စပွန်ဆာယူတဲ့ Gay တစ်ယောက်လို့ပြောခံနေရတာကြောင့် စိတ်မကောင်းဖြစ်နေသူတိုင်ရွန်

0
726

သရုပ်ဆောင် မော်ဒယ်လ် တိုင်ရွန်ကတော့ ဒီနှစ်ထဲမှာ အများကြီး လိမ္မာပြီးတော့ အများကြီးကြိုးစားသွားမယ်လို့ ဆိုပါတယ်။ တိုင်ရွန်က ‘မနေ့ကဖြစ်သည်-၂’ ရုပ်သံဇာတ်လမ်းတွဲထဲမှာလည်း ပါဝင်သရုပ်ဆောင် ထားတယ်။ ရိုက်ကူးမယ့် ရုပ် ရှင်ဇာတ်ကားတွေလည်း ရှိသေးတယ်။ လှုပ်ရှားမှုတွေ တောက်လျှောက်နဲ့ပါ။ အနုပညာအလုပ်တွေ လုပ်ကိုင်နေရင်းနဲ့ တစ်ခါတလေမှာ အနှောင့်အယှက်တွေ၊ စိတ်ညစ်စရာတွေလည်း ကြုံတွေ့ရ တတ်တယ်။ တိုင်ရွန့်ဖေ့စ်ဘွတ်ခ်မှာ ရေးသားထားတဲ့ Status လိုပေါ့။ ‘ကိုယ်တိုင်မသိတဲ့ ခံစားချက်တွေ၊ ကိုယ်တိုင်မဟုတ်တဲ့ ခံစားမှုတွေနဲ့ အလုပ် တွေအတွက် မနက်ဖြန်ကို ကြိုးစားရုန်းကန်ရင်းဘဝကို ရှင်သန် နေမိတယ်’ ဆိုတာမျိုးလိုပေါ့။

”ကိုယ်က ဒီအနုပညာအလုပ်ကို ချစ်လို့လုပ်တာလေ။ ပရိသတ်ကို ဒီအလုပ်လေးနဲ့ ချပြချင်လို့လုပ်တာဆိုတော့ ကိုယ့်မိဘကလည်း အနု ပညာအလုပ်ကို တိုက်တွန်းလှုံ့ဆော်တာမျိုး မရှိပါဘူး။ ကိုယ်ကိုယ်တိုင် ခေါင်းမာမာနဲ့ ရွေးချယ်ခဲ့တဲ့လမ်းတစ်ခုမှာ ကိုယ့်မိဘကလည်း ကိုယ့်ကို ကောင်း ကောင်းမွန်မွန်ထားနိုင်ရက်သားနဲ့ ဒီလိုမျိုး နောက်ကွယ်မှာ စပွန်ဆာ ယူတဲ့ကိစ္စတွေ၊ Gay တစ်ယောက်လို့ပြောနေတဲ့ကိစ္စတွေ၊ သူများဆီကနေ ပိုက်ဆံချူစားနေတယ်ဆိုတဲ့ကိစ္စတွေ သူတို့လည်းပြန်ကြားတယ်ဆိုတော့ ကျွန်တော်က သူတို့ အစား စိတ်မကောင်းဘူးပေါ့ဗျာ။ ဒီအလုပ်နဲ့ပတ်သက်ပြီး သူတို့တီဗီပေါ်မှာမြင်ပြီးတော့ ကိုယ့်သားကို အနုပညာရှင်တစ်ယောက်ဆိုပြီး ဂုဏ်ယူချင်ခဲ့တာလေ။ သူတို့ ဒီလိုမျိုး တွေပဲ ပြန်ကြားနေရတယ်ဆိုတော့ ကျွန်တော် ကိုယ်တိုင်လည်း အနေ အထိုင်မတတ် တာပါပါလိမ့်မယ်။ စိတ်ထဲမှာမကောင်း လို့ပါ” လို့တိုင်ရွန်ကပြောပါတယ်။ တိုက် ခိုက်မှုတွေ ကြုံတွေ့လာတဲ့ အခါဘယ်လို ဖြေရှင်းလဲလို့ဆိုတော့ ”အနုပညာရှင်တစ်ယောက် ဖြစ်လာရင် တိုက်ခိုက်မှုတွေ ကြုံရမှာပဲ။ ရှင်းလေ ရှုပ်လေပဲ ဆိုတဲ့ အခါကျတော့ ဘယ်လိုနေ မလဲဆိုတော့ ကိုယ့် အကြောင်းကို ကိုယ့် နောက် ကွယ်မှာပဲပြော နေပါစေပေါ့။ ကိုယ့် ရှေ့မှာတော့ ကိုယ့်ကို လေး စားနေရမယ် ဆိုတဲ့ပုံစံမျိုးပဲ ရောက်အောင် သွားရမှာပေါ့” လို့ တိုင်ရွန်က ပြောပြခဲ့ ပါတယ်။

မျိုးမောင်

ဓာတ်ပုံ-မင်းမင်းထွန်း


LEAVE A REPLY

Please enter your comment!
Please enter your name here