လူမှုကွန်ရက်မီဒီယာတွေကို ကျောခိုင်းထားတဲ့ ဂျနီဖာလောရင့်စ်

0
183

လူမှုကွန်ရက်မီဒီယာတွေကို မနှစ်မြို့စရာတစ်ခုလို နှစ်အတန်ကြာသဘောထားခဲ့တဲ့ ဟောလိ ဝုဒ် ထိပ်တန်းမင်းသမီးချော ဂျနီဖာလောရင့်စ်က ပရိသတ်အသည်းစွဲလစဉ်ထုတ်အမျိုးသမီးဖက် ရှင်မဂ္ဂဇင်း InStyle နဲ့ တွေ့ ခိုက် စကားအချို့ပြောခဲ့ပါတယ်။

တကယ်တော့ မင်းသမီးအနေနဲ့က လူမှုမီဒီယာတွေကို ကျောခိုင်းထားတယ်ဆိုတဲ့ ကောလာ ဟလတွေက မမှန်ဘူးလို့ ဆိုပါတယ်။ သူ့ရဲ့စကားအချို့ကိုပြန်ပြီး ကောက်နုတ်ပြရမယ်ဆိုရင်တော့ ”လူမှုမီဒီယာတွေကို ခရီးသွားဟန်လွှဲပဲသုံးတယ်။ အချိန်တိုင်းသုံးနေတာမျိုးမလုပ်ဖူးပါဘူး။ ကျွန်မ စိတ်ဝင်စားတာတွေတွေ့ရင်ကြည့်ရုံပဲကြည့်တယ်။ ဘာမှတော့ ဝင်ရေးတာ၊ ပြောတာမျိုး မလုပ်ဘူး” လို့ သူ့ရဲ့သဘောထားကို ပြောပြပါတယ်။


လွန်ခဲ့တဲ့ ၂ဝ၁၄ ခုနှစ်က ပြောခဲ့ဖူးတဲ့ မင်းသမီးရဲ့စကားအချို့ကိုလည်း ပြန်ပြီးဖော်ထုတ်ထား တာတွေကို တွေ့နေရပါသေးတယ်။ ”ကိုယ့်ဆန္ဒနဲ့ ကိုယ်ပေါ့၊ လေးစားမှုရှိရမယ်၊ ကျွန်မကတော့ လူမှုမီဒီယာတွေကို ဖွင့်ကြည့်လိုက်တော့နဲ့ ကိုယ့်ကိုယ်ကိုယ် အထက်တန်းကျောင်းသူလေးလိုမျိုး ခံစားရတယ်၊ ကြိုက်ပါတယ်၊ ဒီခံစားမှုကို၊ ဒါပေမဲ့လူမှုကွန်ရက်တွေ တစ်ခုမှမသုံးဖြစ်ဘူး” ပြောပါတယ်။


ဂျနီဖာ လောရင့်စ်ဟာ လက်ရှိအချိန်မှာ အသက်၂၈ နှစ်အရွယ်ရှိပြီဖြစ်ပြီး ၂ဝ၁၅ ခုနှစ်ကစလို့ ဟောလိဝုဒ်ရဲ့ အအောင်မြင်ဆုံးမင်းသမီးတစ်ယောက်ဖြစ်လာခဲ့ပြီး ကမ္ဘာပေါ်မှာ သရုပ်ဆောင်ကြေး အမြင့်ဆုံးရတဲ့ မင်းသမီးအဖြစ်နဲ့လည်း ကျော်ကြားနေသူဖြစ်ပါတယ်။

Ref :ENEWS


LEAVE A REPLY

Please enter your comment!
Please enter your name here