Shadow Dance (Stop Child Sexual Abuse) ကို အများပြည်သူ ကြည့်ခွင့်ရအောင် စီစဉ်နေတဲ့ Junior Creative Dance Group

0
147

Myanmar Got Talent 2018 ပြိုင်ပွဲမှာ Shadow Dance အက (ကလေးသူငယ်ကို အဓမ္မပြုခြင်းကို ရပ်တန်ဖို့ ပုံဖော်မှု)နဲ့ Winner ဖြစ်ခဲ့ တဲ့ Junior Creative Dance Group ဟာ ပြီးခဲ့တဲ့စက်တင်ဘာ ၁၅ ရက်နေ့က မြို့တော်ခန်းမရှေ့မှာ ပြုလုပ်ခဲ့တဲ့ World Clean Day 2018 နေ့ အခမ်းအနားကို လာ ရောက်ဖျော်ဖြေခဲ့ကြပါတယ်။ Junior Creative Dance Group ဟာ ဆယ်ကျော်သက်အရွယ် လူငယ် လေးတွေနဲ့ ဖွဲ့စည်းထားကြတာမို့ ကျောင်းပညာရေးကတစ်ဖက် အက ပညာရပ်က တစ်ဖက် ကကွက်ဆန်း တွေ ပုံဖော်ဖို့ အချိန်ပေးရတာနဲ့ တစ် ဖက်နဲ့သူတို့တွေဟာ သူတို့ရဲ့ အတတ် ပညာတွေကို အကောင်းဆုံးပုံဖော်နေ ကြသူတွေ ဖြစ်ပါတယ်။ နောက်ထပ် သူတို့ လုပ်ဖို့ အစီအစဉ်က စက်တင် ဘာလ ၃ဝ ရက်နေ့မှာ အကောင် အထည် ပေါ်လာတော့မှာပါ။

”ပြိုင်ပွဲမှာ Winner ရခဲ့တဲ့ Shadow Dance( Stop Child Sexual Abuse ) ကို Live လုပ်ဖို့ အစီအစဉ်လုပ်နေပါတယ်။ ၃ဝ ရက် နေ့လို့ ခန့်မှန်းထားတယ်။ Public ကို Live ပြမယ်။ အများပြည်သူတွေ အားလုံး ကြည့်ခွင့်ရအောင်အတွက် ပါ။ Stop Child Sexual Abuse အတွက် ပွဲလေးတစ်ပွဲလုပ်တာပါ။ Awareness လုပ်တဲ့သဘောပါ။အခုလောလောဆယ်မှာ Location ရှာနေပါတယ်။ မဟာဗန္ဓုလပန်းခြံ ဖြစ်မလား၊ မြန်မာပလာဇာ အောက် ဒိုးဧရိယာဖြစ်မလားဆိုတာ အတိအ ကျ မသိသေးပါဘူး။ သေချာမယ့် ရက်ကို ကျွန်တော်တို့ Junior Creative Dance Page ကနေ တင်ပေးသွားမှာ ဖြစ်ပါတယ်” လို့ ပြောပြပေးခဲ့ပါတယ်။

Junior Creative Dance Group အဖွဲ့ကို ၂ဝ၁၅ ခုနှစ် ကတည်းက အဖွဲ့ဝင် ၆ ဦးနဲ့ ဖွဲ့စည်း ခဲ့တာဖြစ်ပြီး Myanmar Got Talent Season-2 မှာ ယှဉ်ပြိုင်ခဲ့ ဖူးပေမယ့် Top 5 မှာတင် ကျေနပ် ခဲ့ရပါတယ်။ အဲဒီနောက် အဖွဲ့ဝင် တွေ ထပ်မံဖြည့်တင်းခဲ့ပြီး ၂ဝ၁၈ ခုနှစ်မှာ ပြုလုပ်တဲ့ မှာတော့ Winner ဖြစ်လာခဲ့ပြီးနောက် ပိုမို ကြိုးစားသွားမယ်လို့ ပရိသတ်တွေကို ကတိပေးခဲ့ပါတယ်။ ပရိသတ်တွေ အနေနဲ့လည်း ဆက်လက်အားပေး ကြပါဦးလို့ Junior Creative Dance Group အဖွဲ့သားတွေက ပြောပြခဲ့ကြပါတယ်။

ထက်လူ


LEAVE A REPLY

Please enter your comment!
Please enter your name here