မင်းသမီးဖြစ်နေပြီဆိုတဲ့ ၄ နှစ်သမီးလေး ထိပ်ထားသခင်

0
95

ချစ်စရာဟန်ပန်အမူအရာလေး တွေ၊ အသက်အရွယ်နဲ့ မလိုက်အောင် ပြောတတ်၊ ဆိုတတ်လွန်းတာကြောင့် ပရိသတ်ကြီးရဲ့အချစ်ကို ရရှိ ပိုင်ဆိုင် ထားသူကတော့ ထိပ်ထားသခင်ပဲ ဖြစ်ပါတယ်။ မကြာသေးမီ အချိန် ကာလကပဲ သူကလေးဟာ အသက် ၄ နှစ်ပြည့်မြောက်သွားပြီ ဖြစ်ပါ တယ်။ လေးနှစ်ပြည့် အမှတ်တရ အနေနဲ့ အလှူအတန်းတွေ လုပ်ဖြစ် တာနဲ့ပတ်သက်ပြီး မိခင်ဖြစ်သူ မမြ သင်းကြူက ”သူ့မွေးနေ့မနက်ပိုင်းမှာ တော့ ရန်ကင်းကလေးဆေးရုံကြီးမှာ ချော့ချိုင်နွားနို့နဲ့အတူ အလှူသွား လုပ်ဖြစ်တယ်။ ပြီးတော့ ရွှေတိဂုံ ဘုရားတက်တယ်။ ဘုရားရှိခိုး၊ ရေ သပ္ပာယ်တယ်။ ညနေပိုင်းမှာတော့ ဧည့်ခံပွဲလေးလုပ် ဖြစ်တယ်ပေါ့”လို့ ပြောပြခဲ့ပါတယ်။ အခုလိုမျိုး ထိပ် ထားသခင်လေးကို ပရိသတ်ကြီးက တအားချစ်ကြတဲ့အပေါ် မိဘ တစ် ယောက်အနေနဲ့ ဘယ်လိုမျိုး ပီတိဖြစ် ရလဲဆိုတာကို သူက ငယ်ငယ်လေး ကတည်းက သီချင်းတွေ ဆိုလိုက်၊ အိုက်တင်တွေ လုပ်လိုက်လုပ်နေတာ ဆိုတော့ ကလေးသဘာဝ အလိုက် ဒီလိုမျိုးလေးတွေ လုပ်နေတာ ကိုယ် ကလည်း ဒီအတိုင်းပဲ Facebook ပေါ်တင်ပေးလိုက်တာ။ ပရိသတ်ကြီးက ဒီလောက်ထိ ချစ်ကြမယ်လို့ မထင်ထားဘူး။ အခုလိုမျိုး ချစ်ပေး ကြတဲ့အတွက်လည်း မိခင်တစ် ယောက်အနေနဲ့ ပီတိလည်းဖြစ် ရတယ်။ တအားလည်း ပျော်ပါတယ်။ ဆက်ပြီးလည်း သမီးလေးကို ချစ်ပေး ကြပါ”လို့ မိခင်ဖြစ်သူ မမြသင်းကြူ က ပြောပြခဲ့ပါတယ်။ ထိပ်ထားသခင် လေးကို မီးမီးက ရုပ်ရှင်ဇာတ်ကားတွေ ရိုက်ကူးတော့မယ်။ မင်းသမီးလုပ် တော့မှာလားလို့ မေးကြည့်တဲ့အခါ ”မင်းသမီးတောင် မှဖြစ်နေပြီ။ လုပ် စရာမှ မလိုတော့ဘူး” လို့လည်း ချစ် စရာဟန်ပန်အမူအရာလေးနဲ့ ထိပ် ထားသခင်က ဖြေကြားခဲ့ပါသေး တယ်။ ”အားလုံးကိုလည်း ချစ်ပါ တယ်။ အားလုံးကိုလည်း ကျေးဇူး တင်ပါတယ်။”လို့လည်း ထိပ်ထား သခင်လေးက သူ့ရဲ့ ချစ်စရာပုံစံလေး အတိုင်း ပြောပြသွားပါသေးတယ်။ ထိပ်ထားသခင်ရဲ့ မွေးနေ့ကို ဗဟန်း မြို့နယ်ရှိ Black Canyon စား သောက်ဆိုင်မှာ သြဂုတ်လ ၂၉ ရက် နေ့ ညနေပိုင်းက ကျင်းပပြုလုပ်ခဲ့ပြီး၊ အနုပညာရှင်တွေဖြစ်တဲ့ ဖြိုးပြည့်စုံနဲ့ နေခြည်ဦးတို့ တက်ရောက်ခဲ့ကြပြီး မွေးနေ့ ကိတ်မုန့်အတူတူခွဲကာ မွေး နေ့ဆုမွန်ကောင်းများလည်း တောင်း ပေးခဲ့ကြပါသေးတယ်။

ခိုင်ဝါဝင်း


LEAVE A REPLY

Please enter your comment!
Please enter your name here