ငြိမ်းချမ်းရေး အသံကြားရင် သရဏဂုံ တင်ထားပါ

0
334

လေညင်းက တံခါးခေါက်တာပါ
ဘာလို့ နဂါးမျက်စောင်းနဲ့ ပစ်ရတာလဲ
ဓားဓားချင်းလည်း မဟုတ်ဘဲ
ခွက်ချည်းပဲ ကျန်နေရတဲ့သူပါ။

နှင်းဆီဟာ ဆူးမပါဘဲ နီရဲခွင့်ရှိပါတယ်
ဘာကြောင့် ချိုးငှက်ကို မှ
နျူးကလီးယားနဲ့ ချိန်ချင်ရတာလဲ။

ပတ်စာ ခွာ ခံ လိုက်ရသလို
တရားခံ မရှိဘဲ မြေစာပင်တွေ
ခြေသုတ်ပုဆိုးတစ်ခုလိုလည်း
ဝပ်စင်းပေးထားခဲ့ပြီးပြီ
ခြေသံကြား ရမှာတောင်
အထိတ်တလန့်။

ငြိမ်းချမ်းရေး အကြောင်းပြောမယ်ဆို
တံခါးတွေ ပိတ်လိုက်ပါ
လူသံ သူသံ မကြားခင်
ခုတင်ဘေးဝဲယာကို မီးပိတ်ပြီးမှ
သရဏဂုံ ကို
ကျယ်ကျယ်ရွတ်ဖတ် ။

ဘက်ချင်းရိုက်တဲ့ပွဲမှာ
ဘယ်စည်းရိုးမှ မခံ
အိုးမဲလည်း မသုတ်ရဘဲ ခွပ်ရတာ
သိမ်ငယ်စရာ နည်းနည်းတော့
ကောင်းတယ်။

လက်ချင်း တွဲလို့ ရတာပဲ
ဘာလို့ စတေးခိုင်းဦးမှာလဲ
ကျည်ခွံဟာ ကမ္ဘာဈေးကွက်မှာ
ဈေးတက်နေသ၍
ငြိမ်းချမ်းရေး အကြောင်းပြောမယ်ဆို
သရဏဂုံ လေးတော့ တင်ထားဖို့လိုမယ် မိတ်ဆွေ။

လမင်းခန့်(ပန်းပျိုးလက်)


LEAVE A REPLY

Please enter your comment!
Please enter your name here