၂ဝ၁၉ မှာ အနုပညာ အလုပ်​တွေ ပြန်လည်လုပ်ကိုင်တော့မယ့် မိုးဟေကို

0
127

အနုပညာလောကမှာ ပရိသတ်​တွေ ချစ်​ခင်​အားပေးမှု အပြည့်​အဝရရှိထားသူကတော့ သရုပ်​ဆောင်​မိုးဟေကိုပဲဖြစ်​ပါတယ်​။ မိခင်​ကျန်းမာရေးအခြေအနေကြောင့် အနုပညာလောကနဲ့ ခဏတာ အလှမ်းဝေးနေပြီး လာမယ့် ၂ဝ၁၉ ခုနှစ်မှာ ဇာတ်​ကားတွေပြန်​လည်​ရိုက်​ကူးသွားမယ်​လို့ သိရပါတယ်။ မိုးဟေကို ပါဝင်​သရုပ်​ဆောင်​ထားတဲ့ ”၂၄ နာရီ ၁ ချစ်​” ရုပ်ရှင်​ဇာတ်​ကားကြီးကလည်း မကြာမီအချိန်​အတွင်း ရုံတင် ပြသ တော့မှာဖြစ်​ပြီး​ အဆိုပါဇာတ်​ကားနဲ့ ပတ်​သက်​ပြီး မိုးဟေကိုက …

”ဒီဇာတ်ကားလေးကတော့ ဟာသဖန်​စီ အချစ်​ဇာတ်​လမ်းပေါ့ ပေါ့ပါးပါးလေးပါ။ လွန်​ခဲ့တဲ့သုံးနှစ်​ကျော်​လောက်​က ရိုက်​ထားတာပါ။ ပျော်​ရွှင်​စရာရသ လေးဖြစ်​တဲ့အတွက်​ထွက်​လာရင်​လည်း ကြည့်​ရှုပြီးတော့ ဝေဖန်​အကြံပြုပေးပါဦး” လို့ ပြောခဲ့ပါတယ်​​။

မိခင်​ကျန်းမာရေး အခြေအနေကြောင့်​ ရိုက်​ကူးမှုတွေ အများကြီး လျှော့ လိုက်​တဲ့အတွက် ပရိသတ်​တွေကို တောင်းပန်​ပါတယ်​လို့လည်း မိုးဟေကိုက ပြောပါတယ်​​။ ရုပ်​ရှင်​ဇာတ်​ကား တွေ ဆက်​လက်​ရိုက်​ကူး​ဖို့ အစီအစဉ်​ရှိမရှိကိုလည်း

”ကိုယ်​အချိန်​ပေးရတာ လည်းတန်​တယ်​ ပရိသတ်​ကြည့်​ရှုရတာလည်းတန်​တယ်​။ ကိုယ်​လည်း တကယ်​စိတ်​ဝင်​စားပြီး ရိုက်​ချင်​တဲ့ကား တွေကိုတော့ နောက်​နှစ်​မှာ စရိုက်​ဖို့ စီစဉ်​ထားပါတယ်​။ ရွှေ့ဆိုင်းထား တဲ့ ဇာတ်​ကားတွေ၊ ရိုက်​ကူး ဖို့လက်​ခံထားတဲ့ဇာတ်​ကားတွေကို၂ဝ၁၉ ထဲမှာစီစဉ်​ထားပါတယ်​။ အနီးကပ်​ရင်​အားလုံးကို ကြော်​ငြာပေးပါ့ မယ်” လို့ မိုးဟေကိုက​ ပြောပြ ခဲ့ပါတယ်​။ ရုပ်​ရှင်​ဇာတ်ကား ရိုက်သည်ဖြစ်စေ၊ မရိုက်သည် ဖြစ်စေ ချစ်ခင်အားပေးကြတဲ့ ပရိသတ်တွေကို ကျေးဇူးတင် ကြောင်းနဲ့ မိုးရုပ်ရှင်ထုတ်လုပ်ရေး ရဲ့ ရုံတင်ဇာတ်ကားတွေကိုလည်း ဆက်လက်အားပေးကြပါဦးလို့ မိုးဟေကိုက ပြောပြသွားခဲ့ပါတယ်။ ထုတ်​လုပ်​ရေးအနေနဲ့ ဒီနှစ်​မှာ ရုံတင်​မယ့် ဇာတ်​ကားတွေရှိတဲ့အတွက်​ ပရိ သတ်​ကြီးအားပေးကြပါဦး။ မိုး ဇာတ်​ကား ရိုက်​သည်​ဖြစ်​စေ၊ မရိုက်​သည်​ဖြစ်​စေ မိုးကို ချစ်​ခင်​ပြီး စောင့်​ဆိုင်းပေးတဲ့ အတွက်​လည်း ပရိသတ်​ကြီးကို ကျေးဇူးတင်​ပါတယ်​လို့လည်း ပြောပြခဲ့ပါ သေးတယ်​။

ခိုင်ဝါဝင်း


LEAVE A REPLY

Please enter your comment!
Please enter your name here