ထူးထူးခြားခြားထွက်ပေါ်လာတဲ့ ၂ဝ၁၈ ခုနှစ် American Music Award ဆန်ခါတင် အနုပညာရှင်များစာရင်း

0
156

လာမယ့် ၂ဝ၁၈ ခုနှစ်၊ အောက်တိုဘာလ ၁ဝ ရက်နေ့မှာကျင်းပမယ့် 2018 American Music Awards ချီးမြှင့်ပွဲအခမ်းအနားအတွက် ဆန်ခါတင်ဂီတပညာရှင်များ စာရင်းထွက် ပေါ်လာခဲ့ပါပြီ။

အခုနှစ်အတွက် အအောင်မြင်ဆုံးနဲ့ အထူးခြားဆုံးအနုပညာရှင်နှစ်ဦးလည်း ပေါ်ထွက် လာခဲ့ပါတယ်။ ကြေညာလိုက်တဲ့ ဆန်ခါတင်စာရင်းတွေအရ ကနေဒီယန်အဆိုတော် Drake နဲ့ အမေရိကန်အမျိုးသမီး ရက်(ပ်)ပါ Cardi B တို့ နှစ်ဦးစလုံးဟာ တစ်ဦးချင်းစီကို ဆုအမျိုး အစားရှစ်ဆုအထိ လျာထားခံရတဲ့အကြောင်း သိရပါတယ်။

Drake နဲ့ Cardi B တို့ နှစ်ဦးစလုံးဟာ 2018 MAMA ဆုစာရင်းရဲ့ တစ်နှစ်တာအကောင်း ဆုံး ဂီတပညာရှင်ဆု၊ အကျော်ကြားဆုံးအနုပညာရှင်ဆုအစရှိတဲ့ ဆုအမျိုးအစားတွေ အပါ အဝင် အခြားဆုတွေအတွက်လည်း ဆန်ခါတင်လျာထားခံခဲ့ရတာပါ။

ဒီလိုမျိုး အနုပညာရှင် တစ်ဦးတည်းက ဆုရှစ်မျိုးကိုတစ်နှစ်တည်းမှာ ချီးမြှင့်ဖို့လျာထားခံရတယ်ဆိုတာ ဂီတလောက အတွက် အင်မတန်မှကို ကြုံတောင့်ကြုံခဲအဖြစ်အပျက်တစ်ခုလည်း ဖြစ်ပါတယ်။

Ref: CNN


LEAVE A REPLY

Please enter your comment!
Please enter your name here