အစ်ကို ဖြစ်သူနဲ့အတူတူအနုပညာအလုပ်တွေလုပ်သွားဦးမယ့်Miss Golden Land Myanmar 2018 1st Runner Upအယ်လီနာဝင်း

0
201

Miss Golden Land Myanmar 2018 ပြိုင်ပွဲမှာ 1st Runner Up ဆု ရရှိခဲ့တဲ့ ပြိုင်ပွဲဝင် ကတော့ L လွန်းဝါရဲ့ ညီမဖြစ်သူ အယ်လီနာဝင်းပဲဖြစ်ပါတယ်။ Miss ပြိုင်ပွဲတွေကို ဘယ်လိုရည်ရွယ်ချက် မျိုးနဲ့ ဝင်ရောက်ယှဉ်ပြိုင်ဖြစ်တာလဲ။ အရင်ကကော ပြိုင်ပွဲတွေ ဝင်ရောက် ယှဉ်ပြိုင်ဖြစ်သေးလားဆိုတဲ့အပေါ် …

“ညီမက ငယ်ငယ်လေးကတည်း က ဒီ Miss ပြိုင်ပွဲတွေကို ဝါသနာပါ တယ်။ နိုင်ငံ့ဂုဏ်ဆောင်တဲ့ Miss တစ်ယောက်လည်း ဖြစ်ချင်တယ်။ အိမ်ကလည်း အားပေးတဲ့အတွက် ကြောင့် ဝင်ရောက်ယှဉ်ပြိုင်ဖြစ်တာ ပါ။ ဒါက ညီမရဲ့ ဒုတိယမြောက် ပြိုင် ပွဲပါ။ ၂ဝ၁၇ ခုနှစ်တုန်းက Miss World ပြိုင်ဖြစ်တယ်။ အဲဒီတုန်းက အသက်လည်း ငယ်သေးတယ်။ အငယ်ဆုံးလည်း ဖြစ်တယ်။ လမ်းလျှောက်တာတွေကိုလည်း နားမလည်။ ဒေါက်ဖိနပ်လည်း မစီးတတ်သေးဘူး။ အဲဒီပြိုင်ပွဲတုန်း ကတော့ ဆုမရခဲ့ဘူး”လို့ အယ်လီနာဝင်းက ပြောပြခဲ့ပါတယ်။ အရင်ပြိုင်ပွဲက အတွေ့အကြုံတွေကကော အခုပြိုင်ပွဲ အတွက် အထောက်အကူဖြစ်လား။ Miss Golden Land ပြိုင်ပွဲမှာ ပြိုင်တော့ဆုရမယ်လို့ မျှော်မှန်းထားသေးလားဆိုတာကို အယ်လီနာဝင်းက ‘အရင်ပြိုင်ပွဲကနေ အများကြီးအထောက် အကူရခဲ့တယ်။ လမ်းလျှောက်တာတွေ နေတာထိုင်တာ သွားတာလာတာကအစ အထောက် အကူဖြစ်တယ်။ အသင်းအဖွဲ့နဲ့ ဘယ်လိုလုပ်ဆောင်ရမယ်။ Social Media ကို ဘယ်လိုအသုံးချရမယ် ဆိုတာက အစအကုန် သိလာတယ်။ ဒီ Miss Golden Land ကလည်း အများကြီးသင်ပေးတယ်။ အကုန်လုံး နီးပါး ကြိုတင်ပြင်ဆင် သွားတဲ့အတွက် ဆုရမယ်လို့ မျှော်မှန်းထားတယ်။ အခုလို 1st Runner Up ဆု ရရှိခဲ့တဲ့အတွက်တအားလည်း ပျော်ပါ တယ်”လို့လည်း ပြောပြခဲ့ပါတယ်။

အစ်ကိုဖြစ်သူ L လွန်းဝါက ကော ပြိုင်ပွဲဝင်ပြိုင်မယ်ဆိုတော့ ဘယ်လိုမျိုး အထောက်အပံ့တွေပေး ဆိုတာကိုလည်း အယ်လီနာဝင်းက “ပြိုင်ပွဲဝင်ပြိုင်မယ်ဆိုကတည်းက သူကတအားကို အားပေး တယ်။ မပြိုင်တဲ့တစ်လျှောက်မှာလည်း နင်ပြိုင်ပွဲတွေ ဘာတွေမပြိုင်ဘူးလား။ ပြိုင်လေဆိုပြီး အမြဲပြောတယ်၊ ပြိုင်ပွဲဝင်ပြိုင်တော့လည်း Voting Photo က အစအကုန်ရှဲပေးတယ်။ သူ့ရဲ့အသိတွေနဲ့လည်း မိတ်ဆက်ပေးတယ်။ ဆွေမျိုးတွေကလည်း အားပေးကြတယ်။ သူက တအားအသံကောင်းတယ်။ဥာဏ်လည်းကောင်းတယ်။ ကျောင်းစာလည်း ထူးချွန်တယ်။ အဆို ပိုင်းရော သီချင်းရေးတာတွေရောတော်တယ်” လို့ ပြောပြခဲ့ပါတယ်။

L လွန်းဝါနဲ့ တွဲပြီးတော့ သီချင်းဆိုဖို့ အစီအစဉ်ရှိလား။ သရုပ်ဆောင်ဘက်ကို ကောသွားဖို့ အစီအစဉ်ရှိလားဆိုတဲ့ အပေါ် သီချင်းဆိုဖို့ကတော့ အစီအစဉ်မရှိဘူး။ သရုပ်ဆောင်ဘက်ကို တော့ အခွင့်အရေးရရင် ပြောင်းပြီး လုပ်ဖြစ်သွားမှာပါ။ အခုကိုလွန်းက ဘုရားရှိခိုးအဖွဲ့နဲ့အမေရိကကို သွားနေတာဆိုတော့ သူပြန်လာ ရင် တိုင်ပင်ပြီး အနုပညာအလုပ်တွေ ထပ်မံ ပြုလုပ်သွားဦးမှာပါ။ ပြီးတော့ ကို လွန်း ညီမလေး နဲ့အတူတူ အနုပညာအလုပ်တွေ လုပ်ဖို့ ဝိတ်လျှော့ပါ။ ညီမလေးနဲ့အတူတူ လှအောင်လို့ပါ” ဆိုပြီး အယ်လီနာဝင်းက ပြောပြခဲ့ပါတယ်။

ခိုင်ဝါဝင်း

ဓာတ်ပုံ-မင်းမင်းထွန်း


LEAVE A REPLY

Please enter your comment!
Please enter your name here