စိန်ခေါ်မှုတွေအပြည့်နဲ့ ပြန်လည်ရိုက်ကူးမယ့် ‘တစ်ခါ က ဆတ်သေချောင်း’ ရုပ်ရှင်ဇာတ်ကား

0
210

JATAKA ရုပ်ရှင်ထုတ်လုပ်ရေးက ထုတ်လုပ်ပြီး ဒါရိုက်တာ ဝင်းထွန်းထွန်း ရိုက်ကူးမယ့် ‘တစ်ခါက ဆတ်သေချောင်း’ ရုပ်ရှင်ဇာတ်ကား ကန်တော့ပေးပွဲကို စက်တင်ဘာလ ၁၁ ရက်နေ့က ရွှေတိဂုံဘုရားမှာ ပြုလုပ်ခဲ့ပါတယ်။ ဒီဇာတ် ကားကတော့ စာရေးဆရာဖေမြင့်ရဲ့ ‘ဆတ်သေချောင်းရဲ့ ဒဏ္ဍာရီ’ ဝတ္တုကို အင်ကြင်းဟန်က ဇာတ်ညွှန်းရေးသားပြီး ဒါရိုက်တာ ဝင်းထွန်းထွန်းက ‘တစ်ခါက ဆတ်သေချောင်း’ဆိုတဲ့ အမည်နဲ့ ပြန်လည်ရိုက် ကူးသွားမှာဖြစ် ပါတယ်။

ဒီဇာတ်ကားရိုက်ကူးဖြစ်ပုံနဲ့ ပတ်သက်ပြီး ဒါရိုက်တာ ဝင်းထွန်းထွန်းက ”ဒီဇာတ်ကားလေးက ကျွန်တော် ဘယ်တော့မှ ပြန်မရိုက်ဘူး လို့ ဆုံးဖြတ်ထားတဲ့ ဇာတ်ကားလေးပါ။

ဘာလို့ ဆုံးဖြတ်လိုက်ရလဲဆိုတော့ ဒီဇာတ်ကား လေးရိုက်တဲ့အချိန်မှာ လူမှုရေးအရ ဆုံးရှုံးသွားတာတွေ အများကြီး ရှိတယ်။ အဲဒီလိုပဲ ကျွန်တော်အသက်ကို အားလုံးက ကျွန်တော်သေပြီဆိုပြီး လူကြမ်းသရုပ်ဆောင် ကိုမင်းစိန်ကိုယ်တိုင် မျက်ရည်ပိုးပိုး ပေါက်ပေါက်ကျခဲ့ရတဲ့ ဇာတ်ကားပါ။ ကျွန်တော်သေရွာပြန်လာခဲ့တဲ့ကား။ အဲဒီအပြင် လူအင်အား လည်း အများကြီးသုံးရတယ်။ ကျွန်တော်တစ်ယောက်တည်းကောင်းလို့ မရ ဘူး။ ဒီဇာတ်ကားမှာ ပါဝင်မယ့် သရုပ်ဆောင်များသလို အားလုံးလည်း ပင်ပန်းမယ့်ဇာတ်ကားပါ။ အဲဒီအတွက် အားပေးကြပါဦး”လို့ ပြောပါတယ်။

အဆိုပါဇာတ်ကားကို သရုပ်ဆောင် အောင်ရဲလင်း၊ မင်းဦး၊ ရဲလေး၊ မိုးယံဇွန်၊ ပြေဇင်၊ အောင်ခိုင်၊ စိုးမြတ်သူဇာ၊ သင်ဇာဝင့်ကျော်၊ ဆုမြတ်နိုးဦး၊ သင်ဇာမြင့်မိုရ်၊ ဝါဝါ အောင်တို့က အဓိကပါဝင်သရုပ် ဆောင်သွားမှာဖြစ်တယ်လို့ သိရပါတယ်။

သဲစုလှိုင်


LEAVE A REPLY

Please enter your comment!
Please enter your name here