စိုးသူရဲ့ သရုပ်ဆောင်မှုတွေကို ပထမဆုံးပြန်လည်မြင်တွေ့ရမယ့် ‘တရားလား’ ရုပ်ရှင်ဇာတ်ကား မိတ်ဆက်

0
213

ပိုးပိုးရုပ်ရှင်ထုတ်လုပ်ရေးက စီစဉ်ပြီး ဇာတ်လမ်းကိုကျော်နှင့် မင်း ခိုက်စိုးစန်၊ ဇာတ်ညွှန်း ကိုကျော် ရေး သားတဲ့ ‘တရားလား’ ရုပ်ရှင် ဇာတ် ကားကို ဒါရိုက်တာ ကျော်ဇောလင်း (အတွေးပုံရိပ်) က စက်တင်ဘာ ၁ဝ ရက်နေ့မှာ ရိုက်ကူးပုံဖော်သွားမှာ ဖြစ်ပါတယ်။ ဒီဇာတ်ကားမှာ စိုးသူ၊ ပြေတီဦး၊ ဝတ်မှုံရွှေရည်၊ ချိုပြုံးနဲ့ သရုပ်ဆောင်များစွာ ပါဝင်သရုပ် ဆောင်သွားမှာ ဖြစ်ပါတယ်။ ဇာတ် လမ်းက လူနေမှုဘဝကို ထင်ဟပ်စေ မယ့် ဒရာမာဇာတ်လမ်းပုံစံပါ။ စိုးသူ ရဲ့ပရိသတ်တစ်ဦးပါလို့ ဆိုတဲ့ ဒါရိုက် တာ ကျော်ဇောလင်းက …

”ကျွန်တော်တို့ ရုပ်ရှင်ကို သေ သေချာချာ အရသာခံကြည့် တတ်တဲ့ အချိန်မှာ ကိုကျော်သူတို့ ကိုစိုးသူ တို့က ကျွန်တော်တို့ရဲ့ မင်းသားတွေ ပေါ့။ နောက်မှာထပ်ပြီး ကိုရန်အောင် တို့ ကိုရဲအောင်တို့ ကိုပြေငြိမ်းတို့၊ အဲဒီနောက်ကမှ ဒွေး၊ လွင်မိုး၊ အခု ဆို ပြေတီဦးတို့၊ နေတိုးတို့ အချိန်ထိ ပေါ့။ တစ်ချိန်တုန်းက ကျွန်တော် တို့က ကိုစိုးသူတို့ရဲ့ ပရိသတ်ဖြစ်ခဲ့ တယ်။ ဒီအနုပညာအလုပ်တွေကို ဝင်ပြီးလေ့လာတဲ့အချိန်မှာလည်း ကျွန်တော်တို့နဲ့ လုပ်ဖော်ကိုင်ဖက်လို ပုံစံမျိုး၊ မိတ်ဆွေဟောင်းတွေ ဖြစ်ခဲ့ ကြတယ်။ ဖလင်ခေတ်မှာ ရုပ်ရှင်ရိုက် ပြီး မင်းသားဖြစ် လာတဲ့သူတွေ ထဲမှာ ကိုကျော်သူနဲ့ ရိုက်ဖူးတယ်။ ဦးကျော် ဟိန်းနဲ့ ရိုက်ဖူးတယ်။ အခုဆို ကိုစိုး သူနဲ့ ရိုက်ဖူးသွားပြီ။ တစ်ချိန်ချိန်မှာ ဒီလူကြီးတွေနဲ့ ရိုက်ခွင့်ရချင်တယ် ဆိုတဲ့ စိတ်ကူးမျိုး ရှိခဲ့ဖူးတယ်။ ဒီနေ့ တော့ တကယ်ဖြစ် လာပါပြီ။ ကိုစိုးသူ ရဲ့အိုက်တင်တွေနဲ့ ကိုစိုးသူရဲ့စိတ်ကူး စိတ်သန်းတွေနဲ့ ကျွန်တော်တို့ရဲ့ ဒီ ဘက်ခေတ်ဖန်တီး မှုတွေနဲ့ ပူးပေါင်း ပြီး ကိုစိုးသူရဲ့ ပရိသတ်တွေရော၊ အခု လက်ရှိ ကိုစိုးသူသရုပ် ဆောင်တာကို မကြည့် ဖူးတဲ့ ပရိသတ်တွေရော ကျေနပ် အားရတဲ့ ဇာတ်ကားမျိုး ဖြစ်အောင် ဖန်တီးကြမှာပါ” လို့ပြောပါ တယ်။

ဒီ ဇာတ်ကားကို တောင်ကြီး၊ အောင် ပန်း၊ ကလော မြို့များမှာသွားရောက် ရိုက်ကူးသွား မှာဖြစ်ပါတယ်။

P-060

ဓာတ်ပုံ- မင်းမင်းထွန်း


LEAVE A REPLY

Please enter your comment!
Please enter your name here