ဂီတသက်တမ်းနှစ် ၃ဝ တိုင်ခဲ့ပေမယ့် သီချင်းဆိုရမယ်ဆိုရင် သွေးနွေးဆဲပါပဲ မီမီဝင်းဖေ

0
130


ပြီးခဲ့တဲ့ သြဂုတ်လထဲမှာ အဆိုတော် မီမီဝင်းဖေရဲ့ One Lady Showကျင်းပနိုင်ခဲ့တယ်။ သူ့ပရိသတ်နဲ့သူ ခမ်းခမ်းနားနားလေးကျင်းပနိုင်ခဲ့တာဆို တော့ မီမီဝင်းဖေရော၊ ပရိသတ်တွေရော ပျော်ကြတယ်။ မီမီဝင်းဖေက One Lady Showကျင်းပသင့်တာကြာပြီ။ သူ့မှာ သီချင်းကောင်းတွေ အများကြီး ပိုင်ဆိုင်ထားတယ်။ ဖြတ်သန်းလာခဲ့တဲ့နှစ်တွေကလည်း မနည်းတော့ဘူးလေ။

“အဓိကကတော့ ကိုယ်က ရှိုးပွဲသီဆိုတာကို ပျော်တဲ့အဆိုတော်ထဲမှာ မပါတော့ အဲဒီမှာတော့ ဖိအားတအားရှိပါတယ်။ ကျွန်မက မီးရောင်လည်း ကြောက်တယ်။ စတိတ်ကြောက်တယ်။ လူတွေကြောက်တယ်။Recording ဆိုရတာ အားသန်တဲ့ အဆိုတော်ဆိုတော့လေ။ စင်ပေါ်မှာ အကြာကြီးသီဆိုရ တာဆိုတော့ အလွန်Stress ဖြစ်ပါတယ်။ ဒါပေမဲ့လည်း ကိုယ့်ကိုတကယ် အားပေးတဲ့သူတွေနဲ့ နွေးနွေးထွေးထွေးတွေ့ရတော့လည်း ပျော်တာပေါ့” လို့ မီမီဝင်းဖေက ဖျော်ဖြေပွဲအပြီး ခံစားချက်ကိုပြောပါတယ်။ ဖြတ်သန်းခဲ့တဲ့ ဂီတ သက်တမ်းက ၃ဝ ကျော်ခဲ့ပြီ။ သို့သော် သီချင်းဆိုရရင် သွေးနွေးဆဲပါပဲလို့ ဆိုတဲ့ မီမီဝင်းဖေက …

“၃ဝ ကျော်သက်တမ်းမှာ ဖြတ်သန်းခဲ့တာအများကြီးရှိပါတယ်။ The Wild Ones ပေါ့နော်။ ဦးထီး (စိုင်းထီးဆိုင်)တို့ တီးဝိုင်းမှာ ပင်တိုင်ဆိုခဲ့ပါ တယ်။ ဆရာစိုင်းခမ်းလိတ်သီချင်းတွေပေါ့နော်။ နောက်ပြီး မဇ္ဈိမလှိုင်း ကိုတိုး (ခင်မောင်တိုး)၊ ကိုရဲလွင်၊ ကိုနေဝင်းတို့၊ ကိုမောင်မောင် တို့နဲ့ ဖြတ်သန်းခဲ့တာ တွေရှိပါတယ်။ နောက်ပြီးရုပ်ရှင်သီချင်းတွေ အများကြီးသီဆိုခဲ့တယ်။ နောက်ပြီး တခြား Pop ဘက်က ညီသွင်တို့လိုမျိုး၊ ကိုသစ်မင်းတို့လိုမျိုးနဲ့ ဆိုခဲ့တာတွေ လည်း အများကြီးပဲ။ ကိုယ်ဖြတ်သန်းခဲ့တာတွေ အများကြီးပေါ့။ တော်တော် အရွယ်အပိုင်းအခြား တစ်ခုကို ရောက်သွားပါပြီ။ ဒါပေမဲ့ သီချင်းဆိုမယ်ဆိုရင် တော့ သွေးအေးသွားတာမျိုး တော့ မဖြစ်ပါဘူး။ သီချင်း ဆိုရမယ်ဆိုရင် သွေးနွေးဆဲ ပါပဲရှင်” လို့ မီမီဝင်းဖေက ပြောပြခဲ့ပါတယ်။

သတင်း

၊ ဓာတ်ပုံ-မျိုးမောင်


LEAVE A REPLY

Please enter your comment!
Please enter your name here