ဇာတ်ကားရိုက်ကူးမှုတွေကျဲလာရခြင်းအကြောင်းသရုပ်ဆောင်အောင်ရဲလင်းပြောပြ

0
218

လတ်တလောမှာ သရုပ်ဆောင် အောင်ရဲလင်းကတော့ ဒါရိုက်တာဝင်းထွန်းထွန်း ရိုက်ကူးမယ့် ‘တစ်ခါ က ဆတ်သေချောင်း’ ရုပ်ရှင်ဇာတ်ကားကြီးမှာ အသစ်သစ်သော ပြင်ဆင်မှုတွေနဲ့ ပါဝင်သရုပ်ဆောင် မှာ ဖြစ်ပါတယ်။ ‘တစ်ခါက ဆတ်သေချောင်း’ဇာတ်ကားအတွက် ကြို တင်ပြင်ဆင်မှုတွေဘာတွေပြုလုပ် ဖြစ်လဲလို့ မေးကြည့်တဲ့အခါမှာ တော့ အောင်ရဲလင်းက…

”ကျွန်တော်ဒီကြားထဲမှာတော့ ပြင်ဆင်မှုတွေ အများကြီး ပြုလုပ်နေပါတယ်။ တုတ်နဲ့ချတာသင်တယ်။ ပြီးတော့ ကျွန်တော်တို့ မြင်းစီးတာ တွေသင်တယ်။ ပြေးတာတွေသင်ရတယ်။ ဒီဇာတ်ကားထဲမှာ ဆတ်ကို လိုက်ရမှာဖြစ်တဲ့ အတွက် တကယ့်ကို ပုံစံကျပြီး ဆိုဒ်ကျအောင်ပြေးတဲ့နည်းတွေကို ပြေးခုန်ပစ်က ဆရာတွေ နဲ့လည်း သင်တယ်။ အများကြီးပါပဲ။ ဒီဇာတ်ကားအတွက် ကြိုတင်ပြင်ဆင်မှုတွေလုပ်ရတာ ကျွန်တော့်အတွက် ၁ လလောက်ကြာ တယ်ဆိုတော့ ဇာတ်ကားထွက်ရှိလာတဲ့အခါကျရင်တော့ ထူးခြားလိမ့်မယ်လို့ ကျွန်တော်ထင်ပါတယ်။ အဓိကကတော့ ဒီဇာတ်ကားလေးကိုပါဝင်ရိုက်ကူးဖြစ်တာကလည်း ကွန်မြူနစ်က ကျွန်တော့်ကို ဆွဲဆောင်တဲ့အတွက်ပါ။ ပထမဦးဆုံး အကြိမ် ရိုက်ကူးမှာ ဖြစ်တဲ့အတွက် ရိုက်ကူးတဲ့အချိန်ကျရင်လည်း အကောင်းဆုံးဖြစ်အောင် ကြိုးစားသွားဖို့ ကျွန်တော် ကိုဝင်းထွန်းထွန်းနဲ့လည်း တိုင်ပင်တယ်။ ပြီးတော့ ကာရိုက်တာကို ဘယ်လိုမုဒ်သွင်း ထားရမလဲ၊ ဘယ်လိုမုဒ်တွေနဲ့ ပြင်ဆင်ထားရမလဲဆိုတာ ဒါရိုက်တာကို ကျွန်တော်မေးပါတယ်။ ကွန်မြူနစ်ရုပ်ရှင်ဇာတ်ကားတွေလည်း ကြည့်ရှုထားပါတယ်”လို့ ပြောပါတယ်။

ဇာတ်ကားရိုက်ကူးမှုတွေ ကျဲလာရတဲ့အကြောင်းကိုလည်း အောင်ရဲလင်းက ”ဒီနှစ်ထဲမှာရိုက်ကူးဖို့ ပျက်သွားတဲ့ ဇာတ်ကားကလည်း ၃၊ ၄ ကားလောက်ရှိတယ်။ အကြောင်းတရားတွေ အမျိုးမျိုးတွေကြောင့် ဖြစ်သွားတာပါ။ ဘယ် သူ့ကိုမှလည်းဘာမှပြောလို့မရဘူး။ အခုဒီဇာတ်ကားမတိုင်ခင်မှာ တရုတ်ပြည်မှာသွားရောက် ရိုက်ကူးရမယ့် ဇာတ် ကားတစ်ကားရိုက်ကူးဖို့ပျက်သွားတယ်။ ပြီးတော့ Boxing ကလည်း အကြောင်းအမျိုးမျိုးကြောင့် ပျက်သွားတယ်။ အခုဒီဇာတ်ကားဆိုရင်လည်းကြိုတင်ပြင်ဆင်မှုတွေ လုပ်ရမယ်လို့လည်းသိရတယ်။ဒီဇာတ်ကားလေးကို ကျွန်တော် အကောင်းဆုံးဖြစ်အောင်ကြိုးစားထားတယ်”လို့ ပြောပါတယ်။

သဲစုလှိုင်၊

ဓာတ်ပုံ-မင်းမင်းထွန်း


LEAVE A REPLY

Please enter your comment!
Please enter your name here