အသက် ၇၅ နှစ်ကျော်အထိ နုပျိုနေတဲ့ လျှိုဝှက်ချက်ကိုလူရွှင်တော်ကြီး ဦးမိုးကျော် ပြောပြ

0
245

အသက် ၇၅ နှစ်ကျော်ပြီ ဖြစ်ပေမယ့် အခုအချိန်အထိ လူငယ် လေးတစ်ယောက်လို ပေါ့ပါးဖျတ်လတ်စွာနေထိုင်နေသူကတော့ လူ ရွှင်တော်ကြီး ဦးမိုးကျော်ပါ။ အတွဲညီခဲ့တဲ့ သူငယ်ချင်းဖြစ်သူ လူရွှင် တော်ကြီးဦးဆိုနီကွယ်လွန်သွားပြီးနောက်မှာတော့ အနုပညာလော ကမှာ သူဟာတစ်ကိုယ်တည်း လှုပ်ရှားခဲ့ပါတယ်။

”အခုအချိန်အထိ ဦးကသွားတစ်ချောင်းမှ မကျိုးသေးဘူး။ မျက်မှန်မတပ်ဖူးသေးဘူး။ သတင်းစာနေ့တိုင်းဖတ်တယ်။ လူငယ် စတိုင်ဟော့ရှော့နေတယ်။ အိမ်ထဲကနေအိမ်ပြင်ထွက်တာနဲ့ ဘောင်းဘီတိုနဲ့ စပို့ရှပ်နဲ့ဝတ်ပြီး လူငယ်စတိုင်ပဲသွားတယ်။ ပျော်ပျော်ပဲနေတယ်။ စိတ်ဆင်းရဲတာ ဘာမှမတွေးဘူး။ လမ်းသွားရင် လူငယ်တွေတောင်တော်တော်လိုက်ယူရတယ်။ ဖေကြီးနေပါဦး၊ ဘဘနေပါဦးလို့တောင်ပြောယူရတယ်။ လမ်းလျှောက်လည်း မြန်တယ်။ အားလုံးကမေးကြတယ်။ ဦးမိုးကျော် လန်းလှချည်လား ဆိုပြီးလေ။ အလန်းဇယားပဲလို့ပြန်ပြောလိုက်တယ်။ ဆေးတောင် ဘာဆေးမှ မစားဘူး။ ဦးအိမ်ထဲကနေကား မောင်းထွက်သွားမယ်။ ဦးတစ်ယောက်တည်းပဲသွားတယ်။ ဦးမိုးကျော် ရှေ့ကျကားမှောက် ပြီးသေမှာဆိုရင် စိတ်မဆိုးဘူး။ တချို့တွေက ခရီးသွားခါနီးပြောရင် နိမိတ်မကောင်းဘူးဆိုပြီး စိတ်ဆိုးချင်တယ်။ ကားမှောက်ပြီး သေ မယ့်သူက ရေနစ်မသေဘူး။ ရေနစ်သေမယ့်သူက မြွေကိုက်ပြီး မသေဘူး။ သူ့အထုံနဲ့သူက ပါလာပြီးသားပဲ။ အမေ့ဗိုက်ထဲမှာ သေတယ်။ မွေးမွေးချင်းသေတယ်။ တစ်ပတ်လောက်မှာ သေတယ်။ ဒါက သူ့အထုံနဲ့သူပါလာပြီးသားလေ။ ဒါကြောင့် ဘဘကတော့ ပျော်ပျော်ပဲနေတယ်”လို့ နုပျိုနေတဲ့ သူ့ရဲ့လျှို့ဝှက်ချက်ကို ဦးမိုးကျော်က ပြောပြပါတယ်။

လင်းအက္ခရာ


LEAVE A REPLY

Please enter your comment!
Please enter your name here