အနုပညာလှုပ်ရှားမှု တွေနည်းပါးလာရခြင်းအကြောင်းစိုးနန္ဒာကျော်ရှင်းပြ

0
384

The Sign of Love ဇာတ်လမ်းတွဲကနေ လူသိများလာတဲ့ သရုပ်ဆောင် စိုးနန္ဒာကျော်ဟာ လတ်တလောမှာတော့ သူ့ရဲ့ သီချင်းခွေကို ပရိသတ်တွေကို ချပြဖို့ပြင်ဆင်နေတယ်လို့ သိရပါတယ်။ သီချင်းခွေ ပြင်ဆင်မှုအပိုင်းနဲ့ ပတ်သက်ပြီး စိုးနန္ဒာ ကျော်က….

”အခု နန္ဒာတို့ သီချင်းခွေလေး ထွက်နိုင် အောင်ပြင်ဆင်နေတယ်။ သီချင်းနဲ့ ပတ်သက်ပြီးတော့လည်း အခု နောက်ပိုင်းကအွန်လိုင်းပေါ်တင်ရင် ကောင်းမလား။ အခွေ ထုတ်ရင် ကောင်း မလားလို့တော့တိုင်ပင်နေပါတယ်”လို့ ပြောပါတယ်။

အခုနောက်ပိုင်းမှာ အနုပညာ လှုပ်ရှားမှု နည်းပါးလာတာနဲ့ပတ် သက်ပြီး မေးကြည့်တဲ့အခါမှာတော့ စိုးနန္ဒာကျော်က…

”နန္ဒာအနုပညာတော့ လုပ်ပါတယ်။ အနုပညာကိုလည်း တအား ချစ်တယ်။ တအားချစ်လို့လည်း တော်တော်ကြိုးစားပြီး တော့ အနုပညာလောကထဲ ဝင်ရောက်လာတာပါ။ အနုပညာ ကို ဘာလို့ချစ်လဲလို့မေးကြတယ်။ အနုပညာဆိုတာက ပုံဖော် လို့မရဘူး။ နန္ဒာကပရိသတ်ကို နန္ဒာ့ရဲ့ အနုပညာလေးတွေနဲ့ ဖျော်ဖြေချင်တာ။ နန္ဒာ့ရဲ့အနုပညာကိုကြည့်ပြီး ဥပမာနန္ဒာမိဘနဲ့ပတ် သက်ပြီးဇာတ်ကားရိုက်ကူးရင်ပရိသတ်တွေကိုလည်း အဲဒါနဲ့ပတ်သက်ပြီး ပညာပေးတစ်ခုခုရစေချင်တယ်။ အဲဒီလိုပေါ့ နန္ဒာဘယ်ကာရိုက်တာပဲ ရိုက်ရိုက်ပရိသတ်တွေအတွက်ပညာပေးလေးတစ်ခုရစေချင်တာပေါ့။ အခုနောက်ပိုင်းနန္ဒာ အနု ပညာနဲ့ပတ်သက်ပြီး လှုပ်ရှားမှုနည်းလာရတာကလည်း နန္ဒာရဲ့ ကိုယ်ရေးကိုယ် တာကိစ္စ တွေ လည်း ရှုပ်နေတယ်။ ကိစ္စအမျိုးမျိုးအကြောင်းအရာ အမျိုးမျိုးတွေကြောင့် ပရိသတ်ရှေ့မရောက် လာနိုင်သေးတာပါ။ နန္ဒာကအနုပညာအလုပ်လုပ်ကိုင်နေတဲ့အတွက် နန္ဒာ့ရဲ့အနုပညာတွေနဲ့ပတ် သက်ပြီးပရိသတ်ကိုပျော်ရွှင်စေချင်တယ်။ စိတ်ချမ်းသာစေချင်တယ်။ အဲဒီအတွက်လည်း နန္ဒာအကောင်းဆုံးကြိုးစား နေပါတယ်”လို့ ပြောပါတယ်။

သဲစုလှိုင် ၊

ဓာတ်ပုံ-မင်းမင်းထွန်း


LEAVE A REPLY

Please enter your comment!
Please enter your name here