အခုလက်ရှိ မြန်မာရုပ်ရှင် ဇာတ်ကားတွေကိုပြသတဲ့အခါမှာ ပြသရေးစနစ်ကို ပြောင်းလဲလိုက်တာကြောင့် ပုံစံတစ်မျိုးပြောင်းလဲသွား ခဲ့မှုနဲ့ပတ်သက်ပြီး မြန်မာနိုင်ငံရုပ်ရှင် အစည်းအရုံးနဲ့တကွတာဝန်ရှိသူ များအနေနဲ့ အနုပညာလောကသားတွေ ရေရှည် ရပ်တည်နိုင်အောင်မျှတ စွာပြုလုပ်ပေးသင့်တယ်လို့ ဒါရိုက်တာကျော်ဇောလင်းက ဖွင့်ဟခဲ့ပါတယ်။
”ကျွန်တော်တို့ ရုပ်ရှင်အစဉ်အလာ ရုံတင်တဲ့စနစ်က ဆင် ဆာနံပါတ်နဲ့ အလှည့်ကျတင်တဲ့ စနစ်ဆိုတာရှိခဲ့တယ်။ အခု အဲဒီစနစ်က မှေးမှိန်ပြီးတော့ ရုံရှင်စိတ်ကြိုက်ဆိုတဲ့အပြောင်း အလဲအပေါ်မှာ ပြသရေးစနစ်က တစ်မျိုးပြောင်းသွားတယ်။ ဆင်ဆာနံပါတ်ကရုံတင်ပြသတဲ့နေရာမှာ အထောက်အကူ မဖြစ်တော့ဘူး။ ရုံတင်ပြသတဲ့နေရာမှာ ဆင်ဆာနံပါတ် အတိုင်းမသွားတော့ဘူးဆိုရင် ဒီဆင်ဆာနံပါတ်ကို ဘာ ကြောင့် အဆင့်ဆင့်စောင့်ယူနေကြရတာလဲ။ မနေ့ တစ်နေ့ကမှ ဆင်ဆာနံပါတ်ရသွားတဲ့ဇာတ်ကားက လည်းရုံပေါ်ကောက်တင်ရင် တင်လိုက်တာလေ။ ရှေ့ မှာ ၂ နှစ် ၃ နှစ်လောက် တန်းစီစောင့်နေတဲ့ ဇာတ်ကား လည်း ဒီအတိုင်းပဲထားရင်ထားတာလေ။ အဲဒါလေး မျှမျှ တတဖြစ်ရင် ပိုကောင်းမယ်ထင်တယ်။ ဆင်ဆာနံပါတ်အရ ရွေးချယ်တဲ့ဇာတ်ကားကိုလည်း နံပါတ်အစဉ်အတိုင်း ရွေးတာမျိုး၊ ရုံရှင်စိတ်ကြိုက် ရွေးချယ်တဲ့ဇာတ်ကားကိုလည်း ရွေးချယ်တာ မျိုး၊ မျှမျှတတလေးလုပ်ပေးနိုင်ရင် တန်းစီနေတဲ့ဇာတ်ကားတွေ လည်း မြန်မြန်ရုံတင်ခွင့်ရမှာပေါ့။ ဒီဟာကို မြန်မာ့ရုပ်ရှင် လုပ် ငန်းရော၊ မြန်မာနိုင်ငံရုပ်ရှင်အစည်းအရုံးရော၊ ရုံလုပ်ငန်းရှင်တွေ ရော၊ ထုတ်လုပ်သူတွေရော သေချာလေးဆွေးနွေးသင့်ပါတယ်” လို့ ဒါရိုက်တာကျော်ဇောလင်းက ပြောပြခဲ့ပါတယ်။
ခိုင်ဝေလွင်