ချစ်သူနဲ့ ပြတ်စဲသွားရတဲ့ အကြောင်း သင်ဇာဝင့်ကျော်ပြောပြ

0
431

သရုပ်ဆောင်သင်ဇာဝင့်ကျော် က လတ်တလောမှာ အနုပညာအလုပ်တွေ ဆက်တိုက်လုပ်ဖြစ်နေပြီး ရုပ်ရှင်ဇာတ်ကား ရိုက်ကူးဖို့အတွက် လည်း ပြင်ဆင်မှုတွေ ပြုလုပ်နေတယ်လို့ သိရပါတယ်။Sexy ပို့စ်တွေ တင်၊ Sexy အင်္ကျီတွေဝတ်လို့ ဝေဖန်ခံနေ ရတဲ့အပေါ်ကိုလည်း စိတ်ထဲမထည့် ထားဘူးလို့ သင်ဇာဝင့်ကျော်က…

”သူတို့ဝေဖန်နေတဲ့အပေါ် ဘာမှကို ခံစားချက်မရှိ တော့တာ။ အရေထူသွားပြီလို့ပဲ ပြောရမလား မသိဘူး။ ကောင်းတဲ့ဝေဖန်မှုမျိုးဆို ရင်တော့ လက်ခံပါတယ်။ ဆိုးတဲ့ဝေဖန်မှုကျတော့ ကိုယ်သာ သူတို့ နေရာမှာဆိုရင် ဥပမာ ကိုယ်နဲ့ဘာမှ အကြောင်းမသိတဲ့သူ၊ သူ့အကြောင်း လည်းကိုယ် မသိဘူးဆိုသူ့ကိုကိုယ်လည်း ဝေဖန်မိမှာလည်း မဟုတ်ဘူး။ ဘာဖြစ်လို့လဲဆိုတော့ ကိုယ်ပြောလိုက် လို့ မှားသွားရင် ရှက် စရာကြီးလေ။ ကိုယ်လည်း သူများအကြောင်းမသိဘဲနဲ့ သူများ ပို့စ်အောက်မှာ ဝင်မရေးဘူး။ ဒီလို မိုက်မိုက်ရိုင်းရိုင်း Comment တွေ ရေးတယ်ဆိုက တည်းက ဒါသူဘယ်လိုလူမျိုးလဲ ဆိုတာ သူ့အဆင့်အတန်း သူဖော်ပြနေတာဆိုတော့ အဲဒီလိုလူမျိုးတွေအတွက် သင်ဇာခံစား မနေတော့ ဘူး။ အကျိုးလည်း မရှိဘူးလေ။ အဲဒါ ကြောင့် တချို့Page တွေ အောက်မှာရိုင်းရိုင်းစိုင်းစိုင်း ဝင်ရေးကြတဲ့သူတွေ အဲဒီလိုရေးတဲ့ စာတွေကို သင်ဇာဘယ်တော့မှလည်း ဝင်မဖတ်ဘူး။ ဖတ်လည်းကိုယ့် အတွက် ဘာမှအကျိုး မရှိတာ။ အဲဒါ ကြောင့်မို့လို့ ကိုယ့်အကောင့် ထဲမှာရှိတဲ့ ကိုယ့်ပရိသတ်တွေ ရေးတဲ့ ကောင်းတဲ့စာပေတွေ ဆို Like ပေးတယ်။ Love ပေးတယ်။ အဲဒီလိုမျိုး လေးတွေနဲ့ပဲ သင်ဇာ့ဘဝ ကို ဖြတ်သန်းပါတယ်။ အကျိုးမရှိတဲ့ ဝေဖန်မှု တွေကို စိတ်ထဲမထည့်ထားပါ ဘူး”လို့ ပြောပါတယ်။

ချစ်သူနဲ့ပြတ်စဲ သွားပြီ ဆိုတဲ့ သင်ဇာဝင့် ကျော်ကို ဘာကြောင့် ပြတ်စဲသွား တာလဲဆိုတာ မေး ကြည်တော့…

”အချစ်ရေး ကတော့ သူနဲ့ကိုယ် နဲ့က ညှိလို့မရတဲ့ အဆင်မပြေတော့ တဲ့ အနေအထားလေး ဖြစ် သွားတဲ့အတွက် လမ်းခွဲ လိုက်တာပါ။ သူနဲ့က နှစ်နှစ်ခွဲ ကျော်လောက် ချစ်သူသက် တမ်းကြာသွားတယ်။ နောက် ထပ်ရွေး ချယ်မယ့်သူကလည်း အဓိကကတော့ ကိုယ့်ကိုနားလည်ပေးနိုင်မယ့်သူပဲ ဖြစ်ချင် တယ်။ ကိုယ့်အလုပ်ကိုအပြည့်အဝ နားလည် ပေးနိုင်မှသာ စိတ်ချမ်းသာရမှာလေ”လို့ သင်ဇာ ဝင့်ကျော်ကပြောပါတယ်။

သဲစုလှိုင်

ဓာတ်ပုံ-ဇော်ဝင်းအောင်


LEAVE A REPLY

Please enter your comment!
Please enter your name here