အက်ရှင်ဇာတ်လမ်းတွဲရိုက်ကူးနေတဲ့ စည်ဖြိုး

0
345


သရုပ်ဆောင် စည်ဖြိုးကတော့ လတ်တလောမှာ BEC-Tero ကနေ ကမ်းလှမ်းတဲ့ ဘာသာရေးအက်ရှင် ဇာတ်လမ်း တွဲ ရိုက်ကူးနေတယ်လို့ သိရပါတယ်။ ဇာတ်လမ်းတွဲတွေ မရိုက်ဖူးတဲ့ စည်ဖြိုးက ဒီဇာတ်လမ်းတွဲ လက်ခံဖြစ်တဲ့ပုံကို မေးကြည့်တဲ့အခါမှာတော့ စည်ဖြိုးက …

”ကျွန်တော့်ကို လွန်ခဲ့တဲ့ ၁ဝ လ၊ ၁၁ လလောက်က BEC-Tero က အက်ရှင်ဇာတ်လမ်းတွဲတစ်ခုရိုက်ဖို့ ကမ်း လှမ်းခဲ့တယ်။ အက်ရှင်ဇာတ်လမ်းတွဲပေါ့နော်။ BEC-Tero နဲ့ MRTV-4 နဲ့ပေါင်းပြီး ရိုက်မယ်ဆိုတော့ ကျွန်တော် ပြောလိုက်တယ်။ ကျွန်တော်ဇာတ်လမ်းတွဲတွေရိုက်တဲ့ ဘက်မဟုတ်ဘူး။ ဇာတ်လမ်းတွဲနဲ့ ကျွန်တော်တို့ မတူတာလေးတွေ ရှိတယ်လို့ ပြောတယ်။ ဒီဟာကတော့ ထူးထူးခြားခြားလေး လုပ်ချင်လို့ပါလို့ သူတို့က ပြောတယ်။ ထီးသိုင်းနဲ့ လက်ဝှေ့ပေါင်းပြီး ရိုက်ကူးရမယ်လို့ပြောတော့ ကျွန်တော်စိတ်ဝင်စားတယ်ပေါ့။ ရိုက်မယ်ဆိုပြီး လက်ခံဖြစ်ခဲ့ တယ်”လို့ ပြောပါတယ်။ ဇာတ်ကား ရိုက်ကူးဖို့ ကြိုတင်ပြင်ဆင်မှုတွေကိုကော ဘယ်လို လုပ်ခဲ့ရလဲလို့ မေးကြည့်တဲ့အခါမှာတော့ စည်ဖြိုးက …

”ကြိုတင်ပြင်ဆင်မှု အနေနဲ့ကတော့ သူတို့တွေ ဆီက အက်ရှင်ဒါရိုက် တာက သင်ပေးတယ်။ ရုပ်ရှင်ထိုးတာတွေ သင် ပေးတယ်။ နောက်လ လောက်လည်းကျရော ရုပ်ရှင် ထိုးတွေ မဟုတ်ဘဲ အပြင်သိုင်း တွေ သင်ကြတယ်။ ထီးသိုင်းနဲ့ မြန်မာ့လက်ဝှေ့ ပေါင်းမှာဆိုတော့ အဓိကက အဲဒါတွေ သင်ရတယ်။ ကိုထွန်းထွန်း မင်းတို့ကလည်း အကုန်လုံး ကူညီပေးပါတယ်။ အနာတရတွေလည်းရတယ်။ အနာတရတွေ ဒီ ဇာတ်ကားမှာ အများကြီးပဲရှိခဲ့တယ်”လို့ ပြောပါ တယ်။

ကြိုတင်ပြင်ဆင်မှုတွေ အများကြီးလုပ် ဆောင်ရပြီး ရိုက်ကူးခဲ့တဲ့ ဒီဇာတ်လမ်းတွဲဟာ ကိုယ့်အတွက် အမှတ်တရဖြစ်လာနိုင်မလားလို့ မေး ကြည့်တဲ့အခါမှာတော့ စည်ဖြိုးက ”လူဆိုတာ တအား မျှော်လင့်ထားရင်လည်း ပူလောင်ရပါတယ်။ ကိုယ့်ဘက်က Óဏ်နဲ့ ဝီရိယစိုက်ထုတ်တယ်။ ကံကတော့ အခြေအနေအရ ဖြစ်မှာပါ” လို့ ပြောပါ တယ်။

သဲစုလှိုင်


LEAVE A REPLY

Please enter your comment!
Please enter your name here