အဖေ၊ ဦးလေး၊ အစ်ကိုတို့နဲ့အတူတူရုပ်ရှင်ရိုက်ချင်တဲ့နေမိုးဝင်း

0
320

သဘင်မျိုးရိုးကနေဆင်းသက်လာပေမယ့် သဘင်ထက်ဇာတ်ကိုပဲ အဓိက ထားလုပ်ဆောင်သွားမယ့်သူကတော့ စံပြသဘင်ရဲ့အငယ်ဆုံးဖြစ်တဲ့ နေမိုး ဝင်းပါပဲ။ နေမိုးဝင်းက စံပြသဘင်ရဲ့စင်မြင့်ပေါ်မှာ အစ်ကို အစ်မတွေနဲ့အတူတူ သီချင်းတွေသီဆိုခဲ့ဖူးပါတယ်။ အခုအချိန်မှာတော့ သူကရုပ်သံဇာတ်လမ်းတွဲ တစ်ခုမှာ ပါဝင်သရုပ်ဆောင်ခဲ့ပြီး အဲဒီဇာတ်ကားမှာ သရုပ်ဆောင်ခဲ့တဲ့ သူ့ရဲ့ အိုက် တင်တွေနဲ့ ပတ်သက်လို့လည်း အားရကျေနပ်မှုရှိကြောင်း သူကပြောပါတယ်။

သူကတော့ ဂျစ်ကန်ကန်နဲ့ မဟုတ်မခံစရိုက်ရှိတဲ့ ဇာတ်ရုပ်မျိုးတွေ လုပ်ရ တာကို ပိုသဘောကျပြီးအဲဒီဇာတ်ရုပ်ကသူနဲ့လည်း လိုက်ဖက်မှုရှိတယ်လို့ ခံစားရတယ်လို့ဆိုပါတယ်။ ဖခင်ဖြစ်သူ ဦးမိုးဝင်း၊ ဦးလေးဖြစ်သူ ဦးမိုးမင်း၊ အစ်ကိုဖြစ်သူဟန်ဇာမိုးဝင်းတို့ကလည်း ရုပ်ရှင်ဇာတ်ကားတွေ ပါဝင်ရိုက်ကူးခဲ့ဖူး တဲ့သူတွေဖြစ်တဲ့အတွက် သူတို့နဲ့အတူတူ ဇာတ်ကားရိုက်ကူးချင်တဲ့စိတ်လည်း သူ့မှာရှိလို့နေပါတယ်။

”အဖေတို့ ဦးလေးတို့ သရုပ်ဆောင်တုန်းက သားကမွေးတောင် မမွေး သေးဘူး။ သူတို့ သရုပ်ဆောင်တာကို မမြင်ခဲ့ရဘူး။ သူတို့ဇာတ်ကားတွေလည်း မကြည့်ရှုခဲ့ရဘူး။ အဲဒီ တော့ သူတို့နဲ့အတူတူသာဇာတ်ကားရိုက်ကူး ရမယ်ဆိုရင် ပညာတွေအများကြီးရမှာလေ။ သူတို့သရုပ်ဆောင်တာကိုလည်း ပြန်ပြီးကြည့်ရှုရ မယ်။ ပျော်ဖို့လည်းကောင်းမှာပဲ။ ကိုကြီးဟန် ဇာနဲ့ကတော့ ရုပ်ရှင်ရိုက်ကူးရင်းလည်း ရိုက် မယ်။ ပြီးတော့ ဇာတ်ဆိုရင်လည်း ပွဲ အကြီးတွေဆိုရင် ကျွန်တော်လည်း သွားပြီးတော့ သီချင်းသွား ဆိုမယ်။ ညီအစ်ကို နှစ် ယောက်အတူတူ ဖျော် ဖြေမယ်။ အဲဒီလိုလေး တွေတော့လုပ်သွားမှာ ပါ”လို့ နေမိုးဝင်းက သူ့ရဲ့ ဖြစ်စေချင်လိုမှုကို ပြော ပြပါတယ်။

ရုပ်ရှင်မင်း သားတစ်ယောက်ဖြစ်ချင် တဲ့သူက သရုပ်ဆောင် ပိုင်းနဲ့ပတ်သက်လို့လည်း သင်ယူလေ့လာမှုတွေ ပြုလုပ် သွားမှာလည်းဖြစ်ပါတယ်။

လင်းအက္ခရာ


LEAVE A REPLY

Please enter your comment!
Please enter your name here