Special 9ထဲက Ice Coldအကြိုက်ဆုံး ဇာတ်ဝင်ခန်းက ဘယ်အခန်းလဲ

0
222

အဆိုတော်တွေ အများကြီးနဲ့ ဇာတ်လမ်းကို တည်ဆောက်ထားတဲ့ ‘Special 9္လ ရုပ်ရှင်ဇာတ်ကားကြီးမှာ ဟစ်ဟော့ပ်အဆိုတော် Ice Coldလည်းပါဝင်ပါတယ်။ ‘ကိုယ့်သမိုင်း ကိုယ်ရေးကြသူများ-၂’ ရုပ်ရှင်ဇာတ် ကားကြီးမှာလည်း ပါဝင်သရုပ်ဆောင်ထားတဲ့ Ice Coldအတွက်တော့ ဒုတိယ မြောက်ဇာတ်ကားဖြစ်လာပါတယ်။

“ကျွန်တော် ပထမ ကိုယ့်သမိုင်း ကိုယ်ရေးကြသူများ-၂ မှာကတည်းက ကင်မရာအတွေ့အကြုံတွေဘာတွေရထားတော့ ဒီဇာတ်ကားမှာ မစိမ်းတော့ ဘူးခင်ဗျ။ အဆင်ပြေပါတယ်။ ဘာမှမသိဘဲ ပလိန်းကြီးပါဝင်ရိုက်ကူးရတာ ထက်စာရင်လေ။ အကြိုက်ဆုံးအခန်းကတော့ ကိုမြင့်မြတ်ကို ဝင်ကယ်တဲ့ အခန်းပေါ့။ ကျွန်တော်နဲ့ ကိုဥဂ္ဂါနဲ့ လူဆိုးတွေကို ဝင်ပြီးတော့ ဖိုက်တင်ချ တဲ့အခန်းရယ်၊ နောက်ပြီးတော့ Speed Boat တွေကို ဝင်ပြီးတော့ ကိုနိုင်းဝမ်းနဲ့ ကျွန်တော်ရယ်က ဒဏ်ရာရထားတဲ့ ရဲလက်ထဲကနေ သေနတ်ကိုယူပြီး လူဆိုးတွေကို ပစ်ရတဲ့အခန်းပေါ့နော်။ အဲဒီအခန်းတွေ ကိုသဘောကျပါတယ်”လို့ Ice Coldက ‘Special 9′ နဲ့ ပတ်သက်တဲ့ အမှတ်တရတွေကို ပြောပြပါတယ်။

သီချင်းအသစ်တွေအနေနဲ့က သူငယ်ချင်းဖြစ်သူ G fatt နဲ့ရော၊J Fire နဲ့ပှါSingle Song တွေထွက်လာဖို့ရှိတယ်လို့ဆိုတဲ့ Ice Coldက သူ့ရဲ့ တစ်ကိုယ်တော် စီးရီးခွေအတွက်ကိုလည်း …

“အခွေက အခုဒီနှစ်ထဲမှာပဲ စိတ်အေးလက်အေးနဲ့ ပြန်ပြီးတော့ လုပ်ဖြစ်တာပေါ့နော်။ စာမေးပွဲကလည်း ဒိုးတော့၊ ထားလိုက်တော့။ မေ့လို့ရပြီ။ ဆိုတော့ ကျွန်တော်ဘာမှ လုပ်စရာမရှိဘူး။ သီချင်းပဲဖွင့်ပြီး အေးအေးဆေးဆေး လုပ်လို့ရတယ်။ တီးလုံးတွေတီးတယ်။ အပ်တယ်။ Mixingတွေအပ်တယ်။ စာသားတွေ စုတယ်။ အဲဒီလိုမျိုးနဲ့စုပြီးတော့ ဒီနှစ် ဒီဇင်ဘာလောက် ကျွန်တော့်ဆီကရှိတဲ့ ကျွန်တော့်အပိုင်းကဏ္ဍတွေ အကုန်ဖြတ်ပြီးတော့ ရအောင်လုပ်မယ်လို့ ကျွန်တော်ကြိုးစားနေပါတယ်” လို့ Ice Coldက ပြောပြခဲ့ပါတယ်။

မျိုးမောင်

၊ ဓာတ်ပုံ-ဇော်ဝင်းအောင်


LEAVE A REPLY

Please enter your comment!
Please enter your name here