ရုပ်ရှင်မင်းသား ဖြစ်ချင်တဲ့ နေမိုးဝင်း ကိုပံ့ပိုးပေးသွားမယ့် ဦးမိုးဝင်း

0
243

သဘင်မင်းသားကြီး ဦးမိုးဝင်းတို့မိသားစုက အနုပညာမိသားစုလို့ ပြော ရင်လည်း မမှားပါဘူး။ ဦးမိုးဝင်းက သဘင်မင်းသားကြီးတစ်ဦးဖြစ်သလို ရုပ်ရှင်အနေနဲ့လည်း ဇာတ်ကားတွေ ရိုက်ကူးဖြစ်ခဲ့ပါတယ်။ ဒါ့အပြင် ဟန်ဇာ မိုးဝင်းကလည်း သဘင်ရောရုပ်ရှင်ရောလုပ်ဆောင်ခဲ့သူတစ်ဦးဖြစ်ပြီး အခု အချိန်မှာတော့ သဘင်ပိုင်းကိုဇောက်ချလုပ်ကိုင်လျက်ရှိပါတယ်။ တင်ဇာမိုးဝင်း ကတော့ စံပြသဘင်ရဲ့သဘင်မင်းသမီးတစ်ဦးအဖြစ် ကပြခဲ့ပါတယ်။

အဂ္ဂါမိုးဝင်းကတော့ သဘင်မင်းသားတစ်ဦးအဖြစ် အစ်ကိုနဲ့ အစ်မတို့နဲ့ ကပြခဲ့ပေမယ့် အခုအချိန်မှာ သဘင်ကပြမှုကိုရပ်နားပြီး ဂီတပိုင်းကို လုပ် ဆောင်သွားတော့မယ်လို့သိရပါတယ်။ စံပြရဲ့အငယ်ဆုံးဖြစ်တဲ့ နေမိုးဝင်းက တော့ လက်ရှိရုပ်သံတစ်ခုမှာ ပြသလျက်ရှိနေတဲ့ နေရယ်လရယ် အမှန်တရား ရယ် ရုပ်သံဇာတ်လမ်းတွဲမှာ ပါဝင်သရုပ်ဆောင်ထားပါတယ်။ မိသားစုအနေနဲ့ အနုပညာမိသားစုဖြစ်တဲ့အတွက် တစ်မူထူးခြားတဲ့မိသားစုလို့ ဆိုရမှာပါ။ ဦးမိုး ဝင်းကတော့ သားအငယ်ဆုံးဖြစ်တဲ့ နေမိုးဝင်းကို သူလုပ်ချင်တဲ့ရုပ်ရှင် သရုပ် ဆောင်ပိုင်းကို အားပေးထောက်ပံ့ပေးသွားမှာဖြစ်ပါတယ်။

”ဦးမိုးတုန်းကဆိုရင်လည်း ဇာတ်ကရင်းနဲ့ရုပ်ရှင်ရိုက်ခဲ့တယ်။ အမှန်တော့ ရုပ်ရှင်ဘက်ကိုသွားချင်တယ်။ ဒါပေမဲ့ အဖေ့ရဲ့မျိုးရိုးကို မစွန့်လွှတ်နိုင်ဘူး။ ပြီးတော့ ကိုယ့်ကိုမှီခိုအားထားနေတဲ့ ဇာတ်အဖွဲ့သားတွေကို သနားတာနဲ့ပဲ ဇာတ်ဘက်မှာပဲနေဖြစ်လိုက်တယ်။ အခုကတော့ သားကြီးကဇာတ်မှာ လုပ်နေ တယ်။ အဲဒီတော့ နေမိုးဝင်းသားအငယ်ဆုံးကိုတော့ ရုပ်ရှင်ဘက်မှာ ခဏ ထားလိုက်တယ်။ ဒါပေမဲ့ သ ဘင်ပိုင်းမှာလိုအပ်ရင် လိုအပ် သလိုတော့ စံပြသဘင်ရဲ့ သွေးပဲလုပ်ရမှာပါပဲ။ ပရိ သတ်တွေထံကိုလည်း သားကိုအပ်ပါတယ်။ သူ့ အနေနဲ့ ဆက်လက်ပြီး ရုပ်ရှင်ပိုင်းနဲ့ပတ်သက် လို့လုပ်ဆောင်သွားမှာ ပါ။ အားပေးကြပါဦး” လို့ ဦးမိုးဝင်းက သူတို့ မိသားစုရဲ့ အနုပညာ ပိုင်းဆိုင်ရာဝါသနာ ကို ပြောပြခဲ့ပါတယ်။

လင်းအက္ခရာ


LEAVE A REPLY

Please enter your comment!
Please enter your name here