ကျွန်တော်အဖြစ်ချင်ဆုံးဆန္ဒက သမီးလေးကို သူ့အစ်ကိုနှစ်ယောက်နဲ့ တွေ့စေချင်တယ် မိုးမိုး

0
180

အဆိုတော်မိုးမိုးနဲ့ ဇနီးဖြစ်သူ မြတ်ပီတိမိုးတို့ရဲ့ သမီးလေး မိုးအိပ် မက်လွှာက အခုဆို ၆ လပြည့်သွားပါပြီ။ သမီးလေးရဲ့ ချစ်စရာကောင်းတဲ့အချက် ကတော့ တွေ့တဲ့သူတိုင်းကို ရယ်ပြတတ်တာပါပဲ။ ထူးခြားတာကတော့ သမီး လေးက Live လွှင့်တဲ့ အခါမှာ စကားတွေပြောတတ်ပြီး သီချင်းတွေလည်း ဆိုတတ်တဲ့သူလေးပါ။ သီချင်းတွေကိုလည်း တော်တော်ကြိုက်တယ်လို့ ဖခင် ဖြစ်သူမိုးမိုးက ပြောပါတယ်။

”သမီးလေးကိုတော့ အများကြီး မျှော်လင့်မထားပါဘူး။ လောလောဆယ် ကျွန်တော် ပထမဦးဆုံး အဖြစ်ချင်ဆုံး ဆန္ဒရှိပါတယ်။ အဲဒါက သူ့အစ်ကိုနှစ် ယောက်နဲ့ သူ့ကို တအားတွေ့စေချင်တယ်။ စကားပြောတတ်တဲ့ အချိန်ကျရင် သူ့အစ်ကိုကြီးတွေနဲ့ တွေ့စေချင်တယ်။ ကျွန်တော်ကိုယ်တိုင်ကလည်း ကလေး တွေနဲ့ မတွေ့ရသေးဘူးလေ။ တွေ့ခွင့်မရသေးတဲ့အတွက် တွေ့လို့ရအောင် ကြိုးစားနေတယ်။ ကျွန်တော့်ရဲ့ အမျိုးသမီးကလည်း ကျွန်တော်ဖြစ်စေချင်တဲ့ ဆန္ဒတွေကို လိုက်လုပ်ပေးပါတယ်” လို့ ပြောပါတယ်။ ပထမအိမ်ထောင်နဲ့ အဆင်မပြေဖြစ်ခဲ့ပြီး လမ်းခွဲလိုက်တဲ့ မိုးမိုးက အခုအချိန်မှာတော့ သူ့အပေါ် နားလည်မှု အပြည့်အဝပေးတဲ့ သူနဲ့တွေ့ရှိပြီး သာယာ ပျော်ရွှင်တဲ့မိသားစု တစ်ခုကို အကောင်းဆုံးကြိုးစား တည်ဆောက်နေပါတယ်။ သူ့အပေါ် အပြည့် အဝ နားလည်ပေးတဲ့ ဇနီးဖြစ်သူ မြတ်ပီတီမိုးကိုလည်း ကျေးဇူးတင်နေသူပါ။

”ကျွန်တော့်ဘဝမှာ ဒီလိုမျိုး မိန်းကလေးမျိုး ကျွန်တော့်အတွက် ရှိလာ မယ်လို့ ပွင့်ပွင့်လင်းလင်းပြောရရင် ထင်မထားပါဘူး။ အရာရာအမှားတွေနဲ့ ကျော်ဖြတ်နေရတဲ့ လူတစ်ယောက်အတွက် ဒီလိုမျိုး ရှိလာခဲ့တဲ့အတွက် တကယ်အံ့သြစွာနဲ့ ကျေးဇူးတင်ပါတယ်။ ရှေ့တုန်းက ဖြစ်ခဲ့တဲ့ ကိစ္စတွေအတွက် ကိုလည်း ရှေ့က လူတွေကို တောင်းပန်ပါတယ်။ ပရိသတ်တွေကိုလည်း တောင်းပန်ပါတယ်။ ကျွန် တော်နဲ့ ကျွန်တော့်အမျိုး သမီးကတော့ သိပ်ပြီး နားလည်မှု ယူစရာ မလိုဘူး။ သူက ကျွန်တော့်ကို တော်တော်နား လည်တယ်။ အဲဒီတစ်ခုက ကျွန်တော့ အတွက် အင်မ တန် ကံကောင်းတာ တစ်ခုပါ။ အဓိက တော့ နားမလည်သေးတဲ့ ပရိသတ်တွေကိုပဲ တောင်းပန်ချင် တာပါ။ လူတစ်ယောက်က အမှားကြုံခဲ့တဲ့အခါ အကောင်းဆုံးဖြစ်အောင် ပြန်ကြိုး စားနေပါတယ်။ အမှားပြင်ပြီး အမှန်ဖြစ်အောင် လုပ်နေတဲ့ ကျွန်တော့်ကို အားပေးကြပါလို့ ပြောချင်ပါတယ်” လို့ ပြောပါတယ်။ မိုးမိုးက အခုလက် ရှိမှာ Mini Album သီချင်းခွေ တစ်ခွေကို ပြုလုပ်နေပြီး တခြားအနု ပညာလှုပ်ရှားမှုတွေကိုလည်း သေချာပြီဆိုရင် ပရိသတ်တွေကို အသိပေး သွားပါ့မယ်လို့ ဆိုပါတယ်။

ခိုင်ဝေလွင်

ဓာတ်ပုံ – အောင်ဇော်မင်း


LEAVE A REPLY

Please enter your comment!
Please enter your name here