မေထုန်ရာသီဖွား ရုပ်ရှင်ဇာတ်ကားကို ၂ဝ၁၆ ခုနှစ် အကယ်ဒမီ စာရင်း ဝင်နိုင်ဖို့ ကြိုးစားနေပါ တယ် ငြိမ်းချမ်းကျော်

0
241

nyine-chan-kyaw-2“မေထုန် ရာသီဖွား” ရုပ်ရှင် ဇာတ်ကားရဲ့ အဓိက ဇာတ်ဆောင် တစ်ဦးလည်း ဖြစ်သလို အဲဒီဇာတ် ကားရဲ့ ထုတ်လုပ်သူ လည်းဖြစ်တဲ့ ငြိမ်းချမ်းကျော် က အမေရိကန်နိုင်ငံ မှာ “မေထုန်ရာသီဖွား” ကို ပြသနိုင်ခဲ့ ပြီးနောက် လက်ရှိမှာတော့ မြန်မာ နိုင်ငံမှာ ရုံတင်ရက် ရနိုင်အောင် ကြိုး စားနေပြီး ဆင်ဆာ ကတော့ ကျထား ပြီးပြီဖြစ်တယ်လို့ ဆိုပါတယ်။

“မေထုန် ရာသီဖွား ဇာတ်ကား ကို ရုံတင်နိုင်ဖို့ ကြိုးစားနေတယ်။ အတတ်နိုင်ဆုံးတော့ “မေထုန် ရာသီ ဖွား” ရုပ်ရှင်ဇာတ်ကားကို ၂ဝ၁၆ ခုနှစ် အကယ်ဒမီ စာရင်း ဝင်နိုင်ဖို့ ကြိုးစားနေပါတယ်။ အမေရိကန်မှာ ပြသတုန်းကလည်း သူတို့နိုင်ငံ အတွင်း ပြသခွင့်အတွက် ဆင်ဆာ တစ်ခါ တင်ရပါတယ်။ “မေထုန်ရာသီဖွား” ရုပ်ရှင် ဇာတ်ကားကို အမေရိကန် နိုင်ငံသားတွေရော၊ အဲဒီကို ရောက်နေတဲ့ မြန်မာနိုင်ငံ သားတွေရော ကြိုက်နှစ်သက်ကြ တယ်ဆိုတဲ့ Feedback  ကိုတော့ ရခဲ့ပါတယ်။ ဒီဇာတ်ကားကို LA Time မှာ Reviewရေးသားခြင်း ခံရတာကလည်း သူတို့ဆီက သတင်း ထောက်တွေ အနေနဲ့က သူတို့ကြည့် ဖြစ်တဲ့ ဇာတ်ကားတွေ ဆိုရင် ကောင်း သည် ဖြစ်စေ၊ မကောင်း သည် ဖြစ် စေ ရေးသားတာမျိုး ရှိတယ်။ အခုလို ရေးလိုက်တာကို ကျွန်တော်တို့လည်း မသိလိုက်သေးဘူး။ Wikipedia မှာ တွေ့လိုက်မှသာ ကျွန်တော်လည်း သိရတာဖြစ်ပါတယ်” လို့ ငြိမ်းချမ်း ကျော်က ပြောပြပေးပါတယ်။ အော် စကာ စာကြည့်တိုက်မှာ “မေထုန်ရာ သီဖွား” ဇာတ်ကားရဲ့ ဇာတ်ညွှန်းကို စာကြည့်တိုက်မှာ ရာသက်ပန် ထားရှိ ဖို့ ကမ်းလှမ်းခံရတဲ့ ကိစ္စဟာလည်း ငွေကြေး လမ်းကြောင်းအရ လိုက် ထားတာမျိုး လုံးဝ မဟုတ်ဘူးလို့ ငြိမ်း ချမ်းကျော်ကတော့ ဆိုပါတယ်။

စာကြည့်တိုက်ထဲမှာ ရောက် နေရမယ့် စာအုပ်တစ်အုပ်အတွက်ကို ကျွန်တော် ဆိုရင်လည်း အဲဒီလောက် ငွေကြေး အများကြီးသုံးမှာ မဟုတ် ဘူးလေ။ အဲဒီငွေကြေး အများကြီးကို ဒီ့ထက်ပို ထိရောက်မယ့် နေရာမှာပဲ ကျွန်တော် သုံးစွဲလိုက်မှာပေါ့ဗျာ။ ဒီ အကြောင်းအရာ က တအားကို ရိုး ရှင်းလွန်းပါတယ်” လို့ ငြိမ်းချမ်း ကျော်ကတော့ ဆိုပါတယ်။

“မေထုန်ရာသီဖွား” ဇာတ်ကား ဟာ စိတ်ကူးယဉ်ဇာတ်လမ်း တစ်ခု ကို အမြင်တင့်တယ်အောင် ရိုက်ကူး ပြထားခြင်းသာဖြစ်တာမို့ ဇာတ်ကား ကို သေချာစွာနဲ့ လာရောက်ကြည့်ရှု ခံစားသင့်ပါတယ်လို့လည်းဆိုပါတယ်။

“အဲဒါကြောင့် ပရိသတ်တွေ အနေနဲ့ လာရောက်ကြည့်ရှုပြီးမှ ဝေဖန်ဆုံးဖြတ်ပေးကြပါလို့ ပြောခဲ့ ချင်ပါတယ်” လို့ ငြိမ်းချမ်းကျော်က ဆိုပါ တယ်။

ထက်လူ
ဓာတ်ပုံ – အောင်ဇော်မင်း


LEAVE A REPLY

Please enter your comment!
Please enter your name here