ကိုယ်ဝါသနာမပါတဲ့အလုပ်က ရေရှည်လုပ်လို့ အဆင်မပြေနိုင်ဘူး မအေးသောင်း

0
148

မြန်မာဆန်ဆန်လေးနဲ့ ရိုးရှင်းတဲ့အလှကို ပိုင်ဆိုင်ထားပြီး ပရိသတ်တွေရဲ့ ချစ်ခင်အားပေးမှု အပြည့်အဝကို ရရှိပိုင်ဆိုင်ထားသူကတော့ အေးဝတ်ရည်သောင်းပါ။ ချစ်စနိုးနဲ့ မအေးသောင်းလို့လည်း ခေါ်ကြပါသေးတယ်။ အခု လတ်တလောမှာ ကြော်ငြာတွေ ရိုက်ကူးနေပြီး ပါဝင်သရုပ်ဆောင်ထားတဲ့ ရုပ်ရှင်ဇာတ်ကားကြီးလည်း ရုံတင်ဖို့ရှိတယ်လို့ သိရပါတယ်။ ကြော်ငြာတွေမှာ အိန္ဒြာကျော်ဇင်နဲ့အတူတူ သရုပ်ဆောင်နေတာတွေလည်း တွေ့ရတယ်။ မအူဝဲဆီက ဘယ်လိုအချက်တွေ သဘောကျမိလဲ၊ ဘယ်လိုအရာတွေမှာ အားကျမိလဲဆိုတာကို မအေးသောင်းက…

‘မအူဝဲနဲ့က Sweety က ဘော်လီကြော်ငြာအတူတူ ရိုက်ထားတယ်။ မအူဝဲဆီက သဘောကျမိတာတော့ အများကြီးပါ။ သူ့ရဲ့ အကြည့်တွေ ပေါက်စီ တအားသဘောကျတယ်။ ဝတ်ပုံစားပုံတွေကအစ။ ပေါက်စီက ဖက်ရှင် မကျတဲ့သူဆိုတော့ Fashion ကျတဲ့ သူတွေကို တအားသဘောကျတာ။ မအူဝဲကို ဟိုး Model ဘဝတုန်းကလည်း အားကျတယ်။ သရုပ်ဆောင် ဘဝရောက်လာတော့လည်း အားကျရတဲ့သူပါ။ မအူဝဲဘယ်လိုပြင်တယ်ဆင်တယ် နေတယ်ထိုင်တယ်ဆိုတာကို ရိုက်ကွင်းမှာတင် မကဘူး။ အပြင်မှာပါ ပညာယူတယ်” လို့လည်း ပြောပြခဲ့ပါတယ်။ အနုပညာလောကမှာ ကိုယ်အားကျရတဲ့ သူတွေရှိလား၊ ဘယ်လိုအချက်တွေကြောင့် အားကျမိတာလဲ ဆိုတာ ကိုလည်း မအေးသောင်းက…

”အနုပညာလောကမှာ အားကျမိတဲ့ Idol တွေကတော့ အများကြီးပဲ။ မင်းသမီးဆိုလည်း အိုက်တင်ကြိုက်တဲ့ မင်းသမီးရှိ တယ်။ မင်းသားတွေဆိုလည်း အလုပ်အပေါ်မှာထားတဲ့ စိတ်ဓာတ်ကို ကြိုက်တဲ့မင်းသားရှိတယ်။ အိုက်တင်ကို ကြိုက်တဲ့ မင်းသားရှိတယ်။ အားကျရတဲ့ Idol တစ်ယောက်လို့ ပြောတာ ဆိုတာထက် ပေါက်စီအားကျရတဲ့ Idol တစ် ယောက်လို့ ပြောတာဆိုတာထက် ပေါက်စီအားကျရတဲ့ Idol တွေက အများကြီးပါ။ ပေါက်စီက မြန်မာကား ၉ဝ ရာခိုင် နှုန်း လောက်ကြည့်ဖြစ်တယ်။ ခရီးသွားနေတဲ့အချိန်က လွဲလို့။ ပေါက်စီကောင်းတာတွေလည်း လေ့လာဖြစ်သလို မကောင်းတာတွေလည်း သင်ယူပါတယ်။ အခုချိန်ထိ ရုပ်ရှင်တွေကြည့်ရင်း သင်ယူနေရတုန်းပါ” လို့လည်း ပြောပြခဲ့ပါတယ်။ စီးပွားရေးနဲ့ ပတ် သက်ပြီးလည်း သင်ယူခဲ့တယ်။ ကိုယ်ကိုယ် တိုင်လည်း ပိုးထည်ဆိုင် ဖွင့်ထားတယ်ဆို တော့ စီးပွားရေးကိုကော ဘယ်လို အကြောင်းတွေကြောင့် လုပ်ဖြစ်တာလဲ ဆိုတာကို ”ပေါက်စီက စီးပွားရေးမှာ ဝါသနာပါလို့ လုပ်ဖြစ်တာပါ။ အလုပ် တစ်ခုလုပ်မယ်ဆိုလည်း ကိုယ်ဝါသနာ မပါဘဲနဲ့ ကြာရှည်လုပ်လို့မရဘူးလေ။ စီးပွားရေးပညာက စီးပွားရေးတင် မကဘူး။ အနုပညာအလုပ် လုပ်မယ် ဆိုလည်း သုံးလို့ရတယ်။ Marketing တို့ Human Resources တို့ Finance တို့က ကိုယ့်ဘဝမှာ သုံးလို့ ရတဲ့ဟာတွေ အများကြီးဆိုတော့ သုံးလို့ရတဲ့ နေရာတွေ အကုန်လုံး မှာ သုံးသွားမှာပါ။ အခုသီတင်းကျွတ်တော့မယ် ဆိုတော့ ပေါက်စီကိုယ်ပိုင် ဒီဇိုင်းသစ်လေးတွေ၊ မီးပုံးအဆင်လေးတွေ အသစ်ထွက်ဖို့ရှိတယ်” လို့လည်း မအေးသောင်းက ပြောပြသွားခဲ့ပါ တယ်။ ပေါက်စီကို အားပေးနေတဲ့ ဖေ့ဘွတ်ခ်က အမျိုးတွေ အားလုံးကို ကျေးဇူး တင်သလို ပေါက်စီအနု ပညာအလုပ်တွေကို ကိုယ်စွမ်း၊ ဥာဏ်စွမ်းရှိသ၍ ကြိုးစားသွား မှာပါလို့လည်း ပြောပြခဲ့ပါသေးတယ်။

ခိုင်ဝါဝင်း


LEAVE A REPLY

Please enter your comment!
Please enter your name here