အစ်ကိုတတ်တဲ့ ပညာတွေကို ကောင်းကောင်းမွန်မွန် ထုတ်ပြနိုင်သူဖြစ်အောင် တိုက်တွန်းသွားမယ် လင်းဇာနည်ဇော်

0
245

အနုပညာအလုပ်တွေ မလုပ်ကိုင်ဖြစ်တာကြာပြီဖြစ်တဲ့ ဒါရိုက်တာ မိုက်တီးရဲ့ ဇာတ်ကားတွေက ဒီနှစ်အတွင်းမှာတင် ပြသသွားဖို့ရှိနေပါတယ်။ ဒါရိုက်တာမိုက်တီးကတော့ အခုလက်ရှိမှာ မူးယစ်ဆေးဝါးနှင့် စိတ်ကိုပြောင်းလဲ စေသော ဆေးဝါးများဆိုင်ရာ ဥပဒေပုဒ်မ ၁၆ (ဂ) နဲ့ အမှုရင်ဆိုင်နေရတာကြောင့် သူ့ရဲ့အနုပညာတွေကို ပရိသတ်တွေ နှမြောနေကြပါတယ်။ အစ်ကိုဖြစ်သူရဲ့ အနုပညာတွေနဲ့ပတ်သက်ပြီး လင်းဇာနည်ဇော်က…

“အခု နောက်ပိုင်းကျတော့ ကိုမိုက်က အနုပညာအလုပ်တွေ သိပ်မလုပ် တော့ဘူး။ ကိုယ်တွေက ညီမဖြစ်နေတော့ အစ်ကို့ကို သိပ်မပြောသာဘူး။ စိတ်ထဲမှာတော့ အနုပညာနဲ့ ပတ်သက်ပြီး သူ့မှာလည်း ရှိနေတော့ ထုတ်ပြစေ ချင်တယ်။ ဒါပေမဲ့ သူကလည်း အရင်တုန်းကလို အလုပ်လုပ်ရတာ အဆင် မပြေတော့ အခုနောက်ပိုင်းမှာ သိပ်မလုပ်ချင်ဘူး။ အဲဒီလို အနုပညာအလုပ်တွေ ကျဲနေတဲ့ အချိန်မှာမှ ၉ လ ပိုင်းမှာ သူရိုက်ကူးထားတဲ့ ရိုက်စား ထွက်မယ်။ ပြီးရင် ဇာတ်ကားတွေလည်း ဆက်တိုက်ထွက်နိုင် မယ်လို့ ထင်ပါတယ်။ နောက်ပိုင်းတွေကျရင် အစ်ကို့ကို လည်း သူတတ်ကျွမ်းတဲ့ ပညာတွေကို ကောင်းကောင်းမွန်မွန် ထုတ်ပြနိုင်တဲ့ အစ်ကိုတစ်ယောက်ဖြစ်အောင် အတတ်နိုင် ဆုံးတိုက်တွန်းမှာပါ” လို့ ပြောပါတယ်။

အခုလို မိသားစုဝင် တစ်ယောက် ပြဿနာကြုံတွေ့နေရတဲ့အချိန်မှာတော့ ဘယ်မိသားစုဝင်ကမှ စိတ်မချမ်းသာနိုင်ပါဘူး။ ဒါပေမဲ့လည်း ယိုင်လဲမသွားဘဲ စိတ်ဓာတ်ကြံ့ခိုင်စွာ ရင်ဆိုင်သွားမယ်ဆိုတဲ့ လင်းဇာနည်ဇော်က …

“အစ်မတို့ ညီအစ်မ နှစ်ယောက်မှ မလုပ်ပေးရင် အစ်ကို့အတွက်လည်း မလုပ်ပေးနိုင်ဘူး။ အဖေ အတွက်လည်း လုပ်ပေးလို့မရဘူး။ အဖေက အိပ်ရာထဲမှာလေ။ နိုင်ငံခြားမှာ ကျောင်းတက် နေတဲ့ သမီးလေးလည်း ရှိသေးတယ်။ အစ်မ စိတ်ကိုအလိုလိုက်တဲ့ အလုပ်ကို မလုပ်ဘူး။ ကိုယ့်ကိုယ်ကိုယ်ရအောင် ဖြေပြီး ဖြစ်သင့်တာ ကိုပဲ အတတ်နိုင်ဆုံးလုပ်သွားမှာပါ။ ယိုင်လဲသွား တဲ့အလုပ်ကို မကြိုက်ဘူး။ အတတ်နိုင်ဆုံးမယိုင် လဲအောင် ကြိုးစားသွားမှာပါ”လို့ ပြောပါတယ်။

ခိုင်ဝေလွင်


LEAVE A REPLY

Please enter your comment!
Please enter your name here