၅၄ နှစ်မြောက် မြန်မာနိုင်ငံရဲတပ်ဖွဲ့နေ့ အကြိုပခုက္ကူခရိုင် ရဲတပ်ဖွဲ့ဝင်များ စုပေါင်း သန့်ရှင်းရေးကုသိုလ်ယူ

0
244

ပခုက္ကူ ခရိုင်နှင့် ပခုက္ကူမြို့ နယ်ရဲတပ်ဖွဲ့ဝင်များသည် စက်တင် ဘာ ၈ ရက်နေ့ နံနက် ၇ နာရီခွဲ အချိန်က ၅၄ နှစ်မြောက် မြန်မာနိုင်ငံ ရဲတပ်ဖွဲ့နေ့ အထိမ်းအမှတ်အဖြစ် ပခုက္ကူမြို့ ဖောင်တော်ဦးဘုရားကြီး ဝန်းအတွင်း စုပေါင်းသန့်ရှင်းရေးလုပ် အားပေး ကုသိုလ်ယူခဲ့ကြသည်။

ယင်းစုပေါင်း သန့်ရှင်းရေးကုသိုလ် ပွဲအား ခရိုင်ဒုရဲမှူးကြီးကျော်စိုး၊ မြို့ နယ်ရဲ တပ်ဖွဲ့မှူးရဲမှူးအောင်နွယ်ဦး၊ ပခုက္ကူမြို့မရဲစခန်းမှူး ဒုရဲမှူးသိန်း ဆန်းဦး၊ ယာဉ်ထိန်းရဲတပ်ဖွဲ့ ဒုရဲမှူး ကျော်ဇေယျ၊ ပခုက္ကူမြို့နယ်ထိန်းခေါင်းဆောင် ရဲအုပ်သိန်းဌေး စသည့်ခရိုင်မြို့ နယ် ရဲတပ်ဖွဲ့ဝင်အင်အား ၁၂ဝ နှင့် တပ်ဖွဲ့ ဝင်မိသားစု ၇ဝ ဦး စုစုပေါင်း ၁၉ဝ ဦးဖြင့် ဖောင်တော်ဦးဘုရားဝန်းအား သန့်ရှင်း သာယာလှပအောင် ဆောင်ရွက် ကုသိုလ်ယူခဲ့ကြကြောင်းသိရသည်။

မောင်နန်းဝေ


LEAVE A REPLY

Please enter your comment!
Please enter your name here