အခွေထွက်လာနိုင်ဖို့ ပထမဦးဆုံးအကြောင်းရင်းက အဖေပါပဲ Dora Alex

0
252


ဒိုရာအဲလက်(စ်)(Dora Alex) ရဲ့ လက်ဦးဆရာက ဖခင်ဖြစ်သူ အဲလက်(စ်)ပါပဲ။ အဖေတော်တော်များများ က သမီးတွေကို ပိုချစ်ကြသလို သမီးတော်တော်များ များကလည်း အဖေတွေကို ပိုချစ်တတ်ကြပါတယ်။ ကိုအဲလက်(စ်)နဲ့ ဒိုရာတို့လည်း အဲဒီအတိုင်းပါပဲ။

”အဖေက ဒီသီချင်းခွေထွက်လာဖို့ အကြောင်း ရင်းပါပဲ။ အဖေသာ အဖေမဟုတ်လို့ရှိရင် အခွေထွက် ချင်မှ ထွက်မှာပေါ့။ အဖေက ဂစ်တာ တီးသင်ပေးတယ် လေ။ ဂစ်တာမတီးခင်က ပီယာနိုအရင် တီးတာ။ ကီးဘုတ် အရင်တတ်ပြီးသွားတော့မှ ဂစ်တာတီး တတ်တာ။ သီချင်းကို ဂစ်တာနဲ့ပဲ စရေးတာ။ အဖေ ဂစ်တာတီးသင်ပေးခဲ့လို့၊ Chord လေး 3 Chord လောက် တီးပြခဲ့လို့ သီချင်းစရေးလို့ရ တာ” လို့ ဒိုရာအဲလက်(စ်)က ပြောပါတယ်။ ‘First Things First’ ဆိုတဲ့ Album ကို Dora Alex က Singer/Song Writer တစ် ယောက်အနေနဲ့ ထုတ်တာဖြစ်ပြီး ဖခင်ဖြစ်သူ အဲလက်(စ်)ကလည်း သမီးဖြစ်သူကို Singer/Song Writer တစ်ယောက်အနေနဲ့မြင်ချင်တာလို့ ဒိုရာက ဆက်လက်ပြောပါတယ်။ ဖခင်ဖြစ်သူရဲ့ သီချင်းတွေကို Cover အနေနဲ့ ပြန်ဆိုတာပဲဖြစ်ဖြစ်၊ ဒါမှမဟုတ် ဖခင်ဖြစ်သူရေးပေးတဲ့ သီချင်းကို ဆိုချင်တာမျိုး ပဲဖြစ်ဖြစ် ဒိုရာ့မှာ ဆန္ဒရှိလားလို့ မေးတော့ …

”အိမ်မှာကျတော့ သီချင်းဆိုပြရင် အဖေ့ကိုပဲ သီချင်းဆိုပြတယ်။ ကျောင်းမှာ တစ်ခုခု စိတ်ဆိုး လာတဲ့အခါ ညဘက်အိမ်မှာ သီချင်းတွေ အော်အော်ဆိုလို့ရှိရင် အဖေပဲ နားထောင်ပေးတာလေ။ အဲဒီလိုမျိုးတော့ အဖေနဲ့ သီချင်းဆိုချင်တယ်။ အဖေကလည်း သမီးသီချင်းဆိုလို့ရှိရင် ကျေကျေနပ် နပ်ပဲ နားထောင်နေတာ။ သူများတွေကို ဂစ်တာတီးပြီး သီချင်းဆိုပြတာထက် အဖေ့ကို ဆိုပြတာ ပို များပါတယ်။ အဲဒီလိုမျိုး Spend Time တစ်ခုအနေနဲ့တော့ အဖေနဲ့တွဲ လုပ်ချင်တယ်။ Public Apperance တစ်ခုအနေနဲ့တော့ အဖေနဲ့ တွဲမလုပ်ချင်ဘူး။ သူ့သီချင်းကို Cover တွေ ဘာတွေ ဆိုရင်တောင်ပေးဆိုပါ့မလား မသိဘူး။ သူကလည်း သမီးကို Singer/Song Writer အနေနဲ့ လုပ်စေချင်တယ်။ ဆိုတော့သူသီချင်းလည်း မရေးပေးလောက်ဘူး ထင်တာပဲ(ရယ်လျက်)”လို့ ဒိုရာအဲ လက်(စ်)က ပြောပြခဲ့ပါတယ်။

မျိုးမောင်၊

ဓာတ်ပုံ-မင်းမင်းထွန်း


LEAVE A REPLY

Please enter your comment!
Please enter your name here