ဇာတ်ကားတစ်ကား ကောင်းဖို့ဆိုတာ Team Work ရှိဖို့လိုတယ်အကယ်ဒမီမြင့်မြတ်

0
127

မြင့်မြတ်ကို ရဲအရာရှိတစ် ယောက်အနေနဲ့ သိပ်ပြီးလိုက်ဖက် မယ်လို့ မထင်ခဲ့ရင် ‘Special 9′ ရုပ် ရှင်ဇာတ်ကားထဲက မြင့်မြတ်ကာ ရိုက်တာကြောင့် ထင်မြင်မှုတွေတက် တက်စင်အောင်လွဲသွားပါလိမ့်မယ်။ အဓိကကတော့ မြင့်မြတ်ကTeam Work ကို တန်ဖိုးထားသူပါ။

“ဇာတ်ကားတစ်ကားကောင်းဖို့ ဆိုတာ တစ်ယောက်တည်းကောင်းနေ လို့ မပြီးဘူး။Team Work ညီဖို့လို တယ်။ အခု  Special 9 ကသက်သေ ပါပဲ။ ပါဝင်တဲ့သရုပ်ဆောင်တွေ၊ အဆိုတော်တွေ၊ နောက်ပြီး ဧည့်သည် အဆိုတော်တွေ ရှိပါသေးတယ်။ အားလုံးဝိုင်းပြီးကူညီပေးတာဗျ။ အဲဒီ လိုTeam Work ကောင်းလို့ ဒီဇာတ် ကားက တအားသွက်တယ်။ ကောင်း တယ်။ ကျွန်တော်ကတော့ အဲဒီတစ် ချက်ကို မြင်တယ်” လို့ မြင့်မြတ်က ပြောပါတယ်။ ဒါဆိုရင် ‘Special 9′ က မြင့်မြတ်အတွက် ကျေနပ်မှုရှိတဲ့ဇာတ်ကားတစ်ကားပေါ့လို့ ဆိုတော့ …

“ပြောစရာမလိုဘူးလေ။ အခု ဇာတ်ကားလည်း ပြီးပြီဗျာ။ ပရိ သတ်လည်း တဝါးဝါး လက်ခုပ်တီး တယ်။ အားပေးတယ်။ အဓိကက ကို ယုန်လေး။ ကျွန်တော်တို့ကတော့ အကုန်လုံး တက်ညီလက်ညီနဲ့ပါ။ တကယ်ပါ။ ဒီဇာတ်ကားမှာ ပါဝင်တဲ့ သူ တွေကို အကုန်လုံးကျေးဇူးတင် တယ်။ ကိုအယ်ကြီး(ထူးအယ်လင်း)က အစပေါ့။ တအားကူညီတယ်။ တအားကို စိတ်ရှည်သည်းခံပြီးတော့ ရိုက်ကူးပေးတယ်။ အဓိကကတော့ ကို ယုန်လေးတော်လို့ပါ” လို့ သူက ဆိုပါတယ်။ ယုန်လေးနဲ့က အလုပ် တွေ တော်တော်တွဲပြီး လုပ်ကိုင်သလို ချစ်လည်း ချစ်ကြတယ်။ သူငယ်ချင်း ၂ ယောက်ကြားထဲက သံယောဇဉ် လေးကိုပြောပါဦးလို့ဆိုတော့ …

“သူငယ်ချင်းဆိုတာထက် ကျွန် တော်တို့က ညီအစ်ကိုတောင်ဖြစ်နေ ပါပြီ။ အကုန်လုံး ဘယ်သူ့မှာပဲ ဒုက္ခ ရှိရှိ ကိုယ်တတ်နိုင်တဲ့ဘက်ကနေ ဝိုင်းဝန်းကူညီကြတာပဲ ခင်ဗျ။ ကျွန် တော် ဒုက္ခရောက်နေတဲ့အချိန်မှာ လည်း ကိုယုန်လေး ကူညီခဲ့တာတွေ အများကြီးရှိတယ်။ အများကြီးပါ” လို့ မြင့်မြတ်က ပြောပါတယ်။ နောက် ထပ်လာမယ့် ဇာတ်ကားအသစ်တွေ က …” ရှိပါတယ်။

ကျွန်တော် ကတော့ ကာရိုက်တာအစုံပါပဲ။ ကျွန် တော်ရယ်၊ ကိုယုန်လေးရယ်ပေါင်းပြီး ဒရာမာဇာတ်ကားရိုက်ကူးဖို့လည်း ရှိပါသေးတယ်”လို့ မြင့်မြတ်က ပြော ပြခဲ့ပါတယ်။

မျိုးမောင်


LEAVE A REPLY

Please enter your comment!
Please enter your name here