ဘေထုပ်ဈေးသည်ကြီးတစ်ယောက်အဖြစ်မြင်တွေ့ရဦးမယ့် လူမင်း

0
365

အနုပညာသက်တမ်း ၂၅ နှစ် ကျော်တဲ့အထိ အောင်မြင်မှုကိုထိန်းသိမ်းထားနိုင်တဲ့ ဝါရင့် သရုပ်ဆောင်ကတော့ လူမင်းပဲ ဖြစ်ပါတယ်။ ဇာတ်လမ်းမျိုးစုံ ကာရိုက်တာပေါင်းစုံကို ပီပြင်အောင် သရုပ်ဆောင်နိုင်ပြီး အနုပညာရှင် အချင်း ချင်းကတောင် လေးစားချစ် ခင်ရတဲ့ ဝါရင့်သရုပ်ဆောင်တစ်ဦး ဆိုလည်း မမှားပါဘူး။ ဒါရိုက်တာ ကို ဇော် (အရုဏ်ဦး) ရိုက်ကူးမယ့် ၁၂ ပွဲဈေးသည် ရုပ်ရှင်ဇာတ်ကားကြီးမှာ ဇေရဲထက်၊ ညီထွဋ်ခေါင်၊ ခိုင်သင်း ကြည်၊ ရွှေမှုံရတီတို့ နဲ့အတူတူ ပါဝင်သရုပ်ဆောင်မှာ ဖြစ်ပါတယ်။ ‘၁၂ ပွဲ ဈေးသည်’ ရုပ်ရှင်ဇာတ်ကားကြီးမှာ ဘယ်လိုအခန်း ကဏ္ဍကနေပါဝင်သရုပ်ဆောင်ဖြစ်မလဲလို့ မေးကြည့် တဲ့အခါမှာ လူမင်းက ”၁၂ ပွဲဈေး သည်ဆိုတော့ ဒီအထဲမှာ ကပ်စေး နှဲတဲ့ ပွဲဈေးတွေမှာ ဘေထုပ်တွေလိုက် ရောင်းတဲ့ ဈေးသည်ကြီးတစ်ယောက်။ အိုးအိမ်ရှိပေမယ့် အိမ်မှာနေရ တာ နည်းတယ်။ အိမ်ရာကလည်း ခဏခဏရွှေ့ပြောင်း နေရတယ်။ ပွဲတွေ နောက်ကို အမြဲတမ်းလိုလို လိုက်ပြီး ဈေးရောင်းနေရတဲ့ ဈေးသည်ကြီး တစ်ယောက်နေရာကနေ ပါဝင်သရုပ် ဆောင်သွားမှာပါ”လို့ ပြောပြခဲ့ပါတယ်။

မြန်မာနိုင်ငံမှာလည်း ၁၂ လ ရာသီလုံး ရာသီပွဲတော်တွေက အမြဲမပြတ်ရှိတယ်။ ကိုယ်ကလည်း ၁၂ ပွဲ ဈေးသည်ရုပ်ရှင်ဇာတ်ကားမှာ ပါဝင် သရုပ်ဆောင်မှာဆိုတော့ ရာသီပွဲတော်တွေထဲက ဘယ်ပွဲတော်ကို အကြိုက်ဆုံး ဖြစ်မလဲဆိုတာကို ”အစ်ကိုတို့ ရှမ်းပြည်မှာနေတုန်းကတော့ သီတင်းကျွတ်၊ တန်ဆောင်တိုင်ပွဲတော်ကို အကြိုက်ဆုံးပဲ။ အဲဒီအချိန် သီတင်းကျွတ်ဆိုရင် မီးပုံပျံတွေ လွှတ်ကြတယ်။ တန်ဆောင်တိုင်ဆိုရင်လည်း မီးလုံးလေးတွေ အလှဆင်ပြီး တော့ ကထိန်ပွဲတွေလည်းရှိတယ်။ တအားလည်းစည်တယ်။ တအားလည်းပျော်ဖို့ကောင်းတယ်။ အစ်ကိုတို့က ရှမ်းပြည် တောင်ပိုင်း မှာနေတာဆိုတော့ သီတင်းကျွတ်၊ တန်ဆောင်တိုင်ရာသီရဲ့ ပွဲတော်တွေကို ကြိုက်တယ်”လို့ လူမင်းက ပြောပြခဲ့ပါတယ်။

ပရိသတ်ကိုကော ဘယ်လိုမတူ ညီတဲ့ ပုံစံလေးတွေ ချပြသွားချင်သေး လဲ။ ပရိသတ်ကကော ကိုလူမင်းအ တွက် ဘယ်လောက်ထိ အရေးပါလဲ ဆိုတာကို ”အခုအစ်ကို ရိုက်ကူးမယ့် ‘၁၂ ပွဲဈေးသည်’ထဲက ကာရိုက်တာ ဆိုရင်လည်း ကျေးလက်သဘာဝ ကား။ သဘာဝဆန်တဲ့ ဈေးသည် ကာရိုက်တာပုံစံမျိုး။ ရုပ်ရှင်ထဲမှာ သိပ်မတွေ့ဖူးသေးဘူး။ ဒီလိုဇာတ် ကောင်စရိုက်ကို။ ပရိသတ်အတွက် အထူးအဆန်းလေးဖြစ်မယ်ထင်တယ်။ ကိုယ့်အသက်အရွယ်နဲ့ လိုက် ဖက်မယ့် ပုံစံမျိုးနဲ့ ထပ်ပြီးတော့ ပရိ သတ်ကို တင်ပြလို့ရအောင် အစ်ကို ကြိုးစားသွားဦးမယ်”လူမင်းကပြောပြခဲ့ပါတယ်။

ခိုင်ဝါဝင်း


LEAVE A REPLY

Please enter your comment!
Please enter your name here