စားဝတ်နေရေးကြောင့် သရုပ်ဆောင်အလုပ်ထက် စီးပွားရေးပဲလုပ်ဖြစ်နေတော့တဲ့ သရုပ်ဆောင်

0
249

အခုလက်ရှိမှာတော့ သရုပ်ဆောင်နေယံက ဗီဒီယိုဇာတ်ကားတွေမှာပါဝင်မရိုက်ကူးဖြစ် တော့ဘဲ ဇာတ်လမ်းတွဲတွေလောက်သာပါဝင်ရိုက်ကူးဖြစ်နေပါတော့တယ်။ မကြာခင်ပြသတော့ မယ့် ‘နေရယ် လရယ် အမှန်တရားရယ်’ ဇာတ်လမ်းတွဲမှာလည်း နေယံကရှေ့နေတစ်ဦးအဖြစ်ပါဝင် သရုပ်ဆောင်ထားသလို ‘ဇနီးချောများကွန်ရက်’ဇာတ်လမ်းတွဲမှာလည်း ပါဝင်သရုပ်ဆောင်ထား ပါသေးတယ်။

“ကျွန်တော်သိပ်မရိုက်ကူးဖြစ်တော့ဘူး။ စီးပွားရေးတွေပဲလုပ်ဖြစ်တော့တယ်။ မျက်လုံးလည်း သိပ်မကောင်းဘူးလေ။ အခုမှနည်းနည်းပြန်ကောင်းလာလို့ ဒီနှစ်မှ ပြန်ပြီးရိုက်ကူးတာ။ မရိုက်ဖြစ် တာကတော့ တခြားအဆင်မပြေတဲ့အကြောင်းအရာလေးတွေ အများကြီးရှိပါတယ်။ အဓိက ကတော့ စားဝတ်နေရေးပေါ့။ စားဝတ်နေရေးရပ်တည်ရတဲ့အခါမှာ ငွေရေးကြေးရေးရှိမှဖြစ်တာကိုး။ ကျွန်တော်တို့က အောင်မြင်တဲ့ သရုပ်ဆောင်တစ်ယောက်လည်း မဟုတ်တဲ့အတွက်ကြောင့် ငွေရေးကြေးရေးမှာ သရုပ်ဆောင်ပိုင်းမှာက အဲဒီလောက်ရတာမဟုတ်ဘူးလေ။ အဲဒီတော့ အခက်အခဲရှိတယ်။ အဲဒီတော့ စီးပွားရေးမလုပ်မနေကို နံပါတ်တစ် အရေးကြီးလာတယ်။ ဒါ ကြောင့် ကိုယ့်ရဲ့စားဝတ်နေရေးဘက်ကို ဦးစားပေးရလို့ ဒီဘက်ကို လျော့နည်းသွားတာပါ”လို့ ဇာတ်ကားတွေ မရိုက်ကူးဖြစ်တော့ခြင်းနဲ့ပတ်သက်လို့ နေယံကပြောပါတယ်။ ရုပ်ရှင်ဇာတ်ကားကြီး တွေလည်း သူ့ကိုလာ ငှားကြပေမယ့်နေရာသိပ်မရတဲ့အတွက် မရိုက်ကူးဖြစ်ဘဲ ရသလောက်နေ ရာလေးနဲ့လည်း မရိုက်ကူးချင်တော့တာတွေကြောင့် ငြင်းပယ်ဖြစ်ခဲ့တယ်လို့ သူက ပြောပါတယ်။

“ကျွန်တော်လည်း အသက်ကြီးပြီလေ။ အတိုင်းအတာလေးတစ်ခု အထိလုပ်ကိုင်ခဲ့ပြီးသွားပြီ။ အတိုင်းအတာတစ်ခုအထိ ပရိသတ်က ကိုယ့်လည်း သိထားတာလေးတွေရှိတော့ ပြီးစလွယ်တော့ မလုပ်ဖြစ်တော့ဘူး”လို့ နေယံက ပြောပါတယ်။ သရုပ်ဆောင်ရဲတိုက်နဲ့ နေယံဆိုတာ သိပ်ချစ်ကြ တဲ့သူငယ်ချင်းတွေပါ။ ရဲတိုက်ထွက်လာပြီး ၂ ပတ်အကြာမှာပဲ သူငယ်ချင်းဖြစ်သူနေယံရဲ့ ဖက်ရှင် ဆိုင်ကိုလာပြီး အင်္ကျီတွေဝယ်ခဲ့ပြီး သူငယ်ချင်းနှစ်ယောက်စကားတွေ ပြောဖြစ်ကြသေးတယ်လို့ သိရပါတယ်။ သူငယ်ချင်းနှစ်ယောက်ပေါင်းပြီး အနုပညာအလုပ်တွေ လုပ်ကိုင်သွားဖို့တော့မရှိပါ ဘူးလို့ နေယံက ပြောပါတယ်။ နေယံက အခုလက်ရှိမှာတော့ ဖက်ရှင်ဆိုင်တွေဖွင့်လှစ်ထားပါတယ်။

လင်းအက္ခရာ


LEAVE A REPLY

Please enter your comment!
Please enter your name here