အနုပညာလုပ်ရတာတန်ဖိုးမရှိဘူးထင်လို့ဇာတ်ကားရိုက်ကူးမှုတွေကို ရပ်နားခဲ့တဲ့အကယ်ဒမီ သီဟတင်စိုး

0
348

အကယ်ဒမီသီဟတင်စိုးက အနု ပညာလောကနဲ့ ကင်းကွာခဲ့တာ အခု နှစ် နိုဝင်ဘာလဆိုရင် ၅ နှစ်တိတိ ပြည့်ခဲ့ပြီ ဖြစ်ပါတယ်။ သူ ဘာကြောင့် အနုပညာအလုပ်ကို အဲဒီလောက် နှစ်အကြာကြီးအထိ မလုပ်ဖြစ်ခဲ့တာ လဲဆိုရင် အနုပညာလုပ်ရတာ တန် ဖိုးမရှိဘူးထင်လာလို့ပါဆိုပြီး ပွင့်ပွင့် လင်းလင်း ပြောပါတယ်။

”ဘာလို့ တန်ဖိုးမရှိဘူးလို့ ပြော ရလဲဆိုရင် ကျွန်တော်တို့ လုပ်ရတဲ့ အလုပ်၊ ကျွန်တော်တို့ ပေးဆပ်ရတဲ့ အလုပ်၊ ကျွန်တော်တို့ ပေးဆပ်ရတဲ့ ဦးနှောက်၊ ကျွန်တော်တို့ ပေးဆပ်ရ တဲ့ အနုပညာနှလုံးသားနဲ့က ပြန်ရတဲ့ ဟာက ကျွန်တော်တို့ ပျော်ပျော်ကြီး ကို ရေတိမ်နစ်နေကြတာ။အနုပညာ လောကကနေ ထွက်တဲ့ အချိန်မှာ ဘာမှလည်း မလုပ်တတ်တော့ဘူး။ အဲဒီအနုပညာတစ်ခုကိုပဲ လုပ်တတ် တော့ ဘာဆက်လုပ်ရမှန်းမသိ။ စီး ပွားရေးလောကမှာလည်း နောက် တွေကျ။ ခေါင်းတွေ ကုတ်ပြီးတော့ နေရရော။ အဲဒီတော့ တန်ဖိုးမရှိဘူး လို့ ခံစားလာရပြီးတော့ စီးပွားရေး ဘက်ကို လိုက်တော့မယ်လို့ ဆုံးဖြတ် လိုက်ပြီးတော့ စီးပွားရေးလုပ်ခဲ့တယ်။ ဒါပေမဲ့ အခုအချိန်မှာ မမြင်ရတဲ့တန် ဖိုးတွေရှိလာတယ်ဆိုတာ ကျွန်တော် သိလိုက်ရတယ်။ ကျွန်တော့်ပရိသတ် တွေက ကျွန်တော့်ကို ပေးနေတဲ့ မေတ္တာတွေဟာ တန်ဖိုးမဖြတ်နိုင်တဲ့ အရာပါပဲ။ ကိစ္စတွေအများကြီး ဖြစ်ခဲ့ တဲ့အချိန်မှာ ပရိသတ်တွေဟာ တန် ဖိုးမဖြတ်နိုင်တဲ့ တန်ဖိုးပါ။ အဲဒီတော့ ကျွန်တော် ဆုံးဖြတ်လိုက်တယ်ဗျာ။ ကျွန်တော်အနုပညာကို ပြန်လုပ်မယ်။ ရေတိမ်နစ်ချင်လည်း နစ်ပါစေတော့ ဗျာ။ ပိုက်ဆံမရရင် နေပါစေဗျာ။ ကျွန်တော်အနုပညာကိုပဲ ပြန်လုပ် တော့မယ်။ ကျွန်တော် ရိုက်ကူးပေး နိုင်သမျှ ရုပ်ရှင်ဇာတ်ကားတွေကို ပြန်ရိုက်ကူးတော့မယ်”လို့ အကယ် ဒမီ သီဟတင်စိုးက ပြောပြပေးတယ်။

ဒါပေမဲ့ သူ့မှာ နှလုံးခွဲစိတ်ထား တဲ့ အခံရှိနေပေမယ့်လည်း အနုပညာ နဲ့ပတ်သက်လာရင် ပြန်လည်လုပ်ကိုင် မှာ ဖြစ်တဲ့အတွက် ရည်ရွယ်ချက် ကောင်းတဲ့ ရုပ်ရှင်ဇာတ်ကားတွေ ဆို ရင် ဘယ်လောက်ပဲ မောပန်းပါစေ လုပ်မယ်လို့ ဆုံးဖြတ်ထားတယ်လို့ အကယ်ဒမီ သီဟတင်စိုးက ပြောပြ ပေးတယ်။

”ကျွန်တော်တို့ အနုပညာလော ကထဲမှာက အနုပညာမလုပ်တော့ဘူး၊ ဇာတ်ကားမရိုက်တော့ဘူးဆိုရင် သေ လူလို ဖြစ်သွားတာပါပဲ။ ကျွန်တော် လည်း သေလူဖြစ်နေပြီလို့ ထင်ခဲ့တာ။ ကျွန်တော့်ကို မေ့သွားကြပြီလို့ပဲ ကျွန် တော်ထင်ခဲ့တာ။ ကျွန်တော့်ပရိသတ် အမာခံဆိုရင် အသက်တွေလည်း ကြီးလောက်ပြီလေ။ ဒါပေမဲ့လည်း ကိစ္စတွေ ဖြစ်လာတဲ့အချိန် ကျွန် တော့်ပရိသတ်တွေဟာ ကျွန်တော့်ကို မမေ့ကြသေးဘူး။ မမေ့တဲ့အပြင် ပို တောင် တိုးလာပါသေးတယ်။ အဲဒါ ကြောင့် ကျွန်တော်ကအသိအမှတ် ပြန်ပြုတဲ့အနေနဲ့ ကျွန်တော့်ကို မမေ့ သေးတဲ့ ပရိသတ်တွေအတွက် အနု ပညာပြန်လုပ်မယ်”လို့ အကယ်ဒမီ သီဟတင်စိုးက ယတိပြတ် ပြောပြ ပေးခဲ့ပါတယ်။

ထက်လူ


LEAVE A REPLY

Please enter your comment!
Please enter your name here