ဒုတိယရင်သွေးလေးကို သမီးလေး လိုချင်တဲ့သားစိုး

0
285

သားစိုးက သားဖြစ်သူ ထက် အာကာစိုး(ခ)ပန်းသီးအတွက် စီးရီး ခွေစီစဉ်ပေးမှာဖြစ်ပါတယ်။ ဒီစီးရီး ခွေမှာတော့ သားဖြစ်သူနဲ့အတူတူ သူကိုယ်တိုင်လည်း ပါဝင်သီဆိုမှာဖြစ် တယ်လို့ သိရပါတယ်။

စီးရီးခွေပြုလုပ်ပေးဖြစ်ခြင်းက တော့ သားအတွက် ဘဝမှာအမှတ်တ ရဖြစ်စေဖို့အတွက် ရည်ရွယ်ပါတယ် လို့ သားစိုးက ပြောပြပါတယ်။

“သူကြိုက်တဲ့သီချင်းလေးတွေ ပြန်ဆိုမယ်။ ပြီးတော့ ကျွန် တော့်သီချင်းလေးတွေကို သူပြန်ဆို တာမျိုးပေါ့။ အဓိကကတော့ သူက ဂီတကို ဝါသနာပါတယ်။ အိမ်မှာ လည်းအမြဲတမ်းသီချင်းပဲ ထိုင်ဆို နေတာ။ အဲဒါနဲ့ သီချင်းဆိုမလားလို့ မေးတော့ သူကလည်းစိတ်ပါ လက်ပါနဲ့ ဆိုမယ်လို့ ပြောတယ်။ ရှေ့မှာလည်း ရောသမမွှေထဲမှာ မမဝဝထထကကို သူဆို ထားတယ် လေ။ အဲဒီတုန်းကလည်း သူ့ကိုကြိုက် ကြတယ်။ အဲဒါနဲ့ပဲ အခွေ လေးလုပ် ပေးဖြစ်တာပါ။ သား အဖ နှစ်ယောက်ဆိုတဲ့သီချင်းက တစ်ပုဒ် နှစ်ပုဒ်တော့ အနည်းဆုံးပါပါမယ်။ အခုတော့ ရေးတော့ရေးနေပြီ။ သီချင်းအားလုံးကတော့ ၄ ပုဒ်က နေ ၈ ပုဒ်လောက်အထိပါမှာပါ။ Mini Album ဆိုတော့ လေ။ ကျွန်တော် တို့ မြန်မာ ပြည်မှာလည်း ကလေး သီချင်းအသစ်လေး တွေ လိုတယ်လေ”လို့ သားဖြစ် သူအတွက် စီးရီးခွေထွက်ဖြစ် ခြင်းအကြောင်းကို သားစိုးက ပြော ပါတယ်။ သားစိုးတို့ ဇနီးမောင်နှံက သားဖြစ်သူကို အလွန်ချစ်ကြပေမယ့် စည်းကမ်းနဲ့ထိန်းသိမ်းဆုံးမလေ့ရှိ တယ်လို့လည်း သိရပါတယ်။ ဒါ့အ ပြင် သားဖြစ်သူကို စာဖတ်ဝါသနာပါ ဖို့ အတွက်ကိုလည်း အမြဲတမ်းလမ်း ညွှန်လေ့ရှိပါတယ်။


“အဓိကကတော့ သူ့ကို ရှင်းပြ တယ်။ ဘယ်လိုမျိုး လုပ်သင့်တယ်၊ ဘယ်လိုမျိုးနေသင့်တယ်ဆိုတာမျိုး ပေါ့။ ပြီးရင်သူ့ကို လွတ်လွတ်လပ် လပ်နေတတ်အောင် ပြောပေးထား တယ်။သူတို့ခေတ်ကတော့ Youtubeခေတ်ပေါ့။ Youtube ကနေ သူတို့ ကြည့်ကြတယ်။ ကလေးတွေလုပ်တဲ့ ဟာလေးတွေကို သူ့ကိုသင်ပေးတယ်။ အဲဒါကိုကြည့်ပြီးပဲ တတ်လာတာပေါ့။ ပညာရေးပိုင်းမှာလည်း သူက တော် ပါတယ်။ ဦးနှောက်လည်း ကောင်း တယ်။ ကြီးလာတဲ့အခါလည်း သူ ပျော်တာပဲလုပ်ခိုင်းမှာပါ။ နောက်ကနေပံ့ပိုးပေးသွားမယ်”လို့ သားဖြစ်သူ နဲ့ပတ်သက်လို့ သင်ပြမှုအပိုင်းကို သားစိုးက ပြောပြပါတယ်။


သားစိုးရဲ့ ဇနီးမငယ်မှာ ဒုတိယ ရင်သွေးလေးလွယ်ထားရပြီဖြစ်ပါ တယ်။ ကိုယ်ဝန်က ၄ လရှိပြီဖြစ်ပြီး ဒုတိယရင်သွေးကိုတော့ သမီးလေး လိုချင်တယ်လို့ သားစိုးက ပြောပါ တယ်။ သားစိုးရဲ့ သားဖြစ်သူ ထက် အာကာစိုး(ခ)ပန်းသီးကလည်း ဂီတ နဲ့ပတ်သက်ပြီး ဖခင်ရဲ့အမွေကို ဆက် ခံမယ့်သူလို့ ဆိုရမှာပါ။ သူအကြိုက် ဆုံး အဆိုတော်တွေကတော့ လေးဖြူ၊ မျိုးကြီး၊ မနော၊ ပြီးတော့ သူ့ရဲ့ ဖခင် ဖြစ်တဲ့ သားစိုးလို့ ပန်းသီးက ပြော ပြပါတယ်။

ပြီးတော့သူက ကြီးလာရင် စစ် သား (သို့မဟုတ်) အဆိုတော်လုပ် မယ်လို့လည်း ပြောလာပါတယ်။


လင်းအက္ခရာ

ဓာတ်ပုံ-အောင်ဇော်မင်း


LEAVE A REPLY

Please enter your comment!
Please enter your name here