ရုပ်ရှင်ပြန်ရိုက်ဖို့သင့်တော်တဲ့အချိန်ရောက်လာပြီစိုးသူ

0
366

သရုပ်ဆောင်မလုပ်ဖြစ်တာ ဆယ်စုနှစ်တစ်ခုကျော်ကြာနေပြီဖြစ်တဲ့ အကယ်ဒမီစိုးသူက ဒါရိုက်တာ ကျော်ဇောလင်း(အတွေးပုံရိပ်) ရိုက် ကူးမယ့် ‘တရားလား’ ရုပ်ရှင်ဇာတ် ကားမှာ ပါဝင်သရုပ်ဆောင်သွားမှာ ဖြစ်ပါတယ်။ အမေရိကန်နိုင်ငံက ပြန်လာပြီး တစ်ကိုယ်တော် ရှိုးပွဲတွေ ပြုလုပ်ပြီးနောက်ပိုင်းမှာ ဇာတ်ကား တွေ ပြန်လည်ရိုက်ကူးဖို့အတွက် စိုး သူကို ထုတ်လုပ်ရေးတွေက ကမ်း လှမ်းနေခဲ့တာ ကြာပါပြီ။ အခုအချိန် မှ ဇာတ်ကားပြန်လည်ရိုက်ကူးဖြစ်ပုံကိုတော့ စိုးသူက …

“ဒီကြားထဲမှာ မအားတာလည်း ပါတယ်။ ဇာတ်လမ်းတွေကို စိတ် တိုင်းကျမယ့်၊ အရွယ်နဲ့လိုက်မယ့် ဇာတ်လမ်းလေးတွေ ဖြစ်စေချင် တာ ကြောင့်လည်း ပါတယ်။ အခု အချိန် လည်း ရောက်လာပြီ။ အကြောင်း လည်း တိုက်ဆိုင်သွားတဲ့အတွက်ပါ” လို့ပြောပါတယ်။ သရုပ်ဆောင် လော ကနဲ့ ဝေးကွာခဲ့တာကြာပြီဖြစ်တဲ့ အတွက် ဇာတ်ကားပြန်လည်ရိုက်ကူး တဲ့အခါမှာ သူ့ရဲ့စိတ်ခံစားချက်နဲ့ ပတ်သက်ပြီး စိုးသူက …

“စိတ်ထဲမှာ မရိုက်တာကြာပြီ။ ပရိသတ်တွေကလည်း ပြန်ရိုက်စေ ချင်ကြတယ်။ ရိုက်မယ်ဆိုရင်လည်း ကောင်းကောင်းလေး ရိုက်ချင်တယ်။ အဓိကကအရွယ်နဲ့ လိုက်ဖက်မယ့် ဇာတ်ရုပ်မျိုး။ နောက်ပြီး ငယ်ငယ် တုန်းကလိုမျိုး ရိုက်ပြီးမှ အားမရဘူး ဆိုတာမျိုး မပြောချင်ဘူး။ တတ်နိုင် သလောက်ပေါ့။ နောက်ကျရင် အား မရဘူးဆိုတာမျိုး ရှိချင်လည်း ရှိလာ မှာပေါ့။ ဒါပေမဲ့ ကျွန်တော့်အနေနဲ့ တတ်နိုင်သလောက် ဇာတ်လမ်းထဲက ဇာတ်ကောင်အနေနဲ့ အစွမ်းဆောင်နိုင်ဆုံးကြိုးစားပြီးတော့ သရုပ်ဆောင် မယ်လို့ စိတ်ကူးထားတယ်။ အားလုံး အတွက် ကျွန်တော့်ကြောင့် စိတ်ချမ်း သာပြီးတော့ ဇာတ်ရုပ်ကိုပဲအထောက် အကူဖြစ်တာမျိုးပဲ ဖြစ်စေချင်တယ်” လို့ပြောပါတယ်။

စိုးသူက ဒီဇာတ် ကားပြီးရင် ဒါရိုက်တာဝိုင်း၊ ဒါရိုက် တာ မောင်မျိုးမင်းတို့နဲ့ ရုပ်ရှင်ဇာတ် ကားတွေ ရိုက်ကူးသွားဦးမှာပါ။ ဇာတ်ကားတွေ အများကြီး ရိုက်ကူး သွားမှာမဟုတ်ဘဲ ပရိသတ်တွေ တောင်းဆိုနေကြတဲ့အတွက် အနည်း အကျဉ်းသာ ရိုက်ကူးသွားမှာပါလို့ ဆိုပါတယ်။ အခုလတ်တလောမှာ တော့ စိုးသူက Striking Thunder Entertainment မှ ဦးကျော်ကျော် ထွန်းနဲ့ ငွေရေးကြေးရေးကိစ္စနဲ့ ပတ် သက်ပြီး အမှုရင်ဆိုင်နေပါတယ်။ ဒီလိုအမှု ဖြစ်နေတဲ့အတွက် သူ့ရဲ့ ပရိသတ်တွေကလည်း စိုးရိမ်နေကြပါ တယ်။ ဒီအမှုနဲ့ပတ်သက်ပြီး ထွေ ထွေထူးထူးပြောစရာမရှိပါဘူး ဆိုတဲ့ စိုးသူက …

“ကျွန်တော် ဘာမှမဖြစ်ပါဘူး။ လူထဲက လူပါပဲ။ အနုပညာသမား ထဲက အနုပညာသမား။ လူထဲက လူ အတိုင်းပဲပေါ့။ ကျန်းကျန်းမာမာပါပဲ” လို့ သူ့ရဲ့ ပရိသတ်တွေကို ပြောပြခဲ့ပါ တယ်။

ခိုင်ဝေလွင်


LEAVE A REPLY

Please enter your comment!
Please enter your name here