိုးသူကိုအားကျသူပြေတီဦး

0
464

သရုပ်ဆောင်ပြေတီဦးက သူ ငယ်ငယ်ကတည်းက အားပေးခဲ့ရတဲ့ မင်းသားတစ်ဦးဖြစ်တဲ့ စိုးသူနဲ့ ရိုက် ကူးရမှာဖြစ်တဲ့အတွက် ဝမ်းသာပျော် ရွှင်နေပါတယ်။ စိုးသူရဲ့ဇာတ်ကား တွေကိုလည်း အများကြီး ကြည့်ခဲ့ဖူး သူပါ။ ငယ်စဉ်က အားပေးခဲ့ရတဲ့ စိုး သူရဲ့ဇာတ်ကားတွေနဲ့ ပတ်သက်ပြီး ပြေတီဦးက …

“ကျွန်တော်တို့က ငယ်ငယ်တုန်း က မင်းသားဖြစ်ချင်လိုက်တာဆိုပြီး ၃ တန်း၊ ၄ တန်းအရွယ်မှာ မရှိခဲ့ဖူး သေးဘူး။ ဒါပေမဲ့ အဲဒီခေတ် အဲဒီ ကာလမှာဆိုရင် စနေ၊ တနင်္ဂနွေ ကျောင်းပိတ်ရက်ဆိုရင် တီဗီကနေ ရုပ်ရှင်တွေလာတယ်။ ဖျော်ဖြေမှုဆို တာ ဒါပဲရှိတာကိုး။ အဲဒါကို အမြဲ စောင့်ကြည့်ရတယ်။ ကိုစိုးသူရဲ့ဇာတ် ကားဆိုရင် အများကြီး ကြည့်ဖူးတယ်။ နာမည်တွေကတော့ ဒိုး ဇာတ်ကားတို့ ဆိုရင် မှတ်မိတာပေါ့။ မျက်ဝန်းထဲမှာ မိုးရွာပြီ ညိုတို့ စသဖြင့် နာမည်နဲ့ တိတိကျကျသာမသိတာ ကြည့်ဖူးတာ တွေက အများကြီးပဲ။ ကျွန်တော်က ငယ်ငယ်ကတည်းက ရုပ်ရှင်ကြည့်ရင် ခံစားတာသိပ်လွယ်တယ်။ ရုပ်ရှင် ထဲမှာ စိတ်မကောင်းစရာ ရှိပြီဆိုရင် အပြင်မှာ အလိုလိုမျက်ရည်က ထိန်း လို့ကိုမရဘူး။ ခံစားချက်တော့ တအား လွယ်တယ်”လို့ငယ်စဉ်က အကြောင်း တွေကို ပြန်ပြောပြပါ တယ်။

စိုးသူက သရုပ်ဆောင်မှာလည်း အောင်မြင်သလို ရုပ်ရည်ကလည်း ချောမောသူဖြစ်ပြီး အဆိုပိုင်းမှာ လည်း အောင်မြင်တဲ့ စွယ်စုံရမင်း သားဖြစ်တဲ့အတွက် အားကျမိတယ် လို့ ပြေတီဦးက ဆိုပါတယ်။ အခုလို စွယ်စုံရမင်းသားတစ်ဦးနဲ့ ရိုက်ကူး ရမှာဖြစ်တဲ့အတွက် သူ့ဆီက ပညာ တွေ ရမယ်လို့ ယုံကြည်ကြောင်းကို လည်း ပြေတီဦးက …

“ယူတတ်လို့ရှိရင် ပညာတွေက ရတာပါပဲ။ ဘယ်အပိုင်းလေးကို ဘယ်လိုသင်ယူမယ်ထက်စာရင် သူ ဘာကို ဘယ်လိုလုပ်သလဲ။ ကျွန် တော်ကတော့ ကိုစိုးသူမှမဟုတ်ဘူး။ ရှိသမျှ လူတွေဆီက အကုန်လုံးသင်ယူ တယ်။ ကိုယ်တိုင်သင်တာမဟုတ်ဘူးဆိုရင်တောင် လိုက်ကြည့်တယ်။ သူ က စိတ်နေစိတ်ထား ဘယ်လိုရှိလဲ၊ ဇာတ်တစ်ဇာတ်ကို သူဘယ်လိုလက်ခံ လဲ၊ ဒီဇာတ်တစ်ဇာတ်ကို ချဉ်းကပ်တဲ့ အခါမှာ သူဘယ်လိုချဉ်းကပ်လဲ၊ အိုက်တင်မုဒ်ကို သူဘယ်လိုမွေးသလဲ ဆိုတာ ကြည့်တာပေါ့။ အနုပညာမှာမှ မဟုတ်ဘူး။ တခြားလူမှုရေးကိစ္စတွေ မှာပါ သူဘယ်လိုတွေ ကြုံရင် ဘယ် တွေ ဆုံးဖြတ်သလဲ စသဖြင့် လူတွေ အကုန်လုံးကို အတုယူတယ်။ လူတွေ ရဲ့ကောင်းချက်၊ ဆိုးချက်တွေကို မြင် အောင် လိုက်ကြည့်တယ်။ ကောင်း တာတွေကို ရအောင် သိမ်းထားပြီး တော့ လိုက်လေ့လာတယ်။ ကိုစိုးသူ ဆီကလည်း သင်ယူစရာတွေ အများ ကြီးရမှာပါ” လို့ ပြောပါတယ်။

ခိုင်ဝေလွင်၊

ဓာတ်ပုံ- မင်းမင်းထွန်း


LEAVE A REPLY

Please enter your comment!
Please enter your name here